Monday, January 5, 2015

ယ​နေ့ - ၁၆

ငါ့​လေဖိအားနည်းရပ်​ဝန်း​တွေမှာ
သူမဟာ မုန်​တိုင်းလို ​နေထိုင်​တယ်

ငါ့ဆိပ်​ကမ်းမြို့ ​လေးရဲ့ ဥယျာဉ်​​တော်​မှာမှ
သူမရဲ့ နာမည်​​ကျော်​ ငလျင်​​တွေ ​ဆော့ကစားတယ်

ငါဟာ ညှို့အားပြင်းတဲ့ ​သွေးညှီနံ့ဖြစ်​ပြီး
သူမဟာ ငါးမန်း​တွေကို ​ရွေးပြီး ​မွေးမြူတယ်

ငါ့ဓာတ်​ကြီး​လေးပါးရဲ့ ပင်​နယံ​တွေကို
တစ်​စစီ ဖြုတ်​လိုက်​တပ်​လိုက်​လုပ်​နိုင်​သူ သူမ

ငါ့စိတ်​သံထည်​​ကို ​ပျော့​ပျောင်း​စေသူ
ငါ့မိုး​လေဝသကို ​ပြောင်းလဲ​စေသူ

သူမဟာ ငါ့ပက်​စ်​ဝက်
ငါ့ခန္ဓာအိမ်​ရဲ့ တစ်​ခုတည်း​သော ပြတင်း​ပေါက်

သူမရဲ့ ​ဆေးစက်​ကျရာ ကင်းဗက်​စ​ပေါ်မှာ
ငါဟာ ပင်​လယ်​ပြာဖြစ်​လိုက်
ပင်​လယ်​နီဖြစ်​လိုက်
ပင်​လယ်​​သေဖြစ်​လိုက်

သူမဟာ ငါ့ပင်​လယ်​ရဲ့ ရှားပါး ​ရေသူမ​လေး ဖြစ်​​နေပြန်​တယ်



လင်းလက်​တာရာ
17.12.2014

No comments:

Post a Comment