Monday, January 12, 2015

ယ​နေ့ - ၄၄

မိုးပျံပူ​ဖောင်း​လေး​တွေ​နောက်​ တွဲခိုလိုက်​ပါသွား​သော မလွတ်​မလပ်​​များ
လတ်​လတ်​ဆတ်​ဆတ်​ ​ဖဲကြိုးဖြတ်​ခံလိုက်​ရေ​သာ လတ်​လတ်​ဆတ်ဆတ်​​များ

လက်​ခုပ်​သံ​တွေဟာ လက်​ခုပ်​ထဲမှာ ရှိမ​နေဘူး
အစလာ​ဖော်​​နေတဲ့ တချိန်​က ရစ်​ဘီး​လေးရဲ့ မျက်​ရည်​စ​တွေ
ကျောင်း​တော်​ကြီးရဲ့ ကျိုး​ကြေ​နေတဲ့ အ​ကြောင်း​တွေ အ​ကြောင်း​ရေဘယ်​​လောက်​မှာ

မှန်​တစ်​ချပ်​လို ပြန်​ဆက်လို့မရသော မိသားစု အပိုင်းအစများ
စိုက်​ဝင်​နစ်​မြှုပ်​ မနှုတ်​ရက်​ခြင်း​များ ၊ အစွမ်းကုန်​စိမ်းလန်း ၁၀၉/၁၁၀ များ 
တက်​ခဲ့ဖူးတဲ့ ဒုက္ခတောင်​တန်း​များ၊ ပြုတ်​ကျဖူး​သော ဝမ်းနည်းပက်​လက်​ချိုင့်​ဝှမ်း​များ
ခို​တွေလိုခိုကပ်​​  မြို့ပြ ရဲ့ ထပ်​ခိုး​လေးထဲက ချို့တဲ့စွာသုံးစွဲခဲ့ရ အိပ်​မက်​များ

မှိုတက်​​နေတဲ့ မျက်​နှာ​တွေကြား ၊ 'မှိုတက်​​နေ​သော ​နေ့စွဲ​ရောက်​ အမှတ်​တရ' တီရှပ်
ငါ့ဖိနပ်​ကအစ ငါ့ဆီမှာ မ​နေချင်​​တော့ဘူး ဆိုတဲ့ လမ်း​တွေ

အတိတ်​ထဲ ပြန်​ဝင်​လိုက်​တိုင်း ​လော့ဂ်​ကျကျသွားတဲ့ ငါ့တံခါး
ယ​နေ့ထဲ ငါနား​နေတဲ့ ကိုင်းဖျားမှာ ဘယ်​သူလာ​ရောက်​တပ်​ဆင်​ထားမှန်းမသိ​​သော
လေရိုင်းဇုန်



လင်းလက်​တာရာ

No comments:

Post a Comment