Sunday, January 18, 2015

ယ​နေ့ - ၄၈


'​ရေခဲ​ကျောက်​ခက်​​ပန်းဆွဲ​လေး​တွေ'





ရေခဲ​သေတ္တာကို ဖွင့်​လိုက်​​တော့
တွဲလွဲခို​နေတဲ့ ​ရေခဲ​ကျောက်​ခက်​​ပန်းဆွဲ​လေး​တွေ
လှလိုက်​တာ
ငါ ​ငေးကြည့်​​နေစဉ်​မှာပဲ
ရေခဲ​ကျောက်​ခက်​ပန်းဆွဲ​လေး​တွေ အရည်​​ပျော်​ ပျက်​စီးသွား
လူသား​တွေရဲ့ ရင်​ဘတ်​ထဲမှာ ​ရေခဲ​ကျောက်​ခက်​​ပန်းဆွဲ​လေး​တွေရှိတယ်
ရင်​ဘတ်​ထဲက ​ရေခဲ​ကျောက်​ခက်​ပန်းဆွဲ​လေး​တွေ အရည်​​ပျော်​တဲ့အခါ
မျက်​ဝန်းမှာ ​တွေ့မြင်​နိုင်​ပါတယ်




လင်းလက်​တာရာ 

No comments:

Post a Comment