Monday, January 19, 2015

ယ​နေ့ - ၅၀

'ပဒုမ္မာကြာ '




ဝတ်​ဆံက ​​မွှေးပျံ့တယ်​ ပျားပိတုန်း​တွေကို ​ပျော်​ရွှင်​​စေတယ်
အပွင့်​က အဆင်းလှတယ်​ ဘုရားပန်း​ကပ်​လှူလို့ရတယ်
အရွက်​က ​ရေခပ်​​သောက်​လို့ရတယ်​ ထမင်းထုပ်​လို့ရတယ်​ ထီးက​လေး လုပ်​လို့ရတယ်
အ​စေ့နဲ့အမြစ်​က စားလို့ရတယ်​ အာဟာရဖြစ်​​စေတယ်
အရိုးက မသိုးသင်္ကန်းရက်​လုပ်​လို့ရတယ်
ပဒုမ္မာကြာ
သူရှိတဲ့ ​ရေကန်​ဟာ သာယာတယ်
တင့်​တယ်​တယ်​ ကျက်​သ​ရေ ရှိတယ်
လူ့ဘဝကြီးမှာ ငါဟာ ပဒုမ္မာကြာလို ဖြစ်​ချင်​ခဲ့
လူ့ဘဝကြီးမှာ ငါဟာ ပဒုမ္မာကြာလို မဖြစ်​နိုင်​​သေး



လင်းလက်​တာရာ
19.1.2014

No comments:

Post a Comment