Saturday, March 12, 2016

ဒီနှစ်​ရဲ့နာမည်​ ' အ​နေကျပ်​တယ်​ ​နေကြတ်​တယ်​ '

ဒီနှစ်​ရဲ့နာမည်​ ' အ​နေကျပ်​တယ်​ ​နေကြတ်​တယ်​ '
...............................................................



ဝါးလုံး​ခေါင်းထဲက​နေ လရဲ့ပျိုမျစ်​မှုကို ဓာတ်​ပုံရိုက်​ပြီး
လူမှုကွန်​ယက်​​ပေါ် တင်​လိုက်​တယ်​ လူမှုကွန်​ယက်​တစ်​ခုလုံး
လရဲ့ပျိုမျစ်​မှုအရည်​​တွေ တစက်​စက်​စီးကျသွား
တချို့​တွေ လရဲ့ပျိုမျစ်​မှုအရည်​​တွေနဲ့ ​တွေ့ထိမိပြီး ကိုယ်​ဝန်​ရသွား
ကဗျာဟာ ယုတ္တိ​ဗေဒကင်းလွတ်​ခွင့်​ဗီဇာနဲ့ ​လေယာဉ်​​ပေါ်တက်​သွားတယ်
ကဗျာဓာတ်​လိုက်​ခံလိုက်​ရပြီး​နောက်​ ဦး​နှောက်​ဟာ
ပုံမှန်​အ​နေအထား ပြန်​​ရောက်​သွားတယ်​ဆိုတဲ့ ​ဆေးစစ်​ချက်
မ​နေ့က​ အပိုင်းပိုင်းပြတ်​ထွက်​သွားတဲ့ သက်​တံ့​လေးကို
ဒီ​နေ့ အ​ဝေး​ပြေးလမ်းမရဲ့ပခုံး​ပေါ်မှာ ​အ​ကောင်းတိုင်းပြန်​​တွေ့တယ်
ပင်​လယ်​ရဲ့အနားသတ်​မျဉ်းဟာ ငါ့အိပ်​မက်​ရဲ့ဝန်​ရိုးဖြစ်​တယ်
အင်း​လေးဟာ ကမ္ဘာကိုတစ်​ပတ်​ပတ်​ပြီး ပုဂံကိုပြန်​​ရောက်​လာတယ်
ပုဂံဟာ သမိုင်းရဲ့ဥခွံထဲက​နေ ​နေလုံးနီနီကို ဘိလိယက်​လှမ်းထိုးတယ်
မဲဇာ​တောင်​​ခြေကို Google မှာ ကလစ်​ကြည့်​​တော့ လက်​ဝဲသုန္ဒရ​တွေ အလျှိုလျှို​ပေါ်လာတယ်
' လူကို​ခွေးသတ်​​လေခြင်း' ဟာ ရိုးတွင်းချဉ်​ဆီထဲက ဘာသာစကားဖြစ်​တယ်
ဘာသာစကားရဲ့မီး​တောင်​ထဲက ပွင့်​ထွက်​လာတဲ့​ချော်​ရည်​ပူ​တွေဟာ ကဗျာဖြစ်​တယ်
သဘာဝ​ဘေးရဲ့ပွဲ​တော်​အုပ်​ထဲမှာ 'ငါ' များစွာ​သောဟင်းလျာ​တွေ ပလုံစီ​နေတယ်
ဖြစ်​ပျက်​မီးရှူးမီးပန်း​တွေ ​သေခြင်းတရားရဲ့​ပြောင်​​မြောက်​တဲ့ ဖီလိုဆိုဖီ​တွေ
' သိပ်​ကိုနာကျင်​ဖို့​ကောင်းတာပဲ' ဟာ လူ့အဖွဲ့အစည်းရဲ့
စိတ်​​အ​ရေပြား​ပေါ်က ပို့စ်​​မော်​ဒန်​တက်​တူးဖြစ်​တယ်
သူ့ 'အလင်း' ​ကို အလံဖြူတင်​လိုက်​တာ ငါ​တွေ့သလို
ငါ့ ​'အလင်း' ကို အလံဖြူတင်​လိုက်​တာလည်း သူတွေ့မှာပါ
စိတ်​စီး​ကြောင်းအတိုင်း​ အိမ်​ရှိရာ ​မျော​နေတဲ့ တိမ်​​တွေ
သိမှုလွန်​နယ်​​မြေထဲမှာ စာသား​တွေ​ ရွေ့​နေတယ်
နေ့စဉ်​ရှင်​သန်​ခြင်းဟာ ဘဝရဲ့စုပ်​ဝဲမှုတ်​ဝဲ​တွေထဲ ချာချာလည်​​နေတယ်
သူမရဲ့ လက်​ယက်​တွင်းထဲက စိမ့်​ထွက်​လာတဲ့ ​ရေ​နောက်​​လေးဟာ ကျွန်​​တော်​ဖြစ်​တယ်
ဥာဏ်​ပညာနဲ့ စစ်​ထုတ်​လိုက်​တဲ့ သန့်​စင်​မှုများ
ချစ်​ခြင်းတရားနဲ့ စစ်​ထုတ်​လိုက်​တဲ့ စစ်​ပွဲများ
မီး​ဘေးထဲ မ​လောင်​မကျွမ်းဘဲအ​ကောင်းတိုင်းကျန်​ရှိ​နေတဲ့ ​မွေးခွန်း​များ
သွေးအမျိုးအစားမ​ရွေး လာလာတွယ်​စုပ်​​နေတဲ့​ မျှော့နက်​မည်းကြီးဟာ မျက်​ရည်​ဖြစ်​တယ်
ဆင်​ဖြူဟာ စစ်​ကိုစီးလာခဲ့ပြီး စစ်​ဟာ ခပ်​ညံ့ညံ့ဘုရင်​​တွေကို စီးခဲ့တယ်
မီးထဲ​နေထိုင်​ခြင်း၌ ​မွေ့​လျော်​​နေ​သော ငါသူတပါး​ယောက်ျားမိန်းမများ
အတ္တ​တွေကသာ ဘဝရဲ့​ရေ​သောက်​မြစ်​ကို ခန်း​ခြောက်​စေခဲ့တာ
ဖားကန့်​ဟာ နိုင်​ငံ​တော်​ရဲ့ ပါးချိုင့်​တွင်းနက်​နက်​ဖြစ်​ခဲ့ပြီ
ဝဋ်​​တွေဟာ ရိုလာကိုစတာလို လည်​​နေတယ်
ကောင်းလား စီးလို့


လင်းလက်​တာရာ
13.3.2016