စားဖိုမှူးရဲ့ လက်ထဲက ဓားဟာ အထိတ်တလန့် ပြုတ်ကျ
လက်ညှိုးလား လက်ခလယ်လား လက်သန်းကြွယ်လား
ယောက်ျားလေးလက်လား မိန်းကလေးလက်လား
အိမ်ထောင်ဦးစီးလက်လား အိမ်ရှင်မလက်လား
လက်ချောင်းလေးမှာတော့ လက်စွပ်လေးတစ်ကွင်း
စေ့စပ်လက်စွပ်လား လက်ထပ်လက်စွပ်လား
ဆက်မတွေးရဲစရာ
ငါးရဲ့ အစာအိမ်ထဲမှာ ပါလာတဲ့ ဇာတ်လမ်းကြီး
လင်းလက်တာရာ
15.1.2015
No comments:
Post a Comment