လမ်းပေါ်က စက္ကူအမှိုက်စလေးက ပြည်သူတွေကို ဒုက္ခကြီးကြီး မပေးပါဘူး
လမ်းပေါ်က ပလက်စတစ်အမှိုက်စလေးက ပြည်သူကို ရက်ရက်စက်စက် မနှိပ်စက်ပါပါဘူး
လမ်းပေါ်က ရွက်ကြွေအမှိုက်စလေးက ပြည်သူကို သွေးချောင်းစီးအောင် မလုပ်ပါဘူး
အာဏာရှင်အမှိုက်ကသာ ပြည်သူကို ဒုက္ခအကြီးကြီးပေးနေတာ
အာဏာရှင်အမှိုက်ကသာ ပြည်သူကို ရက်ရက်စက်စက် နှိပ်စက်နေတာ
အာဏာရှင်အမှိုက်ကသာ ပြည်သူကို သွေးချောင်းစီးစေတာ
အာဏာရှင်အမှိုက်တွေကသာ နိုင်ငံတော်ရဲ့ ပြဿဒ်ကို မီးလောင်စေတာ
အာဏာရှင်အမှိုက်တွေကသာ နိုင်ငံတော်ရဲ့ ဂုဏ်ကျက်သရေကို ပြာကျစေတာ
အာဏာရှင်အမှိုက်ပုံကြီးကသာ နိုင်ငံတော်ရဲ့ အလှနဲ့ ရသကို ပျက်ဆီးဆုံးရှုံးစေတာ
နှစ်ပေါင်းများစွာ ပုပ်ပွနံဆော်နေခဲ့တဲ့ အာဏာရှင်အမှိုက်ပုံကြီး
နှစ်ပေါင်းများစွာ ယင်တလောင်းလောင်း လောက်တဖွားဖွား ကြွက်တဖွဲဖွဲ ဖြစ်နေခဲ့တဲ့ အာဏာရှင်အမှိုက်ပုံကြီး
နှစ်ပေါင်းများစွာ အမြတ်ထုတ် ဂုဏ်သွေးစုပ်ခဲ့တဲ့ အာဏာရှင်အမှိုက်ပုံကြီး
နှစ်ပေါင်းများစွာ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဇာတ်တူသား အားရပါးရ စားခဲ့တဲ့ အာဏာရှင်အမှိုက်ပုံကြီး
မျိုးမတုံးသေးတဲ့ အာဏာရှင်အမှိုက်ပုံကြီးကို ဘယ်လိုမျိုးဖြုတ်ကြမလဲ
မျိုးမတုံးသေးတဲ့ အာဏာရှင်အမှိုက်ပုံကြီးကို ဘယ်လိုစွန့်ပစ်ကြမလဲ
လမ်းပေါ်က စက္ကူအမှိုက်စလေး ကောက်လိုက်ရုံနဲ့ နိုင်ငံတော်က လှလာမှာမဟုတ်ဘူး
လမ်းပေါ်က ပလက်စတစ်အမှိုက်စလေး ကောက်လိုက်ရုံနဲ့ နိုင်ငံတော်က လှလာမှာမဟုတ်ဘူး
လမ်းပေါ်က ရွက်ကြွေအမှိုက်စလေးကောက်လိုက်ရုံနဲ့ နိုင်ငံတော်က လှလာမှာမဟုတ်ဘူး
အာဏာရှင်အမှိုက်တွေကို သုတ်သင်ရှင်းလင်းလိုက်မှ နိုင်ငံတော်က အလှကြီး လှလာမှာ
အာဏာရှင်အမှိုက်ပုံကြီးကို အမြစ်ပြတ်ချေမှုန်းလိုက်မှ နိုင်ငံတော်က အလှကြီးလှလာမှာ
ပြည်သူတွေအတွက်ကတော့ အာဏာရှင်အမှိုက်ပုံကြီးဟာ ကပ်ဆိုးပဲ
အာဏာရှင်အမှိုက်ပုံကြီးဟာ သွေးစုပ်ဖုတ်ကောင်ပဲ
အာဏာရှင်အမှိုက်ပုံကြီးဟာ အန္တရာယ်ဇုန်ပဲ
အာဏာရှင်အမှိုက်ပုံကြီးဟာ ကမ္ဘာစစ်ပဲ
အာဏာရှင်အမှိုက်ပုံကြီးဟာ နောက်ဆုံးပေါ်ကူးစက်ရောဂါပဲ
အာဏာရှင်အမှိုက်ပုံကြီးဟာ ငရဲပဲ
အာဏာရှင်အမှိုက်တွေကို ဘယ်လူသားစစ်စစ်တွေကမှ မကြိုက်ဘူး
အာဏာရှင်အမှိုက်တွေကို ငါတို့အတူတကွတိုက်ဖျက်ကြမယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်မှာ ငါတို့ ပျော်ရွှင်စွာ ရယ်မောကြမယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်မှာ ငါတို့မျိုးဆက်တွေ ဒီမိုကရေစီ ပညာရေးစနစ်ကိုသင်ကြားကြမယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်မှာ လူ့အခွင့်အရေးရဲ့ အသီးအပွင့်ကို ငါတို့ အတူတကွ စားသုံးကြမယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်မှာ လူသားအချင်းချင်း မေတ္တာတရားတွေ စီးဆင်းကြမယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်ရဲ့ ကောင်းကင်ဟာ ပိုပြီးသာယာပါတယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်ရဲ့ တောတောင်တွေဟာ ပိုပြီးစိမ်းလန်းပါတယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်ရဲ့ ရေထုဟာ ပိုပြီးကြည်လင်ပါတယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်ရဲ့ မြေထုဟာ ပိုပြီးစင်ကြယ်ပါတယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်ရဲ့ လေထုဟာ ပိုပြီးသန့်စင်ပါတယ်
အာဏာရှင်အမှိုက်ကင်းစင်တဲ့ နိုင်ငံတော်ကို တည်ဆောက်ကြပါစို့
လင်းလက်တာရာ
29.3.2015