ယနေ့ - ၄၇
ရန်ကုန်ကို သတိရတယ်
ရန်ကုန်ကို သတိရမိတော့ ရွာက ကျပ်မပြည့်တဲ့ ဘကြီးတစ်ယောက်ကိုပါ သတိရသွားတယ်
' ငါ လူ့ပြည်မှာ မနေချင်တော့ဘူး'
' ဘယ်ကို သွားနေချင်လို့လဲ ဘကြီးရဲ့'
' ရန်ကုန်'
ရန်ကုန်ကို မရောက်ဖူးတဲ့ ဘကြီးဟာ ရန်ကုန်ကို နိဗ္ဗာန်ဘုံ လို့ ထင်နေသလား
ရန်ကုန်ဆိုတာ ငရဲလို့လည်း တချို့က ပြောကြတယ်
လင်းလက်တာရာ
No comments:
Post a Comment