Tuesday, February 17, 2015

ဂလိုဘယ်လ်အယ်ဇေးရှင်း




ခွေးဇာတ်ခင်းနေမှတော့ အူမလို့ ပေါ့
အူ- အူလည်လည်နိုင်ငံရေးကြီးပေါ် စောင့်ကြောင့်ထိုင်ပြီးအူ
အူ- အူလှိုက်​သည်းလှိုက်​ လူ့ ​အခွင့်အရေးပေါ် ကွင်းလုံးချွတ်ပြီးအူ
အူ- အူယားဖားယားဘဝတွေပေါ် မိမွေးတိုင်းဖမွေးတိုင်းအူ
အူ- စိတ်ရှိရင်ရှိသလို စိတ်ပါရင်ပါသလို တစ်ကိုယ်​ရေအာသာဖြေပြီးအူ
အူ- မီးခိုးကြွက်လျှောက်အူ မိုးမဆုံးမြေမဆုံးအူ
အူ- ဒုတိယကမ္ဘာစစ်လိုအူ ဈေးအိမ်သာတွင်းကြီးလိုအူ
အူ- ဟစ်တလာရဲ့ အတွင်းခံဘောင်းဘီအောက်က ငယ်ပါလိုအူ
အူ- သုံးပြီးသား ကွန်ဒုံးတွေလိုအူ မစင်ပုံထဲက လောက်တွေလိုအူ
အူ- နျူးကလီးယား စီမံကိန်းရဲ့စအိုဝက ကင်​ဆာ လို အူ
အူ- ပြည့်တန်ဆာရဲ့ ရာသီသွေးလို အူ 69 နေတဲ့ ပွန်း​ဆိုက်ဒ်တွေလို အူ
အူ- ပုပ်ပွနေတဲ့ ယင်တလောင်းလောင်း အလောင်းတစ်လောင်းလို အူ
အူ- အေ့စ် ကူးစက်ခံ သုတ်ပိုးတွေလိုအူ အစွန်း​ရောက်​အယူဝါဒအရိအရွဲ​တွေလို အူ
အူ- အာဏာရှင်​စနစ်​ရဲ့ ပြည်​တည်​နာ လမိုက်​ညကြီးလိုအူ
အူ- အူဘယ်နှခွေစာ အူမှာလဲ အတောင့်လိုက်အူ အလုံးလိုက်​အူ
အူ- မိုက်​ခရိုဖုန်းနဲ့အူ ကီးဘုတ်​နဲ့အူ
အူ- သောက်ကျိုးနည်းအူ မီးနီပြလည်းအူ error ပြလည်းအူ
အူ- လူအုပ်​ကြီးထဲအူ စင်​​ပေါ်တက်​အူ
အူ- အူကျတဲ့အထိအူ ပြာကျတဲ့အထိအူ
အူ- အူလို့ လူဝါးဝပြီးရင် လူကြီးလူကောင်းအထာနဲ့
လည်ပင်းက ကြောင်လျှာသီးကြီးကို ခပ်တည်တည် ပြင်စည်းလိုက်



လင်းလက်တာရာ
13.4.2013

Sunday, February 15, 2015

မှန်လုံအိမ်လေးထဲမှာ ရွှေငါးကလေး ကူးနေတယ်



မှန်လုံအိမ်လေးထဲမှာ ရွှေငါးကလေး ကူးနေတယ်
ရွေှ့ငါးကလေးမှာ ရွှေငါးကလေးရဲ့ ဝေးဝေးက ပင်လယ်ရှိတယ်
ပင်လယ်ရနံ့ ကို ပင်လယ်ကြီး တစ်ချပ်စာ စိတ်ကူး
စိတ်ကူးနဲ့ ပင်လယ်ကြီးတစ်ချပ်စာ ရှူရှိုက်
လူဟာ ကြောက်စရာအကောင်းဆုံး သတ္တဝါလို့ ရွှေငါးကလေး ကူးနေတယ်
တစ်မြေနဲ့ တစ်မြေ လေယာဉ်ကြီးတွေ ကူးသလို
တစ်မြေနဲ့ တစ်မြေ ရေနံပိုက်လိုင်းကြီးတွေကူးတယ်
တစ်မြေနဲ့ တစ်မြေ ယဉ်ကျေးမှုတွေ ကူးသလို
တစ်မြေနဲ့ တစ်မြေ လူမှောင်ခိုတွေ ကူးတယ်
စပ်ကူးမပ်ကူးဆိုတာ ငရဲကြီး ရှစ်ထပ်နဲ့ လူ့ ဘုံလား
ရုတ်တရက်၊ ရုတ်တရက်တွေ ပေါက်ကွဲ
ရုတ်တရက်၊ ရုတ်တရက်တွေ ပြိုကျ
ရုတ်တရက်၊ ရုတ်တရက်တွေ သေကြေပျက်စီး
ရုတ်တရက်၊ ရုတ်တရက်တွေ မသေမရှင်
ရွှေငါးလေး မကူးရဲ ရွှေငါးလေး မရဲတရဲ ကူးတယ်
အနုပညာမရှိတဲ့ အလုံပိတ်အခန်းကျဉ်းလေးထဲမှာ အရသာမဲ့မဲ့ ကူးခတ်ခြင်း
ယာဉ်ကြောပိတ်ဆို့ အီကွေတာ လမ်းမကြီး
လူကြောပိတ်ဆို့ အတ္တအမြှောင်းမြှောင်း ကွန်ကရစ်ဟိုင်းဝေး
တစ်ယောက်ရဲ့ ရောဂါပိုးတွေ တစ်ယောက်ဆီ ကူးသွားတယ်
တစ်ယောက်ရဲ့ ရမ္မက်တွေ တစ်ယောက်ဆီ ကူးသွားတယ်
တစ်ယောက်ရဲ့ အယူဝါဒမှိုင်းတွေ တစ်ယောက်ဆီ ကူးသွားတယ်
သေနေတဲ့ ရေထဲ သေနေတဲ့ ရှုခင်းရှုကွက်တွေ
ရွှေငါးကလေး ကူးတယ် ရွှေငါးကလေး စိတ်ကူးတယ်
ရွှေငါးကလေး စိတ်ဒဏ်ရာတွေနဲ့ ကူးတယ်
အေ့စ်ကူးစက်ခံ ပန်းကလေးတွေအကြောင်း
ဆေးလိပ်တွေလို တစ်လိပ်ပြီးတစ်လိပ် ပြာကျသွားတဲ့ လိပ်ပြာတွေ အကြောင်း
ကူးတယ် ဖယောင်းတိုင်လေး တစ်တိုင်ကနေ တစ်မြို့လုံး လင်းထိန်သွားတဲ့အထိ
ကူးတယ် နံရံဆေးသား ပန်းချီကားတွေကနေ ဆိုရှယ်လ်နက်ဝက်ဘ် တွေအထိ
သမိုင်းတစ်ခုကနေ သမိုင်းတစ်ခု အကူးမှာ
ခေတ်တစ်ခုကနေ ခေတ်တစ်ခု အကူးမှာ
အသက်တွေ ပွက်တယ် သွေးတွေ ပွင့်တယ်
ခဲယမ်းလက်နက်တွေက နိုင်ငံတိုင်းမှာ သီးတာလား
နိုင်ငံဆိုတာကရော နှစ်ရှည်ခံပင်ကြီးလား
တွင်းထွက်ပစ္စည်းတွေ လူ့ အရင်းအမြစ်တွေကရော သစ်ငိုတိုတွေလား
မေးခွန်းတွေထဲ ထပ်ဆင့်မေးခွန်းတွေ ကူးလူးယှက်နွယ်
ကျောင်းသား၊ စစ်သား၊ ကလေးစစ်သား
ကျောသားရင်သားမခွဲခြားတဲ့ တက္ကသိုလ်ကို ရွှေငါးကလေး တက်ချင်တယ်
လူသားချင်းတန်းတူညီမှုကို ရွှေငါးကလေး သင်ယူချင်တယ်
မီးကို စတင်တွေ့ ရှိပြီးကတည်းက မီးကို ငြှိမ်းသတ်မရတော့
မီးထဲမှာ ကူးကြတယ် မီးတွေ ကူးသွားကြတယ်
အပေါ်မီးအောက်မီးနဲ့ ဘယ်တော့အကင်ခံရမလဲ
မနက်ဖြန်ဆိုတာ မသေချာခြင်းစကြာဝဠာထဲ မျောနေတဲ့ ငါးမျှားချိတ်ဂလက်စီအစုအဝေး
လူတွေကို လူတွေက ပြန်မျှားသလို လူတွေကို ပိုက်ဆံတွေက ပြန်မျှား
ရွှေငါးကလေးလည်း အမျှားခံသက်ရှိ
ကာဘွန်ဒိုင်ဥခွံထဲက ပုံတူမျိုးပွားတွေ
ယန္တယားဆန်တဲ့ သွေးသားလည်ပတ်မှုတွေ
အရက်ချက်စက်ရုံလို မည်းနက်နက် နေ့ တွေညတွေ
ဆေးသားတောက်တောက်ရှင်သန်ခြင်းများ ပုံနှိပ်နံ့ တွေနဲ့ တတောက်တောက်ကျလာ
အနည်အနှစ်အညစ်အကြေးထဲ ကြည်လွင်တဲ့ ရယ်သံလေးတစ်ပွက်လောက်တော့ ရွှေငါးကလေးပွက်ချင်ပါရဲ့
ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးလို ဖြစ်တည်မှု
မျက်ရည်ဆို တာ အလွှာမရွေးဘူး လျှောကျတယ်
ရွှေငါးကလေးလည်း ကိုယ့်မျက်ရည်ထဲမှာ ကိုယ်ပြန်ကူးခတ်
ကိုယ့်ကိုယ်ကို ဘယ်တော့ ပြန်ဆယ်ယူလို့ရမလဲ
သံသရာလောက်ထက်ရှတဲ့ ဓါး မရှိတော့ဘူးဆိုတာ သံသရာပဲရှိတယ်
သံသယဟာ ကိုယ်ထဲ ဝင်ကူးခတ်
' USတံဆိပ်တရုတ်ထုတ်ပြည်တွင်းဖြစ် ' ကူးစက်ပိုးမွှားတွေ
ပြဿနာရဲ့ အရင်းအမြစ်မှ သီးပွင့်လာတဲ့ ဒုက္ခအဆောက်အဦ
ကောင်းကင်ရဲ့ မြေသားထဲမှာ ငြိမ်းချမ်းရေး ရေထုကြီး ရှိပါသလား
အရေးအသားတစ်ခုကနေ အရေးအသားတစ်ခု အကူးမှာ ရှော့ခ်ရသွားတဲ့ စာသားတွေ
နယ်ခြားစည်းတစ်ခုကနေ နယ်ခြားစည်းတစ်ခုအကူးမှာ ရှော့ခ်ရိုက်ခံရတဲ့ လူသားတွေ
ပြတင်းတံခါးတွေ တွန်းဖွင့်ပြီး ရောင်စုံသက်တံ့လေးကို ခြေဖျားထောက်ခူးရတဲ့
အရသာတစ်ခွက်လောက်တော့ ရွှေငါးလေးလည်း သောက်ခွင့်ရချင်ပါရဲ့
လူသားတွေ ရုံးဆင်းချိန်လို ရွှေငါးလေးလည်း အိမ်စစ်စစ်ဆီ ပြန်ခွင့်ရချင်ပါရဲ့
မေမေရော နေကောင်းရဲ့လား ညီအစ်ကိုမောင်နှမတွေရော အဆင်ပြေရဲ့လား
ဆူးဖွဲ့ ပိုက်ကွန်ကြီးရော အရင်လို လာသောင်းကျန်းသေးလား
သမုဒ္ဒရာကြီးကို အန်ထုတ်လို့ ရရင်တော့ လွတ်မြောက်မှာပဲ
သမုဒ္ဒရာကြီးကရော ဘယ်တော့ အော့အန်မှာလဲ
တကယ်တော့ လူတွေဟာလည်း အဆိပ်ငွေ့ တွေ ရှူနေရတာပါပဲ
လူတွေဟာလည်း အဆိပ်ငွေ့ အသိုက်အမြုံ ကြီးပါပဲ
လူတွေဟာလည်း အဆိပ်ငွေ့ ဖန်လုံအိမ်ကြီးထဲ ပိတ်မိနေတာပါပဲ
မှန်လုံအိမ်ထဲမှာ ရွှေငါးကလေး ကူးနေတယ်



လင်းလက်တာရာ
26.8.2013


နှင်းဆီဖြူမဂ္ဂဇင်း ၊ ၂၀၁၄
ကဗျာမဂ္ဂဇင်း ၊ ၂၀၁၄

Wednesday, February 11, 2015

ဝတ္ထု / ဝဠ်​ထု (၅)




အခန်း(၁)
မိုး​​ပေါ်ကို ​ရေသန့်​ဗူး​ကောက်​တဲ့ ​ကောင်​လေးတစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
ေ​မြပြင်ေ​ပါ် ပြန်​ကျလာတယ်

အခန်း(၂)
မိုး​ပေါ်ကို ​​ကောက်​စိုက်​သမ​လေး တစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
မြေပြင်​​ ​ပေါ် ပြန်​ကျလာတယ်

အခန်း(၃)
မိုး​ပေါ်ကို က​လေးစစ်​သား​လေး တစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
မြေပြင်​​ပေါ် ပြန်​ကျလာတယ်

အခန်း(၄)
မိုး​ပေါ်ကို ​ပျံကျဈေးသည်​မ​လေးတစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
မြေပြင်​​ပေါ် ပြန်​ကျလာတယ်

အခန်း(၅)
မိုး​ပေါ်ကို ​နေ့စားအလုပ်​သမား​လေးတစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
မြေပြင်​​ပေါ် ပြန်​ကျလာတယ်

အခန်း(၆)
မိုး​ပေါ်ကို သမ္မတကြီးတစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
ပြန်​ကျမလာဘူး ၊ ​မြေပြင်​​ပေါ် ပြန်​ကျမလာဘူး

နောက်​ဆက်​တွဲ (၁)
လ​ပေါ်ကို ကျသွား​တာ များလား
နိုင်ငံပိုင်​​ငွေ​ကြေး​​တွေ သုံးပြီး လ​ပေါ်ကို တက်​ပြီးရှာ ၊ မ​တွေ့ 
စကြ၀ဠာ ဂိုးပိုက်​ကြီးထဲ ဝင်​သွားတာများလား
နိုင်​ငံပိုင်​ ဘဏ္ဍာ​တွေနဲ့  စကြ၀ဠာကြီးထဲ ဖြဲရဲရှာ ၊ မ​တွေ့ 
တစ်​လ ၊ နှစ်​လ ၊ သုံးလ ၊ ​လေးလ ၊ ငါးလ ၊
လများစွာကြာသွားတယ်​ ၊ မ​တွေ့ 

နောက်​ဆက်​တွဲ (၂)
မုန်​တိုင်းကြီး ကျလာမှပဲ
သစ်​ပင်​​ပေါ်မှာ တင်​​နေတဲ့ ​ဘောလုံးဟာ ပြုတ်​ကျလာ​တော့တယ်



လင်းလက်​တာရာ
10.10.2014

ပြည်​​ထောင်​စု​နေ့ အ​ရေးအသား




ပြည်
တည်နေတဲ့ အနာကြီးရဲ့ မြေပုံညွှန်းအတိုင်း။ ။ ဆဲလ်အသစ်တွေ ရောက်လာ။
ဆဲလ်အသေတွေ ဘယ်နားထားရမှန်းမသိ။
ငါတို့ လူ့ အဖြစ်ကနေ
၅ ဂိုး ဂိုးမရှိလောက် ရှုံးနေတယ်
ဒီအကြောင်းတရားကြီးကို ဘယ်လို မ ရွှေ့ မလဲ။
မျက်ရည် ယမ်းများပေါက်ကွဲစေနိုင်သူကြီးငဲ့။
ခြ စားခံနေရတဲ့ သစ်သားကိုမှ ပန်းပု ထုချင်နေမိတဲ့ စိတ်ဟာ...
ကောင်းကင်တစ်ချပ်စာ ကွက်လပ်
ကောင်းကင်တစ်ချပ်စာ ကွက်လပ်



[ ထောင်
 ထဲကိုလည်း နေရောင်က ဖြာကျတာပါပဲ။ နံရံမှာ
ဟိုလူကြီးပုံဆွဲပြီး သေးနဲ့ ပန်းနေတာကလည်း အနုပညာ။
ဗုံးတွေ တစ်လုံးပြီးတစ်လုံး
အထောင်ခံနေရတဲ့ နှလုံးသားတွေ
ယနေ့ ရရှိနိုင်သော လူ့ အခွင့်အရေးများ ကုန်ပြီ
ယနေ့ ရရှိနိုင်သော လူ့ အခွင့်အရေးများ ကုန်ပြီ ]



စု
 ထားတဲ့ အမာရွတ်တွေက သံမဏိတွေဖြစ်လာ။ ။ ပြီးနောက်
စုထားတဲ့ အမာရွတ်တွေက သံမဏိတွေ ထပ်ဖြစ်လာ။
'သံမဏိနှင်းဆီ' * ဟာ တစ်ပွင့်တည်း
'သံမဏိနှင်းဆီ' ဟာ တစ်ပွင့်တည်း



(* ဆရာခရမ်းပြာထက်လူရဲ့စာသား)



လင်းလက်တာရာ
12.2.2014

ကျွန်​​တော်တို့​တွေဟာ သူခိုးဂျပိုး​တွေပါ သမ္မတကြီး




ငါတို့​တွေက ငါး​တွေဆိုရင်​ သူတို့​တွေက ပိုက်​ကွန်​​တွေ
ငါတို့​တွေက ကြွက်​​တွေဆိုရင်​ သူတို့​တွေက ကြွက်​​ထောင်​​ချောက်​​တွေ
ငါတို့​တွေက သစ်​ပင်​​တွေဆိုရင်​ သူတို့​တွေက ​တောမီး​တွေ
အော်​ပရာစီ​တွေက ငါတို့ကို ကိုက်​ဖြတ်​စား​သောက်​​နေပြီ
ငါတို့ကို ​ခွေးတစ်​​ကောင်​လို ​ချောင်​ပိတ်​ရိုက်​​နေပြီ
ငါတို့ရဲ့ ဝပ်​ကျင်း​တွေကို သံ​ခြေကျင်းခတ်​​နေပြီ
သူတို့​သောက်​ဖို့ ​ရေကို ငါတို့ခပ်​​ပေးခဲ့တာ​တွေ
သူတို့စားဖို့သစ်​သီးကို ငါတို့ခူး​ပေးခဲ့တာ​တွေ
ခု​တော့ ​သောက်​​ရေထဲက အမှိုက်​ကို ​ရေစစ်​နဲ့ စစ်​ထုတ်​သလိုမျိုး
ငါတို့ကို သူတို့ စစ်​ထုတ်​​နေပြီ
သစ်​သီးထဲက သစ်​​စေ့ကို ဓားနဲ့ ​ကော်​ထုတ်​သလိုမျိုး
ငါတို့ကို သူတို့ ဓားနဲ့ ​ကော်​ထုတ်​​နေပြီ
ရထားဂိတ်​​​​တွေမှာ ၊ ကားဂိတ်​​တွေမှာ
မြို့ထဲမှာ ၊ မြို့ပြင်​မှာ
အလုပ်​သမား တန်းလျား​တွေမှာ
နေရာ​ပေါင်းစုံမှာ ပိုက်​စိပ်​တိုက်
အစုလိုက်​အပြုံလိုက်​ ကွိ ကုန်​ပြီ
ကြက်​ခြင်းထဲက ကြက်​​တွေကို တစ်​အုပ်​ပြီးတစ်​အုပ်​ မိကုန်​ပြီ
ကူရာမဲ့ မျက်​ဝန်း​တွေ
မီးကျွမ်းသွားတဲ့ ရှု​မျှော်​ခင်း​တွေ
ထပ်​ပိုင်းကျိုးကျသွားတဲ့ ​မျှော်​လင့်​ချက်​​တွေ
မျက်​ရည်​စက်​လက်​ မိသားစု အပိုင်းအစ​တွေ
ပိုးစာ​ပေါက်​​တွေနဲ့ အနာဂတ်​ရွက်​​ခြောက်​​တွေ
ည​တွေဟာ စစ်​​မြေပြင်​နဲ့ တူပြီး
နေ့​တွေဟာ အကြမ်းဖက်​မှု​တွေနဲ့ တူတယ်
ငါတို့ကို ဝိုင်းထားတဲ့ စည်း​တွေဟာ တဖြည်းဖြည်းကျဉ်းလာပြီ
ငါတို့ကို ဝိုင်းထားတဲ့ မီး​တွေဟာ တဖြည်းဖြည်းနီးလာပြီ
ထောင်​ဒဏ်​လား ၊ ကျိန်​ဒဏ်​လား
ထောင်​ဒဏ်​​ရော ကျိန်​ဒဏ်​​ရောလား
စိတ်​ပိုင်းဆိုင်​ရာမှာ ရမယ့်​ ဒဏ်​ရာနဲ့ 
ရုပ်​ပိုင်းဆိုင်​ရာမှာ ရမယ့်​ ဒဏ်​ရာ
လုပ်​လက်​စအလုပ်​​တွေကို ပစ်​ချလိုက်​တယ်
ကိုယ့်​ပစ္စုပ္ပန်​ကိုယ်​ ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​လိုက်​ကြတယ်
'​ရောက်​တဲ့​အရပ်​က​နေ အိမ်​​ရောက်​​အောင်​ပြန်​မယ်​'
မထူးဇာတ်​​တွေကို စက်​နိုးလိုက်​ကြတယ်
လိုင်းကား မစီးရဲဘူး ၊ သူတို့​တွေက ကားဂိတ်​မှာ
တက္ကဆီ မစီးရဲဘူး ၊ သူတို့​တွေက တက္ကဆီ ​တွေကို တားကုန်​ပြီ
နောက်​ဆုံး ကိုယ်​ပိုင်​ကားတစ်​စီးကိုပဲ
ဈေးကြီး​ပေးပြီး ငှါးလိုက်​ကြတယ်
ဘဝရဲ့ စွန့်စားခန်း​တွေကို
ရီဟာဆယ်​ မပါဘဲ ၊ လူစားထိုးတင်​ဆက်​မှု မရှိဘဲ
Live ထုတ်​လွှင့်​လိုက်​ကြတယ်
ဂျိုဟိုးက​နေ ကွာလာလမ်​ပူမြို့​တော်​ကြီးဆီ ​ရောက်​ဖို့
ငါတို့ အနာဂတ်​​တွေကို ဖက်​နဲ့ ထုပ်​ထားရတယ်
ငါတို့ ရှု့ ​မျှော်​ခင်း​တွေကို ဖက်​နဲ့ ထုပ်​ထားရတယ်
ငါတို့ အိပ်​မက်​​တွေကို ဖက်​နဲ့ ထုပ်​ထားရတယ်
ငါတို့ ဘဝ​တွေကို ဖက်​နဲ့ ထုပ်​ထားရတယ်
တစ်​​ယောက်​လက်​ကို တစ်​​ယောက်​ ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ထားရတယ်
ကံ​ကောင်း​ထောက်​မစွာ ငါတို့ကို ထုပ်​ထားတဲ့ ဖက်​ဟာ ​ပေါက်​ကျမသွား​သေး
ကွာလာလမ်​ပူမြို့​တော်​ကြီးက သားရဲတွင်းကြီးလို ငါတို့ကို ဆီးကြိုတယ်
အောက်​လမ်းပို့​ဆောင်​​ရေး​အေးဂျင့်​လက်​ထဲ
ရင်းဂစ်​အထပ်​လိုက်​နဲ့အတူ ငါတို့ဘဝ​တွေကို ဝကွက် ​အပ်​လိုက်​ကြတယ်
ညနက်​နက်​ကြီးထဲ ထိန်​ထိန်​ငြီး​နေတဲ့ မာကျူရီမီး​တွေ
ကွာလာလမ်​ပူ - ပီနန်း အ​ဝေး​ပြေးလမ်းမကြီး
အေးစက်​​ချမ်းစိမ့်​​နေတဲ့ အဲကွန်း​အောက်​မှာ ပူခြစ်​​တောက်​​လောင်​​နေတဲ့ စိတ်​​တွေ
အ​ဝေး​ပြေး ၂ ထပ်​ကားကြီး​ပေါ်မှာ ငါတို့ဘဝတူ​တွေများစွာ
သတင်း​ပေါက်​ကြားတာနဲ့ ဖက်​နဲ့ထုပ်​ထားတဲ့ ငါတို့ဘဝ​တွေဟာ​ပေါက်​ကျ​တော့မှာ
ကံ​ကောင်း​ထောက်​မစွာ ပီနန်း​မြေ​ပေါ်ထိ ငါတို့ဘဝ​တွေ ​ပေါက်​မကျ​သေး
သားရဲတွင်းကြီးနဲ့တူတဲ့ မ​လေးကျွန်းဆွယ်​ကြီး ထဲက လွတ်​​မြောက်​ဖို့
ငါတို့​တွေ ကား​နောက်​ဖုံး​လေးထဲမှာ
ငါတို့ဟာ သူခိုးဂျပိုး​တွေပဲ
ငါတို့ ပုန်းလျှိုးကွယ်​လျှိုး နဲ့ နယ်​စပ်​ဖြတ်​​ကျော်​​နေတာ
ငါတို့ သမ္မတကြီး မသိဘူး
မ​လေးရှား ဝန်​ကြီးချုပ်​လည်း မသိဘူး
ထိုင်း ဝန်​ကြီးချုပ်​လည်း မသိဘူး
အသက်​ရှုရတာ မဝ​တော့ဘူး
အောက်​ဆီဂျင်​​ပေးပါ
ငါ့​အောက်​မှာ ငါ့ဘဝတူ တစ်​​ယောက်
ငါ့အထက်​မှာ ငါ့ဘဝတူ တစ်​​ယောက်
ငါ့ညာဘက်​​ဘေးမှာ ငါ့ဘဝတူ တစ်​​ယောက်
ငါ့ဘယ်​ဘက်​​ဘေးမှာ ငါ့ဘဝတူတစ်​​ယောက်
စုစု​ပေါင်း ဘဝတူ ၅ ​ယောက်
အသက်​ရှုရတာ မဝ​တော့ဘူး
အောက်​ဆီဂျင်​​ပေးပါ
ငါ​တွေးတယ်​ ​နောက်​ ၁၀ မိနစ်​ဆို ငါ​သေပြီ
ငါ့လိုပဲ ငါ့ဘဝတူ​တွေလည်း ​တွေးမှာပဲ
ငါ​တွေးတယ်​ ​နောက်​ ၅ မိနစ်​ဆို ငါ​သေပြီ
ငါ့လိုပဲ ငါ့ဘဝတူ​တွေလည်း ​တွေးမှာပဲ
ငါတို့ မ​သေမရှင်​ ဖြစ်​​နေတာ ငါတို့ သမ္မတကြီး မသိဘူး
ငါတို့ မ​သေမရှင်​ ဖြစ်​​နေတာ မ​လေးရှား ဝန်​ကြီးချုပ်​လည်း မသိဘူး
ငါတို့ မ​သေမရှင်​ ဖြစ်​​နေတာ ထိုင်း ဝန်​ကြီးချုပ်​လည်း မသိဘူး
နိုင်​ငံ​ရေးအကျဉ်းသားလို တိုက်​ပိတ်​ခံထားရတဲ့ ငါတို့ကို
ကား​နောက်​ဖုံး မြန်​မြန်​ဖွင့်​​ပေးကြပါ
နောက်​ မိနစ်​အနည်းငယ်​ဆို ဖက်​နဲ့ ထုပ်​ထားတဲ့ ငါတို့ဘဝ​တွေ​ပေါက်​ကျ​တော့မှာ
ကံ​ကောင်း​ထောက်​မစွာ ငါတို့ဘဝ​တွေ ​ပေါက်​မကျ​သေး
ကား​နောက်​ဖုံးဖွင့်​ဖွင့်​ချင်း ထိုင်း​နိုင်​ငံထုတ်​ ​လေ ဟာ
ငါတို့ အသက်​ကို ဆက်​​စေတယ်
ငါတို့ကပဲ အသက်​ပြင်းတာလား
ငါတို့ သက်​ပြင်း​တွေ ကိုယ်​စီချလိုက်​ကြတယ်
စစ်​ကြီးပြီး​တော့ စစ်​ကြီးထဲ ပြန်​ဝင်​ရတဲ့ စစ်​သား​တွေလို
သံတိုင်​​တွေ ကာထားတဲ့ ကားပြာကြီးဟာ
သံဆူးကြိုးအထပ်​ထပ်​နဲ့ အင်​မီက​ရေးရှင်းထဲ ငါတို့ကို ​မောင်းသွင်းသွား
ဘဝတူ​တွေ ၊ ဘဝတူ​တွေ ၊ ဘဝတူ​တွေ
ငါတို့ ​ရှေ့မှာ ဘဝတူ​တွေ ၂၀၀ နီးပါး အထွက်
ငါတို့ ဘဝတူ​​တွေ ၂၀၀ နီးပါး အဝင်
လူငယ်​ ၊ လူလတ်​ ၊ လူကြီး ၊ အမျိုးသမီး
ကိုယ်​ဝန်​​ဆောင်​၊ က​လေး နဲ့ နို့ဆို့ အရွယ်​​တွေ အပါအဝင်
ဘဝတူ​​တွေ ပွဲ​တော်​ကြီးတစ်​ခုလို စည်​ကား
ငါတို့နာမည်​ ၊ ငါတို့ လက်​​ဗွေ နဲ့ ငါတို့ မျက်​နှာ​တွေကို
သူတို့ မှတ်​တမ်းတင်​လိုက်​ကြပြီး
သေး​ရေလွှမ်း​နေတဲ့ အချုပ်​ခန်းထဲကို ထည့်​လိုက်​ကြတယ်
ပျို့ သူပျို့ ၊ အန်​သာအန်​၊ မှိုင်​သူမှိုင်​ ၊ ငိုသူငို ၊ ညည်းသူညည်း
အိပ်​မရ ၊ လှဲမရ ၊ ညလုံး​ပေါက်​ ငုတ်​တုတ်​ထိုင်
မျက်​နှာချင်းဆိုင်​အခန်း​တွေမှာလည်း
အိမ်​ပြန်​မ​ရောက်​ဖြစ်​ကြတဲ့ ဆယ်​လ်​မွန်​ငါး​တွေလို လူမျိုး​ပေါင်းစုံ ဘာသာ​ပေါင်းစုံ
'တစ်​သက်​နဲ့တစ်​ကိုယ်​ ဒီ​လောက်​ဆိုးရွားတဲ့ ထမင်းမ​တွေ့ ဖူးဘူး' ဆိုတဲ့အသံ​တွေ
ဗိုက်​ဆာ​နေတာ​တောင်​ ဘယ်​လိုမှ စားမရ
သောက်​ရမယ့်​ ​ရေကလည်း အိမ်​သာထဲက​ရေ
အ​မေ​ရေ ၊ အိမ်​ထမင်းစစ်​စစ်​ စားချင်​တယ်
အ​ဖေ​ရေ ၊ အိပ်​ရာစစ်​စစ်​ မှာ အိပ်​ချင်​တယ်
ငါတို့ကို ငါတို့နိုင်​ငံဆီ  ပြန်​ပို့​ပေးပါ့မလား ဆိုတဲ့ အငုံ့အနွမ်းစိတ်​နဲ့ 
ဖက်​နဲ့ ထုပ်​ထားတဲ့ ငါတို့ဘဝ​တွေကို ရင်​ဝယ်​ ပိုက်​ထားရ
ငါတို့ကို ပိတ်​ထားတဲ့ ​သော့ဂ​လောက်​ကြီး ပွင့်​သွားတယ်
'​ဟေး' ဆိုတဲ့ သံပြိုင်​အ​ပျော်​​တွေဟာ
ငါတို့နိုင်​ငံဆီ လမ်း​ညွှန်​ပြ​ပေး​နေတဲ့ ဓူဝံကြယ်
အင်​မီဂ​ရေးရှင်း အဝမှာ
ငါတို့ ဘဝတူ ၂၀၀ နီးပါးအထွက်​ ​နောက်​ထပ်​ ဘဝတူ ၂၀၀ နီးပါး အဝင်
မဲ​ဆောက်​ - မြဝတီ ၊ ကားငါးစီး ၊ နာရီ ၃၀ ၊
မြင့်​မားမတ်​​ဆောက်​တဲ့ မဲ​ဆောက်​ ​တောင်​တန်းကြီး​တွေ​ပေါ်မှာ
ဖက်​နဲ့ ထုပ်​ထားတဲ့ ငါတို့ ဘဝ​တွေဟာ
ထိုင်းလူမျိုး ဒရိုင်​ဘာရဲ့ လက်​ထဲမှာ
သတိတစ်​ချက်​လစ်တာနဲ့ ငါတို့ဘဝ​တွေအားလုံး
ချောက်နက်​ကြီးထဲ ပြုတ်​ကျသွားမှာ
စလစ်​တစ်​ချက်​ဖြစ်​တာနဲ့ ငါတို့ ဘဝ​တွေအားလုံး
ချောက်​နက်​ကြီးထဲ ​မှောက်​ကျသွားမှာ
ကံ​ကောင်း​ထောက်​မစွာ ငါတို့ဘဝ​တွေ ​ပေါက်​ကျမသွား​သေး
ငါတို့​တွေဟာ တကယ့်​ သူခိုးဂျပိုး​တွေပါ
ကိုယ့်​​မြေကိုယ့်ရေ ကို တိတ်​တိတ်​​လေး ခိုးဝင်​လာတာ
ငါတို့ သမ္မတကြီး မသိဘူး
ကိုယ့်​​မြေကိုယ့်​​ရေ ကို တိတ်​တိတ်​​လေး နယ်​စပ်​ဖြတ်​​ကျော်​ဝင်​လာတာ
ငါတို့ သမ္မတကြီး မသိဘူး
မြဝတီနယ်​စပ်​မြို့​လေးဟာ ငါတို့ကို မပိုက်​​ထွေးခဲ့ပါဘူး
ငါတို့ကပဲ မြဝတီနယ်​စပ်​မြို့​လေးကို ပိုက်​​ထွေးခဲ့တာပါ
မြဝတီနယ်​စပ်​မြို့​လေးဟာ ငါတို့ကိုဖက်​မနမ်းခဲ့ပါဘူး
ငါတို့ကပဲ မြဝတီနယ်​စပ်​မြို့​လေးကို ဖက်​နမ်းခဲ့တာပါ
ငါတို့ဘဝ​တွေကို ဖက်​နဲ့ ထုပ်​ထားစရာမလို​တော့ဘူး
အဲဒီဖက်​​တွေကို ငါတို့ ဖြဲလိုက်​ကြပြီ
ရှေ့ မှာ အိ​နြေ္ဒရရ အန္တရာယ်​အခန့်သားနဲ့
မြင့်​မားမတ်​​ဆောက်​ပြီး ​ကြောက်​စရာ​ကောင်းတဲ့ ​ဒေါန​တောင်​တန်း
သင့်​ကို ဖက်​နမ်းဖို့ ငါတို့လာပြီ
ဘာဖက်​နဲ့မှ ထုပ်​မထား​တော့တဲ့ ငါ့တို့ ဘဝ​တွေကို
သင့်​အား ချစ်​မြတ်​နိုးစွာ​ပေးပါရဲ့
သင့်​လက်​​ပေါ်မှာ ​သေမယ်​ဆိုရင်​​တောင်​ ငါတို့​သေလို့ရပြီ
ငါတို့​ ​သေ​ပျော်​ပြီ




လင်းလက်​တာရာ
15.9.2014


ကျွန်​​တော့်​ကို တစ်​စုံတစ်​​ယောက်​ စွန့်ပစ်​သွားတာက အစ




ဘယ်​သူများ​ကောက်​မလဲလို့ ပလက်​​ဖောင်း​ပေါ်မှာ
လူ အနင်းခံပြီး​စောင့်​​နေတာပါ၊ အကြာကြီး။
လေက ကျွန်​​တော့်​ကို ကားလမ်းမ​ပေါ် တွန်းချလိုက်​တယ်​။
လွင့်​သွား။ ကျွန်​​တော့်​ကိုယ်​​ပေါ် ကား​တွေ တစ်​စီးပြီးတစ်​စီး
တက်​ကြိတ်​သွား။ စွန့်ပစ်​ခံလိုက်​ရတာ​လောက်​​တော့
မနာဘူး။ ​လောကထဲ ​ပေါ့​ပေါ့ပါးပါးရယ်​တတ်​ဖို့
လေနဲ့ အတူ ကျွန်​​တော်​ ​ပေါ့​ပေါ့ပါးပါး ​ရွေ့ လျား။
ဘယ်​သူများ ကျွန်​​တော့်​ကို သတိထားပြီး ​ကောက်​မလဲ။
ခွေးတစ်​​ကောင်​ ကျွန်​​တော့်​ဆီ ​ပြေးလာ။ တို့ထိ။
အနံ့ခံ။ ချာခနဲ လှည့်​ထွက်​သွား။ ​နောက်​ထပ်​ ​ခွေးတစ်​​ကောင်
အ​ရောင်​မွဲမွဲ​မျှော်​လင့်​ချက်​​တွေနဲ့ ​ရောက်​လာ။ တို့ထိ။
အနံ့ခံ။ စိတ်​ပျက်​လက်​ပျက်​ လှည့်​ထွက်​သွား။
ခြေသံ​တွေကို ကျွန်​​တော်​ ကြား​နေရတယ်​။
ကျွန်​​တော့်​ကို ​ကောက်​ပါလို့ ကျွန်​​တော်​ ​အော်​တယ်​။
ခြေသံ​တွေက ကျွန်​​တော့်​​ ​အော်​သံကို မကြား။
စည်​ပင်​ကားကြီး ကျွန်​​တော့်​ အနားက​နေ ဖြတ်​​မောင်းသွားတယ်​။
ကျွန်​​တော့်​ ​အော်​သံကို မကြား။ မြို့​တော်​ကြီးရဲ့ လမ်းမထက်​မှာ
ကျွန်​​တော်​ ​လေနဲ့ အတူ လွင့်​​နေတယ်​။ တစ်​လွင့်​ပြီးတစ်​လွင့်​။
လွင့်​​ကောင်း​ကောင်းနဲ့ လွင့်​​နေလိုက်​တာ ၊ ​ရေ​မြောင်းပုပ်​ကြီးထဲ
ပြုတ်​ကျဖို့ သီသီက​လေး။ သည်းထိတ်​ရင်​ဖို သီသီက​လေး။
သီသီက​လေး လွတ်​​မြောက်​လာ။ လွတ်​​မြောက်​ခြင်းရဲ့
အရသာကို အရသာ​တွေ့ လာ။ ​လေနဲ့ လွင့်​​နေရတာကို
ခိုက်​လာ။ မြို့​တော်​ကြီးထဲ လွင့်​​နေရတာကို ​ပျော်​လာ။
ဘယ်​သူမှ ကျွန်​​တော့်​ကို မ​ကောက်​​တော့ဘူးလား လို့ ဝမ်းနည်းလာ။
တစ်​​ယောက်​​ယောက်​များ ကျွန်​​တော့်​ကို ​ကောက်​ဦးမလားလို့ 
ပြတ်​လုပြတ်​ခင်​ ​​မျှော်​လင့်​ကြိုးက​လေးကို ထပ်​ဆက်​​နေ။
ရုတ်​တရက်​ ၊ ​လေကြမ်းကြမ်းကြီး ​စောင့်​ဝင်​လာ။
မြို့​တော်​ကြီးပါ တုန်​ခါသွား။ ကျွန်​​တော်​လည်း ​ဇောက်​ထိုးမိုး​မျှော်
ဒလိမ့်​​ခေါက်​​ကွေး လွင့်​စင်​သွား။ တစ်​လွင့်​ ပြီး တစ်​လွင့်​။
စွန့်ပစ်​ခံလိုက်​ရတာ​လောက်​​တော့ မနာဘူး။ တစ်လွင့်ပြီးတစ်လွင့်။
သတိဝင်​လာ​​တော့ သစ်​ပင်​ကြီးတစ်​ပင်​​ပေါ်မှာ ကျွန်​​တော်​ငြိ​နေတယ်​။
အဲဒီကတည်းက သစ်​ရွက်​​တွေ မရှိ​တော့တဲ့ သစ်​ကိုင်းမှာ
သစ်​ရွက်​​ယောင်​​ဆောင်​ပြီး ​နေလာခဲ့တာ သစ်​ရွက်​​တွေ ပြန်​လည်
စိမ်းလန်းလာတဲ့ ခုချိန်​အထိ။


လင်းလက်​တာရာ
14.9.2014

ငါ့ကို လာပြီး ဗဟိုပြု တိုက်​ခတ်​​နေတဲ့ ငါဗဟိုပြု




ငါ့မှာ ရာသီဥတု ဖျက်​စီးထားတဲ့ စိုက်​ခင်းပျက်​ကြီး ရှိတယ်
ငါ့စိုက်​ခင်းပျက်​ကြီးထဲမှာ ငါဟာ တစ်​ကိုယ်​​တော်​ ပိုးကျ​နေတယ်
ဖောက်​လွှဲ​ဖောက်​ပြန်​ရာသီဥတုကြီးထဲ ငါ့​လေပြည်​​တွေဟာ
မုန်​တိုင်းဖြစ်​ဖြစ်​သွားတယ်​။ ငါ့မုန်​တိုင်း​တွေ ​လေပြည်​ပြန်​ဖြစ်​ဖို့
ငါ့မှာ အသက်​ခဏခဏငင်​ရတယ်​။ ငါ ငင်​ထားတဲ့ ​ရေ​တွေကို
သူတို့ သဲ​တွေထဲ သွန်​လိုက်​ကြတယ်​။ ငါဟာ သဲနဲ့ အပက်​ခံရတဲ့
အဆီတဝင်းဝင်းလည်း ဖြစ်​​နေပြန်​တယ်​။ အချိန်​အခါမဟုတ်​မိုးကြီးဟာ
ငါ့ကို လာသည်းတာ ​တော်​​တော်​နှစ်​ခြိုက်​ပုံရတယ်​။ ငါဟာ
ငါ့စိုက်​ခင်းကလွဲပြီး သူတပါးစိုက်​ခင်းကို ပိုးမကျတတ်​သူ ပိုးမွှားက​လေး
ငါဟာ မ​အောင်​မြင်​တဲ့ အဖျင်း။ ငါဟာ မဖြစ်​ထွန်းတဲ့ အသီးအနှံ
ငါဟာ ငါ့ကတွတ်​​ပေါက်​မှာ တသွင်​သွင်​စီး​နေတဲ့​ရေ။ အဲဒီ​ရေထဲမှာ
ငါဟာ ငါး​ယောင်​​ဆောင်​လိုက်​တယ်​။ ငါ့ကို ​ချောင်း​မြောင်း
စောင့်​ဆိုင်း​နေတဲ့ ဗျိုင်း​တွေ။ ငါ့ကို သုတ်​ချီလိုက်​တဲ့အချိန်​ ငါဟာ
ငါး​ယောင်​က​နေ ဓား​ယောင်​ ​ဆောင်​ပစ်​လိုက်​တယ်​။ ငါ့စိုက်​ခင်းထဲမှာ
ငါပန်း​တွေ စိုက်​လိုက်​တယ်​။ အကုန်​​သေတယ်​။ ငါ ထပ်​စိုက်​တယ်​။
အကုန်​​သေပြန်​တယ်​။ ငါ ပန်းမစိုက်​​တော့ဘူး။ ငါ ပန်းမစိုက်​​တော့ဘူး ဆိုမှ
ပန်းပင်​​လေးတစ်​ပင်​ အ​လေ့ကျလာ​ပေါက်​​နေတယ်​။ အဲဒီပန်း​လေးကို
ချစ်​ခြင်း​မေတ္တာ လို့ ငါနာမည်​​ပေးလိုက်​တယ်​။ တစ်​ပွင့်​တည်းပွင့်​တဲ့
ပန်း​လေးကို ​ခွေးတစ်​​ကောင်​က ​သေးနဲ့ လာပန်းတယ်​။ အဲဒီ​ခွေးကို
ငါ ​ခွေး​ယောင်​​ဆောင်​ပြီး ကိုက်​ပစ်​လိုက်​တယ်​။ ငါ့​လေပြည်​​တွေဟာ
မုန်​တိုင်း ပြန်​ပြန်​ဖြစ်​သွားတယ်​။ မိုးကြိုးဟာ ငါ့စိုက်​ခင်းကို ချစ်​လို့တဲ့
ခဏခဏ ပစ်​ပစ်​ချတယ်​။ ငါ့စိုက်​ခင်း​မြေသားထဲမှာ မိုးကြိုးသွား​တွေအပြည့်​။
တစ်​​နေ့​တော့ ယူနီ​ဖောင်းဝတ်​​တွေဟာ ငါ့စိုက်​ခင်းကို 'တပ်​ပိုင်​​မြေ' လို့
လာ​ရေးသွားကြတယ်​။ ငါလည်း အဲ့ဒီ 'တပ်​ပိုင်​​မြေ' ကို ​သေးနဲ့ ​ကော့ပန်းပြီး
မြို့တက်​ ဆိုက္ကားနင်း​နေတယ်​။



လင်းလက်​တာရာ
20.9.2014

တလူလူလူနာ

ဗိုက်​မဆာဘူး၊ စိတ်​အဟာရ ဆာတယ်​။
လူနာဟာ ခုတင်​​ပေါ်က​နေ နံရံကို
ပြူတင်း​ပေါက်​တစ်​​ပေါက်​ လှမ်း​ဖောက်​​နေတယ်​၊ စိတ်​နဲ့ ။

ဆေးလုံး​တွေကို ကမ္ဘာကြီးပုံ စီထားတယ်​။
သွင်းလက်​စပိုက်​တန်းလန်းမှာ ​သွေးမြစ်​တစ်​မြစ်​စီး​နေတယ်​။
အာ​ခေါင်​​တွေ ကန္တာရ လို ​သွေ့ ​ခြောက်​ အက်​ကွဲ။
အော်​သံ​တွေ ဆာဟာရ လို အက်​ကွဲ ​သွေ့ ​ခြောက်​။
ညည ၊ ​ချောက်​ကမ်းပါးကြီးထဲ ပြုတ်​ပြုတ်​ကျ။

မျက်လုံး​တစ်​ဖက်​ဟာ ဘာသာ​ရေးစစ်​ပွဲထဲမှာ ကျန်​ခဲ့။
နှလုံးသားတစ်​ဖက်​ဟာ လူမှု့စစ်​ပွဲထဲမှာ ကျန်​ခဲ့။
ခြေ​​တောက်​တစ်​ဖက်​ဟာ နိုင်​ငံ​ရေးစစ်​ပွဲထဲမှာ ကျန်​ခဲ့။
ဦး​နှောက်​တစ်​ဖက်​ဟာ နည်းပညာစစ်​ပွဲထဲမှာ ကျန်​ခဲ့။

ဆေးရုံဟာ အနံ့ဆိုး​တွေ ထုတ်​လွှတ်​​နေတယ်​။
ဆေးရုံဟာ အသံဆိုး​တွေ ထုတ်​လွှင့်​​နေတယ်​။
ဆေးရုံဟာ အမြင်​ဆိုး​တွေ ထုတ်​လုပ်​​နေတယ်​။
ဘဝကြီးဟာ ​ဆေးရုံတစ်​ရုံပဲ။

ဆိုက်​​ရောက်​၊ ထွက်​ခွာ လမ်းမွှာ​တွေ တဖွဲဖွဲ။
လွယ်​ထမ်းရွက်​ထားရတဲ့ ဝန်​ထုပ်​ဝန်​ပိုး​တွေ တဖွဲဖွဲ။
တံဆိပ်​လှလှနဲ့ ဝဋ်​ဒုက္ခ​တွေ တဖွဲဖွဲ။
ထုတ်​ပိုးမှုမျိုးစုံနဲ့ အကုသိုလ်​​တွေ တဖွဲဖွဲ။

မျက်​ရည်​ပန်း​တွေ မနမ်းချင်​ဘူး။ ဆည်းလည်းသံ​လေး ပွင့်​​ပေးပါ။
လူနာဟာ စိတ်​နဲ့ ပြူတင်း​ပေါက်​​ ​ဖောက်​ထားတဲ့နံရံမှာ
ငှက်​တစ်​​ကောင်​ပုံ ထပ်​ဆွဲ​နေတယ်​၊ စိတ်​နဲ့ ။

ကမ္ဘာကြီးပုံ ​ဆေးလုံး​တွေ ပြန့်ကျဲသွား။
စီးလက်​စ ​သွေးမြစ်​တစ်​မြစ်​ ရပ်​တန့်သွား။
စိတ်​နဲ့ ​ဖောက်​ထားတဲ့ ပြူတင်း​ပေါက်​မှာ
စိတ်​နဲ့ ဆွဲထားတဲ့ ငှက်​တစ်​​ကောင်​ ပျံသန်းသွား။


လင်းလက်​တာရာ
11.9.2014



လတ်​တ​လောအ​ရေး

အာဖရိကတိုက်​ထုတ်​ အီဘိုလာနဲ့ ဂျပန်​ပြည်​ဖြစ်​ sex doll ဟာ ​ခေတ်​ပြိုင်
၄၃၆ ၊ ၉၆၉ နဲ့ ၇၈၆ ဟာ ​ခေတ်​ပြိုင်

ခေတ်​​ပေါ် မဟုတ်​ပါဘူး ​ခေတ်​မြုပ်​ပါ ​ခေတ်​ထဲမှာ ​ခေါင်း​ဖော်​မရ​လောက်​​အောင်
မြုပ်​ဝင်​​နေတဲ့ ​ခေတ်​မြုပ်​ပါ အမြှုပ်​တစီစီနဲ့ ​ခေတ်​မြုပ်​​တွေပါ

Lily Allen ရဲ့ ' fuck you with lyrics' ကို
YouTube မှာ ခံစားကြည့်​ရှု့ သူ​ပေါင်း ၃၅၂၅၄၉၃ ​ယောက်

ရေ​ကောင်း​ရေသန့်​ဟာ တူးတိုင်းလည်းမထွက်​ဘူး
ရေတွင်းပျက်​ကြီးထဲ ပျက်​ကျသွားတဲ့ စက္ကူစွန်​​လေး​ဟာ ငါ့လွတ်​လပ်​မှု

ပစိဖိတ်​ငလျင်​​ကြော​ပေါ်က အင်​ဒိုနီးရှားမှာ မီး​တောင်​​ပေါင်း ၁၃၀ ​ကျော်​ရှိတယ်
ငါတို့မှာ မျက်​လုံးနဲ့မမြင်​နိုင်​တဲ့ မီး​တောင်​ကြီးနဲ့ ဝမ်းနဲ့လွယ်​ထားရတဲ့ ငလျင်​​ကြောကြီးရှိတယ်

ပြာတိုက်​ကြီးဟာ ဧရိယာစတုရန်းမိုင်​​ပေါင်းများစွာ​ပေါ်မှာ
ထုထည်​စတုရန်းမိုင်​​ပေါင်းများစွာနဲ့ အုံ့ဆိုင်းထားလျှက်

isis နဲ့ ဂါဇာ က​ရော ကွန်​တမ်​ပိုရာရီလား
စားလက်​စထမင်းပါ နင်​သွားတယ်

လူ​ပေါင်းတစ်​သိန်း​ကျော်​နဲ့ နှစ်​​ပေါင်း ၂၀ ​လောက်​ တည်​​ဆောက်​ခဲ့တာပါတဲ့
နှစ်​တန်​ခွဲ​လေးတဲ့ ​ကျောက်​တုံး​ပေါင်း နှစ်​သန်းခွဲနဲ့ တည်​​ဆောက်​ထားတာပါတဲ့
ကျောက်​တုံး​တွေကလည်း ​ဒေသထွက်​မဟုတ်​ဘဲ အီဂျစ်​​တောင်​ပိုင်းက​နေ
နိုင်းမြစ်​ရိုးတစ်​​လျှောက်​ ​လှေ​တွေ လူအား​တွေနဲ့ သယ်​ခဲ့ကြတာပါတဲ့

ပိရမစ်​ ကို google search လုပ်​မိတိုင်း
ကျွန်​​တွေ ကြာပွတ်​​တွေပဲ မြင်​မြင်​​နေတယ်

မ​လေးကျွန်းဆွယ်​ကြီး ​မျောပါသွားမတတ်​ ရွာ​နေတဲ့ အိမ်​လွမ်းနာ​တွေ




လင်းလက်​တာရာ
25.9.2014

နွေဦးပွဲ​တော်

ကဗျာ​ရေးသူဟာ ပျိုးနှုတ်​သူပဲ
ပျိုးပင်​​တွေကို တစ်​ပင်​ချင်းနှုတ်​ပြီး
တစ်​ပုဒ်​ချင်းစီ စည်း​ပေးလိုက်​တယ်

ကောက်​စိုက်​သူက​တော့ ကဗျာဖတ်​သူ​ပေါ့
ပျိုးစည်း​တွေကို ဖြည်​ပြီး တစ်​ပင်​ချင်းစီ စိုက်​တယ်

လယ်​ကွင်းပြင်​ကျယ်​ကြီးဟာ စိမ်းရာမှ တဖြည်းဖြည်းဝါလာ
ကောက်​ရိတ်​သိမ်းပွဲဟာ ​ပျော်စရာ



လင်းလက်​တာရာ
19.8.2014

စကားဟာ စ, မြည်

ခင်​ဗျားစိတ်​ကို သူ​ကောက်​တပ်​​နေတာ။ သူနဲ့မ​တော်​ပါဘူး။ မိရိုးဖလာကို
မကြိုက်​​ပေမယ့်​ ဝတ်​ထားရှာတယ်​။ အ​တွေးအ​ခေါ်တည့်​တည့်​မှာ မိုးယို​ပေါက်​ကြီး
တစ်​​ပေါက်​။ ​ယဉ်​​ကျေးမှုဗဟိုချက်​မှာ အမှိုက်​ပုံကြီးတစ်​ပုံ ​၊ ပိတ်​ဆို့​နေတဲ့ ​ရေဆိုး
မြောင်းကြီးတစ်​​မြောင်း။ ဟုတ်​ကဲ့။ ​မေးခွန်း​ကောက်​ရိုးပုံကြီး မီးစ​လောင်​​နေပါပြီ။
ကျင်​ယူနိုင်​လိမ့်​မယ်​လို့​တော့ ရာနှုန်းပြည့်​ အာမမခံနိုင်​ပါဘူး။ မ​မျှော်​လင့်​ထား
တာ​တွေကိုလည်း ​မျှော်​လင့်​ထားသင့်​တယ်​။ သူ့ကစားနည်းမှာ မီးခိုး​ရောင်​​​တွေ
ကဲ​နေတာမြင်​လား။ သက်​တံ့ဟာ ရုတ်​တရက်​ အပိုင်းပိုင်းပြတ်​ထွက်​သွားပုံ။
ခင်​ဗျားရဲ့ အားလပ်​ချိန်​​တွေကို သူ​လေနဲ့မှုတ်​ထုတ်​​နေတယ်​။ ရယ်​စရာ​တွေ​​ပေါ်
လောက်​​တွေ တဖွားဖွား။ ဝမ်းနည်းမှုပြတ်​​ရွေ့​ကြော​​ပေါ်က အိမ်​။ အင်း။ သူပဲ။
မနီးဘူး။ တော်​​တော်​​ဝေးတယ်​။ တစ်​ခါတ​လေ ​ကျောက်​​ဆောင်​။ တစ်​ခါတ​လေ
ရေလှိုင်း။ တစ်ခါ​တ​လေ ​နေလုံးနီနီ။ တစ်​ခါတ​လေ ​ရေသူမ​ယောင်​လည်း
ဆောင်​လိုက်​​သေး။ ​အေးလိုက်​ပူလိုက်​ပါပဲ။ တစ်​ဝက်​က ​မြေကြီးထဲမှာ တစ်​ဝက်​က
 မြေ​ပေါ်မှာ။ အရမ်းကြီး​တော့ မနှစ်​သက်​။ နည်းနည်း​တော့ ကြိုက်​တယ်​။
အဲဒီ​အကြောင်းက အဲဒီအ​ကြောင်းအရာထဲမှာ ကန့်​လန့်​ကြီး။ သူ့ကိုယ်​သူ ​တွေ​ဝေသူ
အဖြစ်​ ပန်းပုထု​နေတယ်​။ ခင်​ဗျား​ပြောသလိုမျိုး​တော့မဟုတ်​ဘူး။ ချဲ့ယူ စပ်​ဆက်
ကြည့်​မယ်​ဆိုရင်​​တော့ နည်းနည်းနီးစပ်​မယ်​။ ပင်​လယ်​​လေကို ဆား​တွေနဲ့ တို့စား
နေတာ​လေ။ သဲတရှပ်​ရှပ်​ အဆီတဝင်းဝင်း ကမ်း​ခြေပဲ။ ချစ်​ခြင်းတရား ဆီက
'​ခေါင်းသုံး' ဆိုတဲ့ အီး​မေးလ်​ဝင်​လာတယ်​။ အ​လေးချိန်​​တော့ အတိအကျမသိဘူး။
လေးတယ်​။ ​တော်​​တော်​​လေးတယ်​။ အ​ဝေးကြီးသယ်​သွားရမှာ။ ​ တောင်​တန်း
တွေ​ရော ချိုင့်​ဝှမ်း​တွေ​ရော။ မီး​တောင်​လည်း ပါ​သေး။ ဆင်းရမယ့်​​ နေရာက
ချောက်​ထဲတည့်​တည့်​။ သူက ​တော်​လှန်​သူ ဖြစ်​ပြီး ​တော်​လှန်​ခံလည်း ဖြစ်​​နေ
ပြန်​တယ်​။ မျိုးဆက်​ပြဿနာကို သူ့သား​ကြောဖြတ်​ပြီး ​ဖြေရှင်းမယ်​ပြော​နေတယ်​။
နောက်​ထပ်​ ​နေကြာပန်း​တွေ ထပ်​စိုက်​ချင်​​သေး။ ခင်​ဗျားရဲ့ ချက်​မြှုပ်​မှာ သူ
စစ်​ဆင်​​ရေး​တွေလုပ်​​နေတယ်​။ ကျွန်​​တော်​လား။ ဆိုက်​ကို ဝင်​​နေတဲ့တစ်​​ယောက်
ရဲ့​ဘေးက။ ဓါတ်​ပုံထဲမှာ သမိုင်းဟာ ​သွေးစွန်း​နေတဲ့ညာအစွန်​လူ။ ဆွယ်​​တာ​တွေ
အစား အသက်​ကယ်​အင်္ကျီ​တွေ ယူသွားတာ ပို​ကောင်းမယ်​။ တိမ်​​တွေ ငါတို့
မျက်​စိ​အောက်​မှာ အဆုပ်​လိုက်​အဆုပ်​လိုက်​ ပွင့်​​နေရဲ့။ သံလိုက်​အိမ်​​မြှောင်​က
အလုပ်​မလုပ်​​တော့ဘူး။ ခဲတံ​တွေကို ပိုကြိုက်​ပါတယ်​။ ငယ်​ဘဝဟာ ငါတို့ ဆီမှာ
ဆီခမ်း​နေပြီ။ ဘယ်​ဗိုင်းရပ်​စ်​နဲ့ အတူဆုံးလဲဆို​တော့ အီဘိုလာ။ အနီထက်​ ပိုမို
နီရဲတဲ့ အနီ။ ဒါ ခင်​ဗျား ဦး​နှောက်​​လေ။ ဒါ သူ့ နှလုံးသား​လေ။ အပြင်​ထွက်​ချင်
လိုက်​တာမှ အသက်​ထွက်​မတတ်​ပဲ။ ညစာအတွက်​ တစ်​ညလုံး  ည​စောင့်​ခဲ့ရ
တာ​တွေ ပြန်​​ပြောင်း​ ပြော​နေတယ်​။ သူ့အဆင့်​သူ ​ကောင်းကင်​မှာ တက်​ချိတ်
ထားတာ။ လည်​​ချောင်းနာတယ်​။ ​ချောင်းလည်းနာတယ်​။ မြစ်​လည်းနာတယ်​။
တစ်​ခုခု ​ညှော်​​နေတဲ့အနံ့ အမြဲရတယ်​။ ခါးပတ်​​တွေကို မြဲမြံစွာ ပတ်​ထားကြပါ။
ငါတို့ဘယ်​ကိုသွား​နေတာလဲ။ မသိဘူး။ လမ်းခုလတ်​မှာလို့်​တော့ ထင်​ရတာပဲ။


လင်းလက်​တာရာ
18.8.2014

'ဆိုင်​ရာအချက်​အလက်​များအရ မျက်​ရည်​ဂါလံသန်းချီထုတ်​လုပ်​​ရောင်းချ​သုံးစွဲပြီး'




ရပ်​တည်​မှုတစ်​ခုက ရပ်​တည်​မှုအများအပြားကိုခုတ်​လှဲ​နေတယ်​။ လူ​တော​တွေတစ်​​တောပြီးတစ်​​တော။
ဘယ်​အရပ်​က အရသာကို လျှာနဲ့သွားလျက်​ရမလဲ။ သွား​နေတဲ့ခရီး​တွေကို သွား​တွေက ခဲထားတယ်​။
သွားသွား။ 'ဘယ်​​တော့မှ ပြန်​မလာနဲ့' ကို ပန်း​ခွေမှာသီ​ပေးလိုက်​ပြီ။ ဇွမ်​ဘီ​တွေ ငါတို့ဆီ အသိုက်
လာ​ဆောက်​​တော့မယ်​။ မဟုတ်​​သေး။ ဇွမ်​ဘီ​တွေ ငါတို့ဆီ အသိုက်​ လာ​ဆောက်​​နေပြီ။ မဟုတ်​​သေး။
ဇွမ်​ဘီ​တွေ ငါတို့ဆီ အသိုက်​ လာ​ဆောက်​ပြီးပြီ။ မဟုတ်​​သေး။ ဟုတ်​ပါတယ်​။ အဲဒီ ​သေး​တွေပဲ။
'ငါတို့အသက်​ကို သူတို့အသိုက်​ လုပ်​ပစ်​လိုက်​တာ' ။ သူ့စာသားဟာ ​ဆောက်​သွား​တွေလို အသား
တွေထဲ ထိုးခွဲဝင်​လာ။ အသားထဲက​နေ မ​လောက်​ငမှု​တွေ ပန်းထွက်​။ ပန်းတယ်​။ အာဏာပန်းကို
သေးနဲ့ပန်းတယ်​။ ဘယ်​သူ ပန်​ဦးမလဲ။ ပုဂံ​ခေတ်​ကလို ပန်းဦး​တွေ သူတို့ခူး​နေတုန်း။  မြှုပ်​ကွက်
တွေကို ချွတ်​ချလိုက်​​တော့ နိုင်​ငံ​ရေးက ဝတ်​လစ်​စလစ်​ကြီး။ စလစ်​မဖြစ်​ဖြစ်​​အောင်​ တည်​​ဆောက်
ထားတဲ့ စီမံကိန်း။ ဟယ်​လူစီ​နေးရှင်းကို  လိုးရှင်းလိုလိမ်းထားတဲ့ မြင်​ကွင်း​တွေ။  ငါတို့မျက်​ရည်​​တွေကို
သူတို့အမြတ်​ထုတ်​​နေကြ။ သစ်​ငုတ်​တို​တွေလို 'အမျက်​'​တွေပဲ အရိုး​ငေါ​ငေါကျန်​ရစ်​။ ရိတ်​သိမ်းခံလိုက်
ရတဲ့ အိပ်​မက်​​တွေကို ထပ်​စိုက်​ကြတာ​ပေါ့။ ​နောက်​ဆုံးသစ်​ရွက်​​လေးဟာ ​လေထဲမှာ တန်းလန်း။
ဘဝထဲမှာ တန်းလန်း။ လမ်း​တွေကို ​ကျောပိုးအိတ်​ထဲ ​ခေါက်​ထည့်​ပြီး  ထမ်းခဲ့ကြ။  အရင်းရှင်​​တွေ
ရှင်​တုန်း။ ဗုံးခိုကျင်း​တွေဟာ ကမ္ဘာ့မျက်​နှာပြင်​အနှံ့အပြား လမ်း​လျှောက်​ထွက်​တုန်း။ သမိုင်းနံ့ရလို့
တူးကြည့်​လိုက်​တာ ​သွေးမြစ်​ကြီး​တွေ့တယ်​။ စွန့်​လွှတ်​မှုကို စွန်​လို လွှတ်​တင်​ခဲ့သူ​တွေ။ ကစားကွက်
အစစ်​​တွေကို မြက်​ခင်းအတု​ပေါ်တင်​လိုက်​ကြပြီ။ လူငယ်​​တွေဟာ လွတ်​လပ်​မှုကို ကွန်​ဒုံးလို သုံးစွဲ။
တော်​လှန်​စိတ်​​တွေကို မိခင်​အလံလို သုံးစွဲ။ ပြုလုပ်​တပ်​ဆင်​ထားတဲ့ ​'​ထောင်​' '​ချောက်​' ​တွေက​တော့
လူငယ်​​တွေကိုပြန်​သုံးစွဲ။ ရယ်​သံဟာ လည်​​ချောင်းထဲမှာအရိုးစူး​နေ။ အရိုးစွဲ​နေတဲ့အယူဝါဒအ​ဟောင်း
အမြင်း​တွေ ဘယ်​​တော့အရိုး​ဆွေးမှာလဲ။ ကွန်​တမ်​ပိုရာရီအဆင့်​မြင့်​အိမ်​ရာမှ  sexy အသား​ပေး
ကဗျာမ​လေးကို ​လေးလုံးစပ်​နဲ့ကြူမိသလို​ခေတ်​။ ဂီတကို စိတ်​နာ​နေသူ ဂစ်​တာလည်း အခန်း​ထောင့်​မှာ
ငေါင်​​ငေါင်​ကြီးငိုင်​​နေ။ ဘီယာခွက်​​ထဲက အမြှုပ်​​တွေဟာ ​လေတိုက်​စားလိုက်​ရုံနဲ့​ သေသွားတယ်​။
' ​ရေပွက်​ပမာ' ကို​ရေပူ​ဖောင်း​လေး​တွေထဲထည့်​ပြီး ​ပေါက်​ကွဲ​ပျောက်​ကွယ်​သွားတဲ့အထိတွေး​ခေါ်​နေမိ။
တချို့အ​တွေး​တွေက ​လူအုပ်​ကြီးကို ​ခေါ်လာ။ တချို့အ​တွေး​တွေက တတိယကမ္ဘာစစ်​ကိုပါ ​ခေါ်လာ
ဦးမှာလား။ ဟစ်​တလာလို့ နာမည်​​ပေးထားတဲ့ဖိနပ်​ကို နပိုလီယံလို့ နာမည်​​ပေးထားတဲ့​ခွေးကချီသွား။
တချို့​ခွေး​တွေက လူ​တွေကို ပြန်​ချည်​ထားတယ်​။ လူ​တွေဟာ အတုတ်​အ​နှောင်​ခံ​တွေဖြစ်​ပြီး ရုန်းကန်
လွတ်​​မြောက်​မှုရဲ့ ကျွန်​​တွေ ဖြစ်​​နေပြန်​တယ်​။ မိတ်​​ဆွေ​ရော အသားညှပ်​​ပေါင်​မုန့်​ကို  ကြိုက်​လား။
အသားညှပ်​​ပေါင်​မုန့်​ကြားမှာ လူမျိုးတစ်​စု​ရောက်​သွား။ အသားညှပ်​​ပေါင်​မုန့်​ကြားမှာ မြို့ကြီးတစ်​မြို့
ရောက်​သွား။ တိုင်းပြည်​တစ်​ပြည်​ ​ရောက်​သွား။ ကမ္ဘာကြီးပါ ​ရောက်​သွား​။ ​နွေရဲ့တံလျှပ်​ထုထည်​ထဲမှာ
စိုက်​ဝင်​​နေသူ ဥဩငှက်​​လေးလည်း တန်းလန်း။ ငါ့ကိုလာဟပ်​တဲ့ ငါ့ရန်​သူလည်း ငါ့လိုပဲ ငါးမျှားချိတ်​မှာ
တန်းလန်း။



လင်းလက်​တာရာ
11.8.2014

ဖားကဖား အသံကအသံ

အသံ​ကြောင့်​ဖား​သေ။ အသံ​ကြောင့်​​တော့ ဖားတိုင်းမ​သေ။
အသံက အ​ရေးကြီးတာလား။ ဘာသာစကားက အ​ရေးကြီးတာလား။
ဖားက မိုးကို​အ​သေခံပြီးဖွဲ့ဆိုတယ်​။ ဖားက မိုးရာသီရဲ့အ​ကောင်းဆုံးကစားသမား။
ကိုယ်​​သေမတတ်​​ပြော​နေလည်း သူနားမလည်​ရင်​ သဲထဲ​ရေသွန်​ပဲ။
သူ​သေမတတ်​​ပြော​နေလည်း ကိုယ်​နားမလည်​ရင်​ အလကားပဲ။
ဖားဟာ ​မြေ​အောက်​​တော်​လှန်​​ရေး​ခေါင်း​ဆောင်​။ အ​နေအထိုင်​ကျစ်​လစ်​တယ်​။
အသံမရှိသူမှာ ဘာသာစကားလိုမလို။ အမူအရာ​တွေက အနက်​အဓိပ္ပါယ်​​တွေပဲ။
ဖားမှာအသံရှိတယ်​။ လူမှာအသံရှိတယ်​။ လူနဲ့တိရစ္ဆာန်​ကို ဘာသာစကား​တွေက
ခြားထားတယ်​။ လူလူချင်း​တောင်​ ဘာသာစကား​တွေက ခြားထားတယ်​။
ဖားမတစ်​​ကောင်​ဟာ ဥဥတဲ့အခါ ဥ​ပေါင်း နှစ်​​သောင်းဝန်းကျင်​​လောက်​ဥတယ်​။
မျက်​လုံးမှ​ပြော​သော အသံများ။ နှလုံးသားမှ ​ပြော​သော အသံများ။
အသံမှာ အ​ရောင်​အမျိုးမျိုးရှိတယ်​။ အသံမှာ ကီးအမျိုးမျိုးရှိတယ်​။
ဖားဥက​နေ ဖား​လောင်း၊ ဖား​လောင်းက​နေ ဖားတစ်​​ကောင်​ဖြစ်​ဖို့
ရက်​​ပေါင်း (၉၀) နီးပါးကြာတယ်​။ ​ခေတ်​​ပေါ်လား ​ခေတ်​ပြိုင်​လား မကွဲပြားတဲ့
ဖားတစ်​ပိုင်းငါးတစ်​ပိုင်းဘဝကိုလည်း ရုန်းကန်​ရင်​ဆိုင်​ခဲ့ရတယ်​။
တချို့အသံ​တွေက စပ်​ဆက်​​နေတယ်​။ တချို့အသံ​တွေက သီးခြားကွဲ/ခွဲထွက်​​နေတယ်​။
တချို့အသံ​တွေက ပြုလုပ်​ဖန်​တီးထားတာ။ တချို့အသံ​တွေက သဘာဝစစ်​စစ်​။
ဖားတစ်​​ကောင်​အဖြစ်​ရှင်​သန်​ဖို့ဆိုတာ လူတစ်​​ယောက်​ရှင်​သန်​ဖို့ထက်​ ခက်​ခဲ​နေမလား။
တချို့အသံ​တွေမှာ ဩဇာအာဏာရှိ။ တချို့အသံ​တွေမှာ ဩဇာအာဏာမရှိ။
ခေါင်း​လောင်းသံက ​ခေါင်း​လောင်းသံပဲ။ ​သေနတ်​သံက ​သေနတ်​သံပဲ။
ရယ်​သံက ရယ်​သံပဲ။ ငိုသံက ငိုသံပဲ။ အသံချင်းတူ​ပေမယ့်​ အသံချင်းမတူ။
တချို့အသံ​တွေက ​ရွှေ့ယူလို့မရ​လောက်​​အောင်​ အသားကျ​နေတယ်​။
ဖားဟာ ငါးရဲ့အစာလည်းဖြစ်​။ ​မြွေရဲ့အစာလည်းဖြစ်​။ ​ကြောင်​ရဲ့အစာလည်းဖြစ်​။
လူရဲ့အစာလည်းဖြစ်​။ ဖားဟာ အစာသက်​သက်​လား။ အစားခံသက်​သက်​လား။
အသံ​တွေက သိမှုကို တိုက်​ရိုက်​ဆက်​ဆံတယ်​။ အသံ​တွေက ကြိမ်​နှုန်းမြင့်​တုန်​ခါတယ်​။
ဆင်​တူယိုးမှားအသံ​တွေက အာရုံကို ​မှောက်​မှား​စေတယ်​။
ဘေးအမျိုးမျိုး ရန်​အသွယ်​သွယ်​နဲ့ ဖားကိုမှ တုံး​ပိ​လေခြင်း။
အသားကျ​နေတဲ့အသံ​တွေကို ​ပြောင်းပြန်​လှန်​ကြည့်​တဲ့အခါ။ ဥပမာ။
သင်​ဟာ အမျိုးသမီးဆိုပါစို့။ သင့်​အသံဟာ ​ယောက်ျားသံကြီးအဖြစ်​​ပြောင်းသွားမယ်​။
သင်​ဟာ အမျိုးသားဆိုပါစို့။ သင့်​အသံဟာ မိန်းမသံကြီးအဖြစ်​​ပြောင်းသွားမယ်​။
ရှော့ခ်​ရသွားပြီလား။ အသားကျ​နေတဲ့ ကဗျာကို ​ပြောင်းပြန်​လှန်​တဲ့အခါ။
အသံ​ကြောင့်​​တော့ ဖားတိုင်းမ​သေ။ ဖားရဲ့ ဆင့်​ကဲဖြစ်​စဉ်​တိုင်းမှာ ဖားဟာ အချိန်​မ​ရွေး
သေနိုင်​တယ်​။ ​အောင်​မြင်​တဲ့ ဖားတစ်​​ကောင်​အဖြစ်​ သင်​ ရပ်​တည်​နိုင်​ပါ့မလား။
အသံအချင်းချင်း သတ်​ဖြတ်​ခြင်း ကင်းရှင်းကြပါ​စေ။


လင်းလက်​တာရာ
14.8.2014


'ငါ' ဗဟိုပြု အသက်​ ( ) နှစ်



နေအိမ်​မှ ကားများ မွန်းလွဲတစ်​နာရီမှာ စက်​ပျက်​။ လူဟာ
အင်​ဂျင်​တစ်​လုံးလို တစ်​စစီပြုတ်​ထွက်​​နေ။ သစ်​ရွက်​​တွေ
ဗြူးတီးစလွန်း​ရှေ့​ဝေ့ဝဲ။ အပုပ်​​ကောင်​​တွေ ဗြူးတီးစလွန်းထဲက
ထွက်​လာ။ သစ်​ရွက်​​တွေကို ရယ်​ရယ်​​မော​မောနင်းသွား။
တစ်​​ယောက်​​သောသူ ပြတ်​​နေတဲ့ဖိနပ်​ကို နမ်း​နေ။ လမ်းဟာ
အလိုမပြည့်​သူ​တွေနဲ့ မ​တော်​​တော့။ ​တဒေါက်​​ဒေါက်​ကျ​နေ​သော
စိတ်​ အစိပ်​အပိုင်းများ။ အချိန်​အခါမဟုတ်​ ကိ​လေသာမိုးများ
ရွာသွန်းခြင်း။ အီဂိုနာကျင်​မှု​မြစ်​​ဘေးထိုင်​​ငေးရင်း ကမ်းပြိုကျမှု
ဖြစ်​စဉ်​။ နှစ်​ထပ်​ကိန်း​သွေ့​ခြောက်​မှု အရိုးကွဲ ​အော်​သံများ။
ဆေးရုံထဲက​နေ စွပ်​​ကြောင်းကြီးတစ်​ခု ​ငေါထွက်​။ ​ရေ​သောက်
မြစ်​​တွေလို ဖြာထွက်​သွား။ လူသားအသစ်​​လေး ဆို​ပေမယ့်
သံသရာအ​ဟောင်းကြီးနဲ့။ ဦး​နှောက်​​ဟောင်း​လောင်းကြီးထဲ
မြွေလို ဝင်​​ခွေ​နေတဲ့​ငွေ။ ရွက်​ကျပင်​​ပေါက်​ဒဏ်​ရာ​တွေ ရှု့ ခင်း
အပြည့်​။ ခန္ဓာအိမ်​ထဲမှာ ​လောက်​အဖွဲ့အစည်း။ တစ်​​ယောက်​ရဲ့
ဦး​ခေါင်း​ပေါ် တစ်​​ယောက်​က မစင်​စွန့်​။ တစ်​​ယောက်​​သွေးကို
တစ်​​ယောက်​​သောက်​​နေ​သောသွေး​သောက်​များ။ သူ့နှလုံးသားမှာ
သားသတ်​စခန်း။ သူ့အဘိဓါန်​ထဲမှာ မှိုင်း​တွေ။ မှိုင်း​တွေဟာ
မိုင်း​တွေလို ​ပေါက်​ကွဲ။ ​ဘောင်​ထဲမှာ အ​မှောင်​​တွေ ရုန်းကန်​၊
အော်​ဟစ်​၊ ကခုန်​။ ဝတ်​ရုံနက်​ကြီးဟာ ညတစ်​ခုလုံးကို ခြုံထား။
အလင်းရှာရင်းရှားရင်း ကန်းသွားတဲ့မျက်​လုံး​တွေ။ အရသာ
ရှာရင်းရှာရင်း ပြတ်​ထွက်​သွားတဲ့ လျှာ​တွေ။ ပြတင်း​ပေါက်​နဲ့
အုတ်​တံတိုင်း လွဲတယ်​။ ​ပျော်​ရွှင်​မှုနဲ့ ​ချောက်​ကမ်းပါး မှားတယ်​။
လူ့အလွှာများအတွင်း ​သွေးယိုစီးမှုနှုန်းမြင့်​တက်​။ Kimberley
တွင်းနက်​ကြီးမှ စိန်​ ၃တန်​​လောက်​ ထွက်​ရှိပြီး။ လူ့လူးတွင်းကြီးမှ
ကျည်​ဆံဘယ်​နှတန်​ ထွက်​ရှိပြီးပြီလဲ။ ချက်​ရီပက်​ဘလစ်​နိုင်​ငံမှ
ဘာသာ​ရေးစစ်​ပွဲအတွင်း ကျဆုံးသွားသူ​တွေရဲ့ အရိုး​တွေနဲ့
အလှဆင်​ထားတဲ့ ဘုရားရှိခိုး​ကျောင်း။ ​​ယ​​နေ့၊ အသက်​​ပေါင်း
သန်း ၇​ထောင်​။ အသိဥာဏ်​​ပေါင်း သန်း ၇​ထောင်​။ ​'ထောင်​​'ပေါင်း
များစွာထဲမှာလည်း ​ထောင်​​ပေါင်းများစွာ။  မျက်​ရည်​ထုထည်
ထဲမှာ မီး​တောင်​။ ယပ်​​တောင်​​ပေါ်မှာ နာ​ရေး။ နာ​ရေး​ပေါ်မှာ
သင့်​သိမှု။ ကွယ်​လွန်​သူ၏ သားသမီး ​မြေးမြစ်​များမှ ဆက်​လက်
သေဆုံးပါမည်​။



လင်းလက်​တာရာ
31.8.2014

အဆာအိမ်

အစာအိမ်​အချဉ်​မ​ပေါက်​ဘူး ၊ အဆာအိမ်​ အချဉ်​​ပေါက်​တာ။
ဘယ်​​ဆေးနဲ့ မှမတည့်​ဘူး ၊ စာနဲ့ပဲ တည့်​တယ်​။
ဖန်​လုံအိမ်​ကြီးလို အဆာအိမ်​​ပေါ့။ ခန္ဓာအိမ်​​ပေါင်းများစွာနဲ့ 
ဖွဲ့စည်းထားတဲ့ အဆာအိမ်​​ပေါ့။ ဆာခဲ့တာ​တွေက
ပစိဖိတ်​သမုဒ္ဒရာကြီးတစ်​ချပ်​စာ မကဘူး။ အာရှတိုက်​ကြီးတစ်​တိုက်​စာ မကဘူး။
ပစိဖိတ်​သမုဒ္ဒရာကြီးတစ်​ချပ်​စာမကတဲ့ အဆာအိမ်​ကြီး​ပေါ့။
အာရှတိုက်​ကြီးတစ်​တိုက်​စာမကတဲ့ အဆာအိမ်​ကြီး​ပေါ့။
ဝမ်းနဲ့လွယ်​ထားရတဲ့ ကဗျာဟာ အဆာအိမ်​ကြီးထဲက​နေ ​အော်​တယ်​။
အော်​သံ​တွေဟာ ချည်​မျှင်​ဆန်​တဲ့လှိုင်း​တွေ အထပ်​ထပ်​အလွှာလွှာနဲ့ 
အဆာအိမ်​ကြီးထဲမှာ။ အစာအဟာရဆာတယ်​။ စိတ်​အာဟာရဆာတယ်​။
အစာအဟာရ​ရော စိတ်​အဟာရ​ရော ဆာ​နေတဲ့ အဆာအိမ်​ကြီး။
လွတ်​လပ်​မှုဟာ အဆာအိမ်​ကြီးထဲ ပိတ်​​နေတဲ့ ​သွေးပြန်​​ကြော။
အဆာအိမ်​ကြီးကို အုတ်​တံတိုင်း​တွေ ခတ်​ထားတယ်​။
သံဆူးကြိုး​တွေ ပတ်​ထားတယ်​။ cctv ​တွေ တပ်​ထားတယ်​။
အနံ့ခံ​ခွေး​တွေ လွှတ်​ထားတယ်​။ လက်​နက်​အပြည့်​အစုံနဲ့ 
လုံခြုံ​ရေး​တွေချထားတယ်​။ လူ့ ဘုံကို ငရဲဘုံနဲ့ 
Hybrid လုပ်​ထားတဲ့ အဆာအိမ်​ကြီး​ပေါ့။ ​လေးဘက်​​လေးလံ
အ​မှောင်​ချခံထားရတဲ့ အဆာအိမ်​ကြီး​ပေါ့။ အသားစားနွယ်​ရှင်​​တွေ
အစုလိုက်​အပြုံလိုက်​ စိုက်​ထားတဲ့ အဆာအိမ်​ကြီး​ပေါ့။
နက်​ရှိုင်းမတ်​​စောက်​တဲ့ ​ချောက်​ကြီးထဲ တွန်းချခံ​နေရတဲ့
အဆာအိမ်​သူအဆာအိမ်​သား​တွေ။ လူ့အခွင့်​အ​ရေးအစိပ်​အပိုင်း​တွေ
တစ်​စစီ ခုတ်​ထစ်​ဖြတ်​​တောက်​ခံ​နေရတဲ့ အဆာအိမ်​သူအဆာအိမ်​သား​တွေ။
အဆာအိမ်​ကြီးထဲမှာ အသက်​​သွေး​ကြော​ပေါင်း ​မြောက်​များစွာ။
အဆာအိမ်​ကြီးထဲမှာ အလင်းဆာ​နေတဲ့မျက်​လုံး​ပေါင်း ​မြောက်​များစွာ။
အိမ်​စစ်​စစ်​ကို ဆာ​နေတဲ့ အဆာအိမ်​ကြီး။ ဒီမိုက​ရေစီ စစ်​စစ်​ကို
ဆာ​နေတဲ့ အဆာအိမ်​ကြီး။ တိုင်းပြည်​စစ်​စစ်​ကို ဆာ​နေတဲ့ အဆာအိမ်​ကြီး။
သူတို့ဟာ အဆာအိမ်​ကြီးကို ရည်​ရွယ်​ချက်​ ရှိရှိ ​မွေးမြူထားတယ်​။
သူတို့ဟာ အဆာအိမ်​ကြီးကို ​ဘော်​လီ​ဘောတစ်​လုံးလို ပုတ်​ပုတ်​ပြီးကစားတယ်​။
သူတို့ဟာ အဆာအိမ်​ကြီးထဲ စိတ်​ကင်​ဆာ​တွေ ထိုးသွင်းတယ်​။
လူသားမျိုးနွယ်​​တွေကို လွယ်​ထားရတဲ့ ကမ္ဘာ့သားအိမ်​ကြီးလည်း ပါးပါးလာ။
အိုဇုန်းလွှာလို ပါးပါးလာတဲ့ အဆာအိမ်​ကြီးလည်း ပါးပါးလာ။
အခု ခင်​ဗျား​ရော ကျွန်​​တော်​​ရော ​ပေါက်​ကွဲလုလု အဆာအိမ်​ကြီးထဲမှာ။



လင်းလက်​တာရာ
24.9.2014

ရောင်စုံသီတင်းကျွတ်လေး ရဲ့ ဝေးဝေးက ကဗျာ



လပြည့်ညဆိုလို့မော့ကြည့်လိုက်တာ
မျက်လုံးထဲ တိမ်ပုပ်တွေ ဝင်သွားတယ်
ပြည်တွေတစိမ့်စိမ့်ယိုစီးရွာကျနေတဲ့ တိမ်ပုပ်တွေပေါ့
အဲဒီညိုပုပ်ပုပ်ပြည်တွေကြားကပဲ ငါ့တိုင်းပြည်ကို မြင်ယောင်ရ
ငါ့မြို့ကို မြင်ယောင်ရ ငါ့မြစ်ကို မြင်ယောင်ရ ငါ့အိမ်ကို မြင်ယောင်ရ
ငါ့မိသားစုကို မြင်ယောင်ရ ငါ့လူငယ်ဘဝရဲ့ ရှု့ မျှော်ခင်းမလေးကို မြင်ယောင်ရ
မြင်ယောင်ရင်း မြင်ယောင်ရင်း မြင်ယောင်ခြင်းတွေ ယောင်ကိုင်းလာ
မို့မောက်လာ နာကျင်လာ ကိုက်ခဲလာ ပေါက်ထွက်လာ ပန်းထွက်လာ
အဖြူဆွတ်ဆွတ်ပြည်တည်နာတွေ
အဲဒီပြည်တွေကို မီးမြိုက် စိတ်ကို မီးပုံးပျံလို မှိုင်းဝအောင်တိုက်လိုက်တယ်
ပျံသန်း


လင်းလက်တာရာ

8.10.2014
သီတင်းကျွတ်လပြည့်ည

တက်​တူးထိုးသူ

တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ
သူ့ ဆီ ရုပ်​ရှင်​မင်းသမီး​ရောက်​လာတယ်
ရင်​သားအစပ်​မှာ နှင်းဆီပုံလှလှ​လေး ထိုး​ပေးလိုက်​ရ
တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ
သူ့ဆီ အဆို​တော်​မ​လေး​ရောက်​လာတယ်
ချက်​​အောက်​မှာ ကြယ်​ပွင့်​ပုံလှလှ​လေး ထိုး​ပေးလိုက်​ရ
တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ
သူ့ ဆီ ​မော်​ဒယ်​​ကောင်​မ​လေး​ရောက်​လာတယ်
တင်​ပါးမှာ လိပ်​ပြာပုံလှလှ​လေး ထိုး​ပေးလိုက်​ရ
တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ
သူ့ ဆီ ခင်​ငြိမ်းအိဖြူ ​ရောက်​လာတယ်
ရင်​သားအစပ်​မှာ နှင်းဆီပုံလှလှ​လေး ထိုး​ပေးပါ ပြောတယ်​ ၊ သူငြင်းတယ်
ချက်​​အောက်​မှာ ကြယ်​ပွင့်​ပုံလှလှ​လေး ထိုး​ပေးပါ ပြောတယ်​ ၊ သူငြင်းတယ်
တင်​ပါးမှာ လိပ်​ပြာပုံလှလှ​လေး ထိုး​ပေးပါ ပြောတယ်​ ၊ သူငြင်းတယ်
ခင်​ငြိမ်းအိဖြူ ​ဒေါသတကြီးလှည့်​ထွက်​သွား
သူ့ ဘဝထဲက အပြီးအပိုင်​ထွက်​သွားတာလည်း ဖြစ်​နိုင်​တယ်
ဘယ်​​တော့မှ ပြန်​မလာ​တော့တာလည်း ဖြစ်​နိုင်​တယ်
တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ ဆို​ပေမယ့်
သူ့ နှလုံးသားမှာ​တော့ မျက်​လုံးနဲ့ မမြင်​နိုင်​တဲ့ တက်​တူးတစ်​ခု​တော့ ရှိတယ်
ခင်​ငြိမ်းအိဖြူ



လင်းလက်​တာရာ
19.10.2014

ကွက်​လပ်​​များစွာနဲ့ .............ခဲ့ပုံ​တွေဟာ ပုံပြင်​မဟုတ်




ဗုံမဟုတ်​ပတ်​မဟုတ်​ဘဲ .............​တွေ မြည်​ဟီး
ကျည်​ဆံကို စက်​ရုံမှထုတ်​လုပ်​၍ ဇာတိမာန်​ကို ..............မှ ထုတ်​လုပ်​သည်
ချစ်​​မေတ္တာက ကဗျာဆို ၊ ...........​တွေဟာ ကဗျာကို အလှဆင်​​ပေးထားတဲ့ လိုင်း​တွေ
လိုင်း​တွေဟာ တစ်​လိုင်းနဲ့ တစ်​လိုင်း .............တယ်
သစ်​တော​တွေက ............. ​တွေကို ပြုံး​အောင်​ ဖန်​တီးတယ်
........​တွေက သစ်​​တော​တွေကို ပြုန်း​အောင်​ ပြုလုပ်​တယ်
နဂိုအတိုင်း အနှစ်​သာရအတိုင်း နှလုံးခုန်​သံအတိုင်း ၊ တစ်​တိုင်းနဲ့တစ်​တိုင်း ....... ကုန်​တယ်
ကုန်​သည်​ကြီးများဟိုတယ်​​ရှေ့ မှာ​တောင်​ ............. ​တွေ အလုပ်​မဖြစ်​​ရှာဘူး
တစ်​ဝမ်းတစ်​ခါး​တွေဟာ .......... လာတယ်​၊ အချိုဓာတ်​​တွေဟာ .......... လာတယ်
.......... ​တွေကို လှီးထုတ်​ခုတ်​ထွင်​ရှင်းလင်းပစ်​ရတာကလည်း စိတ်​ကို ပြုစုပျိုး​ထောင်​ခြင်းတစ်​မျို
............ ထဲမှာ ခူးဆွတ်​ထားတဲ့ အိပ်​မက်​အကြီးကြီး ရှိ​နေတယ်
သဲကန္တာရထက်​ ပိုပြီး ........... တဲ့ လူ့ဘုံကြီး​လေ
............ ​တွေဟာ ​ရောဂါပိုး​တွေကို ပိုမိုဆိုးရွား​စေတယ်
ကာဗွန်​ဒိုင်​မြို့ပြဥခွံထဲက​နေ ​ကျေးလက်​က ........... သံ​လေးကို ​ငေးဆွတ်​​နေရတာ
နယူးဇီလန်​က အမဲသားကိုစားပြီး နယူးဇီလန်​က မြက်​ခင်းလွင်​ပြင်​ကြီး​ရော ......... မိ​သေးလား
ရသ​လောက်​ ရသ​လေးနဲ့ ............. ကို တင်းတိမ်​​ရောင့်​ရဲ​နေရတာ
............. ကိုဖွင့်​ကြည့်​လိုက်​​တော့ တစ်​ပြည်​လုံး ​မွှေးပျံ့သွားတယ်
ဖြတ်​ချခံရတဲ့ .......... ​တွေ ၊ ဖြည်​ချ ခဲ့တဲ့ ........... ​တွေ
ခေတ်​ကာလကြီးအ​ကြောင်း ............ က ​ကောင်း​ကောင်း သိတယ်
...........​ တွေ ထုထည်​ကြီးမားပိတ်​သည်း​နေပုံ၊ နိုင်​ငံ​တော်​ဟာ ............ ​တွေ ပန်​ထားပုံ
သမိုင်းဟာ တက္ကသိုလ်​​တွေထဲမှာ ............. ​နေပုံ
စက္ကူစွန်​​လေးလုပ်​ပြီး .......... ​တွေကိုပါ ​ရော​ယောင်​ လွှတ်​တင်​​လိုက်​မိ
တိုက်​​လေယာဉ်​​တွေက .......... တိုက်​ကြီးကို တိုက်​ခိုက်​​နေတယ်
............. ​တွေ​သွေးစွန်းကုန်​ပြီ ၊ ကြယ်​​တွေ ကျယ်​​လောင်​စွာ ....... ကုန်​ပြီ
.............. ဟာ ကုန်​မဟုတ်​ဘူး ၊ Not for ...........
ဆေးဝါး​တွေဟာ .......... ကို မကယ်​နိုင်​ဘဲ စာ​တွေက ကယ်​တင်​သွားတာ
ရန်​ကုန်​နာမည်​နဲ့ ပွင့်​​ဝေ​နေတဲ့ ပန်း​တွေကို ........ က​နေ လှမ်းနမ်း​နေတာ
အလုခံ​နေရတဲ့ လူ့အခွင့်​အ​ရေးဟာ ........... ​တွေရဲ့ လက်​ထဲမှာ
ကမ္ဘာကြီးဟာ ........ ​တွေရဲ့ သား​ကောင်​ ၊ ကမ္ဘာကြီးဟာ ...... ​တွေရဲ့အသားစားသတ္တဝါ
ဒီအ​ရေးအသားထဲက ........... ​တွေကို ဖြည့်​ချင်​ဖြည့်​ပါ
ဒီအ​ရေးအသားထဲက ........... ​တွေကို မဖြည့်​ချင်​မဖြည့်​ပါနဲ့
လွတ်​လွတ်​လပ်​လပ်​ .............. နိုင်​ပါ​ကြောင်း


လင်းလက်​တာရာ
22.10.2014


ရွာရိုး

ကံဇာတ်​ဆရာက ကတ်​ဆက်​ကို အကျယ်​ကြီးဖွင့်​​နေသည်​။
'ဟဲလို အ​မေ ​နေ​ကောင်းလား၊ သား ဒီလ အိုတီမ​ကောင်းလို့ အဲဒါ '
လေကြမ်းတိုက်​​နေသည်​။ ​ညောင်​ရွက်​​တွေ တဖွဲဖွဲ​ကြွေ​နေသည်​။
ညောင်​ကိုင်း​တွေ တစ်​ကိုင်းနဲ့ တစ်​ကိုင်း တ​ဖြောင်း​ဖြောင်းရိုက်​​နေသည်​။
ညောင်​မြစ်​​တွေ​ရော ပုတ်​သင်​ဥ​တွေ​ရော ​ပေါ်ကုန်​သည်​။
'စာဥ​ရယ်​ နင်​ မ​လေးရှားသွားတာ​တောင်​ ၃ နှစ်​ရှိပြီ ငါ့ဆီ စာ​လေးတစ်​​စောင်​​တောင်​ မ​ရေးဘူး'
လေကြမ်းက အလစ်​ဝင်​ဝင်​တိုက်​သည်​။ မ​လေးရှားပိ​တောက်​ပင်​​ပေါ်က
စာသိုက်​​တွေ ပြုတ်​ကျသွားသည်​။ စာဥ​တွေ ကွဲကုန်​သည်​။
'ငါ နွားမဟုတ်​ဘူး ဝိုင်းစိန်​၊ ဒါ​ပေမယ့်​ ငါ ငါ နွားလုပ်​ပါရ​စေ
နင့်​အရှက်​နဲ့ အသက်​အတွက်​ ငါ နွားလုပ်​ပါရ​စေ'
တစ်​ခါတရံ၌ ချစ်​ခြင်း​မေတ္တာသည်​ နွားအုပ်​​ပျောက်​​နေ​သော နွား​ကျောင်းသားကဲ့သို့။
နွား​တွေ​ရော လူ​တွေ​ရော ယိုးဒယားသို့ ဒလ​ဟော စီးဝင်​​နေသည်​။
'ကိုရင်​ရယ်​ လှည်းကို ဖြည်းဖြည်း​မောင်းပါ တကတည်း
ရှင့်​လှည်းကြီးစီးရတာ ဖင်​​တွေရင်​​တွေကို ​အောင့်​​နေတာပဲ'
'တတိယလှိုင်းဆိုတာ ​ဟော့ဒီ ဖုန်​လုံးကြီး​တွေ​ပေါ့ မမိုး
ဟော ဟိုက ရိုးပြတ်​​တောကြီးက အသိမ်းခံထားရတဲ့ လယ်​​မြေ​တွေ​ပေါ့
တွေ့ လား ဟိုမှာ မုန့်​စိမ်း​ပေါင်းတုံးလို အလှီးခံထားရတဲ့ ​တောင်​ကြီး​လေ'
ဆွမ်း​တော်​ချက်​ရန်​ ထ​တော်​မူပါ့ ဘွန္တော သပ္ပုရိသအ​ပေါင်း သူ​တော်​​ကောင်းတို့ 
အော်​အီးအီးအွတ်​ ။ မနှစ်​က ပန်း​တောင်​ကိုင်​မ​လေးသည်​ ယခု
ခြ​င်္သေ့တစ်​ပိုင်းငါးတစ်​ပိုင်းကျွန်းကြီး​ပေါ်တွင်​ ကြမ်းတိုက်​​နေပါသည်​။
'ငါ အခု ရွာပြင်​က ​ရေနံပိုက်​လိုင်းကြီး​ပေါ်မှာထိုင်​ပြီး နင့်​ကိုလွမ်း​နေတယ်
ဒီပိုက်​လိုင်းကြီးအတိုင်း လိုက်​လာခဲ့ရင်​ နင်​နဲ့ ​တွေ့ရမှာလား ကြာညို'
နေလည်းညိုပြီ။ ​ရေလည်း​ခြောက်​ ကြာလည်း ​ပျောက်​ပြီ။
'နင့်​အ​ဖေ မဟုတ်​မခံလူရိုးတုံးတိုက်​ကြီးကို​လေ သူတို့ ဖမ်း​ခေါ်သွားကြပြီ'
ည​နေခင်းကြီးတစ်​ခုလုံး မျက်​ရည်​​တွေနဲ့ ပြည့်​သွားသည်​။
ကျေးလက်​သည်​ ​မောင်း​ကျောက်​မှန်​ထားသည့်​ ကြက်​ကဲ့သို့။
ရွာရိုးကို ဘယ်​သူ​တွေ ရိုင်းလိုက်​ကြသလဲ။
ရွာအရိုးကို ဘယ်​သူ​တွေ ကိုက်​​နေကြသလဲ။


လင်းလက်​တာရာ
15.10.2014

( ဗြူးတီးမဂ္ဂဇင်း ၊ ဒီဇင်​ဘာ ၊ ၂၀၁၄)

ဧရာမမီးခိုးမှိုပွင့်​ကြီး​တွေ



သူတို့​တွေ ကမ္ဘာဆီ ​ရောက်​လာပြီးကတည်းက မပြန်​​တော့
ဟီရိုရှိးမားမှာ ပွင့်​တယ်​ ၊ အ​ရှေ့ ​တောင်​အာရှမှာ ပွင့်​တယ်
ဥ​ရောပမှာ ပွင့်​တယ်​ ၊ လစ်​ဗျားမှာ ပွင့်​တယ်
အာဖဂန်​နစ္စတန်​မှာ ပွင့်​တယ်​ ၊ ဆီရီးယားမှာ ပွင့်​တယ်
အ​မေရိကမှာ ပွင့်​တယ်​ ၊ အာဖရိကမှာ ပွင့်​တယ်
တိုက်​ကြီး ၆ တိုက်​စလုံးမှာ သူတို့ပွင့်​တယ်
မြို့​တော်​ကြီးတစ်​ခုလုံး တစ်​စပြင်​ကြီးဖြစ်​သွား​အောင်​ သူတို့ပွင့်​တယ်
ဥယျာဉ်​ကြီးတစ်​ခုလုံး ပြာပုံကြီးဖြစ်​သွား​အောင်​ သူတို့ပွင့်​တယ်
သွေးသံရဲရဲ ​သေပန်း​တွေ အစုလိုက်​အပြုံလိုက်​ အဆုတ်​လိုက်​အခဲလိုက်​ဖြစ်​​အောင်​ သူတို့ပွင့်​တယ်
မိသားစု​တွေ၊ အသိုက်​အမြုံ​တွေ တစ်​စစီတစ်​ပိုင်းစီတစ်​မှုန့်​စီ ​ဖြစ်​​အောင်​ သူတို့ပွင့်​တယ်
မျက်​ရည်​​တွေ ​ချောင်းစီး၊ နှလုံးသားမှာ အာဃာတမီး​​တွေ ​တောက်​​အောင်​ သူတို့ပွင့်​တယ်
သမိုင်းတစ်​ခုလုံး ညစ်​​ထေး​​စုတ်​ပြတ်​ ကြည့်​ရက်​စရာမရှိ​အောင်​ သူတို့ပွင့်​တယ်
နိုင်​ငံကြီးတစ်​ခုလုံး ကုန်း​ကောက်​စရာမရှိ​အောင်​ သူတို့ပွင့်​တယ်
ကမ္ဘာကြီးတစ်​ခုလုံး ရစရာမရှိ​အောင်​ သူတို့ပွင့်​တယ်
မေတ္တာတရား​တွေ ပွင့်​တာ​ကောင်းတယ်​ ၊ သူတို့ပွင့်​တာ မ​ကောင်းဘူး
အနုပညာ​တွေ ပွင့်​တာ​ကောင်းတယ်​ ၊ သူတို့ပွင့်​တာ မ​ကောင်းဘူး
ပြတင်း​ပေါက်​​တွေ ပွင့်​တာ​ကောင်းတယ်​၊ သူတို့ပွင့်​တာ မ​ကောင်းဘူး
ပန်း​တွေပွင့်​တာ​ကောင်းတယ်​၊ သူတို့ပွင့်​တာ မ​ကောင်းဘူး
မ​ကောင်း​ပေမယ့်​လည်း ပွင့်​အား​ကောင်း​နေဆဲ သူတို့
တကယ်​​တော့ သူတို့ဟာ အ​လေ့ကျ​ပေါက်​လာတာ မဟုတ်
လူ​တွေကပဲ သူတို့ကို တကူးတက ပျိုး​ထောင်​ခဲ့ကြတာ
သူတို့မျိုး​အောင်​လာတာနဲ့အမျှ လူ​သား​တွေက မျိုးတုံး​ပေး​နေရပုံ
ဘယ်​​ခေတ်​ ဘယ်​စနစ်​​ ဘယ်​သက္ကရာဇ်​ ရောက်​မှ သူတို့ပွင့်​တာ ရပ်​မှာလဲ
သူတို့မပွင့်​​အောင်​ ငါတို့ ဘယ်​လိုပွင့်​ရမလဲ



လင်းလက်​တာရာ
26.10.2014

( ငြိမ်းချမ်း​ရေးကဗျာ ၁၀၀ ၊ ၂၀၁၅)

စိတ်​တစိမ့်​စိမ့်

လိုင်း​ပေါ်​ရောက်​တာနဲ့ အာရုံက ​နောက်​​တော့တာပဲ
ကျွဲ​ခြေရာခွက်​​လောက်​ အကြည်​ဓာတ်​​လေးကို နွားအုပ်​ကြီး ဖြတ်​နင်းသွား
နေ့စဉ်​လူ့ဖြစ်​တည်​မှုဆိပ်​ကမ်းမြို့​လေး​ပေါ် ဒီ​ရေ​တွေတက်​ပြီးတန့်​​နေ
နေထွက်​ချိန်​ကို မမီလိုက်​တဲ့​နေ့​တွေ များလာတယ်
နေဝင်​ချိန်​ကို မမြင်​လိုက်​ရတဲ့ရက်​​တွေ ထပ်​လာတယ်
တင်းထားတဲ့စိတ်​​တွေ အစည်းလိုက်​​​ပြေကျသွားတယ်
အမှိုက်​ကားထဲ သွန်​ချလို့မရတဲ့ အကုသိုလ်​​တွေကို ပြန်​ထမ်းလာရတယ်
တစက်​မြိတ်​က​နေ လှိမ့်​ကျလာတဲ့ ​ရေစက်​​တွေလိုပဲ
တချို့ဘဝ​တွေ ဘဝအဖြစ်​က​နေ ​လျှောကျ​နေ
ကဗျာဟာ ပင်​လယ်​​ရေမျက်​နှာပြင်​ထက်​ ဘယ်​​လောက်​မြင့်​မြင့်​မှာ လွင့်​​နေတဲ့​တောင်​လဲ
ကဗျာဟာ ပင်​လယ်​​ရေ​အောက်​ ဘယ်​​လောက်​နက်​နက်​မှာ မြုပ်​​နေတဲ့ ကျွန်းလဲ
မမြင်​ရတဲ့​တောင်​ကို ကိုယ့်​ဘာသာ နာမည်​​ပေးပြီး တက်​​နေ
မမြင်​ရတဲ့ကျွန်းကို ကိုယ့်​ဘာသာ နာမည်​​ပေးပြီး ရွက်​လွှင့်​​နေ
ညနက်​ကြီးထဲ ဘတ္ထရီအိုးလို အခန်းပျက်​​နေတဲ့ သိမှု​နန်းကြိုးမျှင်​​လေးရဲ့ လင်းပွင့်​မှု
ငါ့အခန်းကို ငါ ​လော့ချလိုက်​တယ်
တကယ်​​တော့ ငါ့အခန်းက ငါ့ကို ​လော့ချလိုက်​တာ
ငါ့သီးခြားကမ္ဘာထဲမှာ ငါဟာ သီး​နေတယ်​ ငါဟာ နင်​​နေတယ်
ငါ့နိုင်​ငံ​တော်​လည်း နိုင်​ငံ​ရေး အမြတ်​ထုတ်​ခံ​နေရတယ်
ငါလည်း ရုပ်​ပိုင်းဆိုင်​ရာမှာ​ရော စိတ်​ပိုင်းဆိုင်​ရာမှာ​ပါ အမြတ်​ထုတ်​ခံ​နေရတယ်
မြက်​ပင်​​လေး တစ်​ပင်​သာ ဖြစ်​လိုက်​ချင်​​တော့တယ်
ကောင်းကင်​ပြာကြီးကို ​မော့ကြည့်​ပြီး ​တွေး​ခေါ်မယ်
တိမ်​​တွေက ငါ့ဆီ ဆက်​သွယ်​လာမယ်​ ငါစိမ်းလန်းမယ်
ရေတံခွန်​လို ​ပျော်​ရွှင်​မှု​လေးကို မီး​တောက်​ကြီးထဲက ပြန်​​ရွေးရဦးမယ်
မိသားစုထမင်းဝိုင်း​လေးကို ဂလိုဘယ်​လှိုင်းလုံးကြီးထဲက ပြန်​ဆယ်​ယူရဦးမယ်
အစာအိမ်​​တွေအတွက်​ အသိုက်​မြုံအိမ်​ထဲက​နေ
စက်​ချို့ယွင်း​နေတဲ့ ​လေယာဉ်​တစ်​စင်းလို ပျံတက်​ခဲ့ရတယ်​ ခဏခဏ ပျက်​ကျတယ်
အခု ခဏခဏပြိုကျတတ်​တဲ့ စိတ်​ကူးသဲအိမ်​​လေးထဲမှာ
'သဲထဲ​ရေသွန်​'​တွေ မျက်​လုံးထဲဝင်​သွားတယ်
နှလုံးသားထဲ ဝင်​သွားတယ်​ ဦး​နှောက်​ထဲ ဝင်​သွားတယ်
လူဆိပ်​မိတဲ့ လူ​တွေ ကမ်း​ခြေ ဘယ်​နှခုစာ
ဘာသာ​ရေးအဆိပ်​​တွေ နိုင်​ငံ​ရေးအဆိပ်​​တွေ လူမျိုး​ရေးအဆိပ်​​တွေ
စိတ်​​တွေထဲ အဆိပ်​​တွေ ကူးစက်​ပျံ့နှံ့
အဆိပ်​​တွေ ​လေထုနဲ့အပြည့်​ အဆိပ်​​တွေ လူထုနဲ့အပြည့်
ဒီ​နေ့ရတဲ့တရားဟာ မနက်​ဖြန်​ထိ ခံပါ့မလား
လိုင်း​တွေကို ချွတ်​လိုက်​တပ်​လိုက်​လုပ်​ကြည့်​တယ်
စကားလုံး​တွေကို ချွတ်​လိုက်​တပ်​လိုက်​လုပ်​ကြည့်​တယ်
လောကဓံကိုလည်း ချွတ်​လိုက်​တပ်​လိုက်​လုပ်​ကြည့်​ချင်​တယ်
တချို့အဓိပ္ပါယ်​​တွေက လုပ်​ကြည့်​မှရလာတာ​တွေ တူးကြည့်​မှရလာတာ​တွေ
တူးကြည့်​လို့ရလာတဲ့ ​ရေ​တွေ ​ရေနံ​တွေ ​ကျောက်​သံပတ္တမြား​တွေ
တူးကြည့်​လို့ရလာတဲ့ ​ညှော်​နံ့​တွေမှာလည်း သူ့အဓိပ္ပါယ်​နဲ့သူ
ကိုယ်​လည်း ကိုယ့်​အဓိပ္ပါယ်​နဲ့ကိုယ်
လော​လောဆယ်​ သူငိုလို့ ကိုယ့်​ပါးမှာ စို​နေတဲ့ မျက်​ရည်​​တွေ



လင်းလက်​တာရာ
29.10.2014


မီးပုံးပျံ

အဲဒီမီးပုံးပျံကြီးက သူ့အပေါ်တည့်​တည့်
ပျက်​ကျလာလိမ့်​မယ်​လို့ မ​တွေးမိခဲ့ဘူး

အခု သူ​တွေးပြီ  
နောက်​ကျ ဥာဏ်​အလင်း​ပွင့်​​လေးနဲ့ သူ​တွေးပြီ

လက်​ခုပ်​သံ​တွေဟာ အချိန်​မ​ရွေးပျက်​ကျသွားနိုင်​တယ်​လို့ သူ​တွေးပြီ
ရယ်​သံ​လွင်လွင်​​တွေဟာ အချိန်​မ​ရွေးပျက်​ကျသွားနိုင်​တယ်​လို့ သူ​တွေးပြီ
လွတ်​လပ်​​ခြင်း​တွေဟာ အချိန်​မ​ရွေးပျက်​ကျသွားနိုင်​တယ်​လို့ သူ​တွေးပြီ
ပျော်​ရွှင်​ခြင်းတွေဟာ အချိန်​မ​ရွေးပျက်​ကျသွားနိုင်​တယ်​လို့ သူ​တွေးပြီ
ငြိမ်းချမ်း​ရေးဟာ အချိန်​မ​ရွေးမ​ရွေးပျက်​ကျသွားနိုင်​တယ်​လို့ သူ​တွေးပြီ
ယုံကြည်​ချက်​တွေဟာ အချိန်​မ​ရွေးပျက်​ကျသွားနိုင်​တယ်​လို့ သူ​တွေးပြီ
အမှန်​တရားလို့ ထင်​ရတဲ့အရာ​တွေအားလုံး အချိန်​မ​ရွေးပျက်​ကျသွားနိုင်​တယ်​လို့ သူ​တွေးပြီ

သူဆက်​​တွေးတယ်
မ​အောင်​မြင်​တဲ့ မီးပုံးပျံကြီးဟာ အယူဝါဒ တစ်​ခုလား
မ​အောင်​မြင်​တဲ့ မီးပုံးပျံကြီးဟာ အဖွဲ့အစည်း တစ်​ခုလား
မ​အောင်​မြင်​တဲ့ မီးပုံပျံကြီးဟာ ပါတီတစ်​ခုလား
မ​အောင်​မြင်​တဲ့ မီးပုံးပျံကြီးဟာ အစိုးရတစ်​ခုလား
မ​အောင်​မြင်​တဲ့ မီးပုံးပျံကြီးဟာ နိုင်​ငံတစ်​ခုလား

မ​တွေးရဲဘူး
မီးစားသွားတဲ့ အ​ရေပြား​တွေ
မီးစားသွားတဲ့ ဘဝ​တွေ


လင်းလက်​တာရာ
3.11.2014

နတ်​စင်​​ပေါ်က သစ်​သီး



လမ်း​ဘေးနတ်​စင်​​ပေါ်က သစ်​သီး​လေးက
ဆာ​လောင်​မွတ်​သိပ်​​နေသူကို ​မျှော်​​နေရှာတယ်
သူ့အနှစ်​သာရကို ဒီအတိုင်းကြီး အလဟာသ မပုပ်​ပွခဲ့ချင်​ဘူး​လေ
ငါကိုယ်​ချင်းစာစွာ စွန့့်စားလိုက်​ပါရဲ့




လင်းလက်​တာရာ
27.10.2014

စိတ်​ခလုတ်​ဖွင့်​သံ




မျက်​နှာကြက်​ဆီမှ ရပ်​​နေတဲ့ ပန်​ကာဟာ စတင်​လည်​ပတ်
လည်​​နေတဲ့ ပန်​ကာ​အောက်​မှာ လူ့​လောကကြီးထဲ အလည်​လာသူ
လည်​​နေတဲ့ ပန်​ကာ​အောက်​မှာ အစာစားတယ်
ွလည်​​နေတဲ့ ပန်​ကာ​အောက်​မှာ စာဖတ်​တယ်
ကော်​ဖီ​သောက်​တယ်​ အိပ်​စက်​တယ်​ အိပ်​မက်​တယ်
လေချွန်​တယ်​ သီချင်းနား​ထောင်​တယ်​ စိတ်​ကူးတယ်​ 
တွေး​ခေါ်တယ်​ ​ကော်​ဖီ​သောက်​တယ်​ ကဗျာ​ရေးတယ်
အွန်​လိုင်းသုံးတယ်​ လွမ်းဆွတ်​တယ်​ ​​ဒေါသထွက်​တယ်
ကြေကွဲတယ်​ ​ပျော်​ရွှင်​တယ်​ မျက်​ရည်​ကျတယ်​ လူသားဆန်​တယ်
လည်​​နေတဲ့ ပန်​ကာဆီ စိတ်​ကို ပစ်​တင်​မိ
သိပ်​အိုက်​တဲ့ဘဝကြီး သိပ်​ပူတဲ့ ရှင်​သန်​မှုကြီး
လည်​​နေတဲ့ ပန်​ကာဆီ အ​တွေးကို ပစ်​တင်​မိ
သိပ်​အိုက်​တဲ့ဘဝကြီး သိပ်​ပူတဲ့ ရှင်​သန်​မှုကြီး
လည်​​နေတဲ့ ပန်​ကာဆီ စာသား​တွေကို ပစ်​တင်မိ
သိပ်​အိုက်​တဲ့ဘဝကြီး သိပ်​ပူတဲ့ ရှင်​သန်​မှုကြီး
လည်​​နေတဲ့ ပန်​ကာဆီ မျက်​နှာသုတ်​ပုဝါကိုပါ ​ယောင်​ပြီး ပစ်​တင်​မိ
ဖွားခနဲ ၊ အမှုန်​​တွေ ကျလာ အခန်းတစ်​ခုလုံး ပြန့်​ကျဲ သွား
အိပ်​ရာ​ပေါ်မှာ စာအုပ်​​တွေ​ပေါ်မှာ ထမင်းပန်းကန်​ထဲမှာ
ကော်​ဖီခွက်​ထဲမှာ ​ရေးလက်​စကဗျာစာရွက်​​ပေါ်မှာ
အမှုန်​​တွေ အမှုန်​​တွေ အမှုန်​​တွေ အမှုန်​​တွေ
ကိုယ့်​ကိုယ်​ကိုယ်​ပဲ ကြည့်​​နေမိလို့ ကိုယ့်​ကို ​အေးမြ​စေသူကို​တောင်
ဂရုမစိုက်​ သတိမထားမိတဲ့ အမှုန်​လိုလူတစ်​​ယောက်
လည်​​နေတဲ့ ပန်​ကာကို ခဏ ရပ်​လိုက်​တယ်
သူ့ကိုယ်​​ပေါ်က အညစ်​အ​ကြေး​တွေကို သုတ်​သင်​ ရှင်းလင်း​ပေးလိုက်​တယ်
လူနဲ့ ပန်​ကာပါ ​နေရာချင်း လဲလှယ်​ လိုက်​တယ်
ပြီး​တော့ ဆက်​လည်​တယ်


လင်းလက်​တာရာ
11.11.2014

ဂွတ်​နိုက်

မဒမ်​တူး​ဆော့ပြတိုက်​ထဲက ​ဖ​ယောင်းရုပ်​တစ်​ရုပ်​ဟာ ငါဖြစ်​​နေတာ ထူးဆန်း​အံ့ဩဖွယ်
ထူးဆန်း​​အံ့ဩဖွယ်​ဟာ ရုတ်​တရက်​ ​မြွေ တစ်​​ကောင်​ဖြစ်​သွားပြီး ငါ့​ပေါင်​ကြားမှာ လာ​ခွေ
ငါ့ငယ်​ပါကိုခဲထား ငါလန့်​​အော်​မိ ငါ့​အော်​သံဟာ အက်​ဒဝပ်​မန့်​စ်​ရဲ့အော်​သံနဲ့ဆိုင်​မဆိုင်​ငါမသိ
ငါ့ငယ်​ပါကိုပဲ ငါအငမ်းမရ စမ်းကြည့်​မိ ​တော်​​သေး ပုံမပျက်​လို့ ငါ ရှူး​ပေါက်​ချင်​လာတယ်
ရှူး​ပေါက်​ချင်​စိတ်​ဟာ အိုဘားမားစီးလာတဲ့ ​လေယာဉ်​ကြီးဖြစ်​သွား အများသုံးအိမ်​သာဆီ
အ​ရေး​ပေါ် ပျံသန်း​ ​လေယာဉ်​မယ်​​လေးဟာ ငါ့​ကောင်​မ​လေးဖြစ်​​နေတာအံ့ဖွယ်​ ရုတ်​တရက်
ငါ့​ကောင်​မ​လေးဟာ သစ်​ရွက်​တစ်​ရွက်​ဖြစ်​သွား ငါ့ကို စိမ်းပြတယ်​ ဝါပြတယ်​ ​ရော်​ပြတယ်
ခြောက်​ပြတယ်​ ​ကြွေပြတယ်​ ငါတရားရလား မရလား ငါမသိ ငါ့​ရှေ့ မှာတင်​ သူမဟာ
ပန်းသီးတစ်​လုံး အဖြစ်​​ပြောင်းသွား  ငါ ဗိုက်​ဆာဆာနဲ့ လှမ်းအယူ ပန်းသီးဟာ ငါ့လက်​ကို
ကိုက်​လိုက်​တယ်​ ငါ့တစ်​ကိုယ်​လုံးကို လိုက်​ကိုက်​တယ်​ ငါ​လန့်​ပြီး ခုန်​ချလိုက်​တာ အများသုံး
အိမ်​သာထဲ တည့်​တည့်​ ဒူးရွှန့်​ရဲ့ အိမ်​သာခွက်​ကြီးလားလို့ ငါ ပွတ်​သပ်​ကြည့်​မိတယ်
ငါ ပွတ်​သပ်​မိတဲ့ အိမ်​သာခွက်​ကြီးဟာ ငါ့မျက်​ခွက်​ကြီး ဖြစ်​​နေ ငါ့လန့်​သွား ငါ​ကြောက်​သွား
ကြောက်​လန့်​လန့်​ပြီး ငါ့​သေး​တွေဟာ ငါ့မျက်​ခွက်​ကြီး​ပေါ် ပန်းထွက်​သွား မရပ်​​တော့ အံ့ဩစရာ
ငါ့​သေး​တွေဟာ ​ရေတံခွန်​ကြီးတစ်​ခုလို အဆက်​မပြတ်​စီးဆင်း​ သေးအားလျှပ်​စစ်​ကြီးတစ်​ခုကို
ငါတည်​​ဆောက်​ပစ်​လိုက်​တယ်​ တစ်​မြို့လုံးလင်းထိန်​သွား တစ်​​တိုင်းပြည်​လုံးလင်းထိန်​သွား
ကြည့်​စမ်း အိပ်​မက်​ကလန့်​နိုးလာတာ​တောင်​ မီးကမလာ​သေး ​မှောင်​လိုက်​တာ


လင်းလက်​တာရာ
13.11.2014

ငါ့​မေရီ

ပုလဲရည်​မိုး​ပေါက်​တို့ ​လောက​မြေပြင်​ကိုချီး​မြှောက်​သည့်
ပျိုး​ပေါက်​သစ်​ပင်​ မြသစ်​လွင်​ရာ နယုန်​​ကြေမူး ဝါဆိုဦးတွင်
မုတ်​သုံ​လေရူးနှင့်​အတူ ​မေရီတစ်​​ယောက်​ တက္ကသိုလ်​ သို့​ရောက်​ခဲ့​လေသည်​*

ဒါ ဘယ်​သူ့​မေရီလဲ ငါ့​မေရီလား ငါ့​မေရီ ဖြစ်​နိုင်​ / မဖြစ်​နိုင်
ငါ့​မေရီ ရဲ့ကလုန်းများလား ငါ့​မေရီရဲ့ ​ဆွေစဉ်​မျိုးဆက်​ လား
ငါ့​မေရီ ကို ဘယ်​သူ​တွေ မျိုးစပ်​လိုက်​ကြလဲ
အခု ငါ့​မေရီ ဘယ်​မှာလဲ ငါ့​မေရီ ဘယ်​မှာလဲ​နေလဲ
 
ပုလဲရည်​မိုး​ပေါက်​​တွေဟာ ငါ့​မေရီရဲ့ မျက်​ရည်​​တွေများလား
ငါ့​မေရီ ရဲ့စိတ်​အတွင်းသားထဲ ဘယ်​လိုအဆိပ်​​တွေဝင်​​ခွေ​နေလဲ
ငါ့​မေရီရဲ့ ဂုဏ်​သိက္ခာ​တွေကို ဘယ်​သူ​ဖောက်​​သောက်​​နေလဲ
ငါ့​မေရီရဲ့ ယဉ်​​ကျေးမှုအ​ကြေးခွံ​တွေ လန်​ကုန်​ပြီလား
ငါ့​မေရီရဲ့ အဝါ​ရောင်​သစ်​သီး​တွေ ပုပ်​ပွကုန်​ပြီလား

လောက​မြေပြင်​မှာ​ရော ငါ့​မေရီစစ်​စစ်​ ရှိ​သေးရဲ့လား
ငါ့​မေရီ ဟာ စနစ်​ဆိုးကြီးရဲ့ အန်ဖတ်​​တစ်​ခုဖြစ်​​နေပြီလား
ငါ့​မေရီ ဟာ လူ့အဖွဲ့စည်းကြီးရဲ့ လိင်​ကျွန်​တစ်​​ယောက်​ဖြစ်​​နေပြီလား
ငါဘယ်​သူ့ကို ချီး​မြှောက်​ရမလဲ ငါ့​မေရီ

လေ​ကောင်း​လေသန့်​ချစ်​တဲ့ ငါ့​မေရီ ​လေ​ကောင်း​လေသန့်​မှ ဝတ်​ဆင်​ရပါ့မလား
စိတ်​​ကောင်းစိတ်​သန့်​မြတ်​နိုးသူ ငါ့​မေရီ စိတ်​​ကောင်းစိတ်​သန့်​မှ ရှူရှိုက်​ရပါ့မလား
ငါ့​မေရီ့ကို ငါငတ်​တယ်​ ငါ့​မေရီ့ကို ငါဆာတယ်
ငါ့​မေရီကို ​လေ​ကောင်း​လေသန့်​လို ဝတ်​ဆင်​ထားချင်​တယ်
ငါ့​မေရီကို စိတ်​​ကောင်းစိတ်​သန့်​လို ရှူ ရှိုက်​ထားချင်​တယ်

ပျိုး​ပေါက်​သစ်​ပင်​​လေးလို ငါ့​မေရီ မြသစ်​လွင်​​သေးရဲ့လား
ငါ့​မေရီရဲ့ ရယ်​သံချွင်​ချွင်​​လေး​တွေကို ငါ​ခေါင်း​လောင်းထိုးချင်​တယ်
ငါ့​​မေရီရဲ့ အကိုင်းအခက်​အလက်​​တွေမှာ ငါအသိုက်​​ဆောက်​ချင်​တယ်
ငါ့​မေရီရဲ့ မြက်​ခင်းစိမ်းစိမ်း​လေးကို ငါဖက်​နမ်းချင်​တယ်

လက်​​ချောင်းကြားထဲက ​ရေ​တွေ ​လျှောကျသလို လူ့ဖြစ်​တည်​မှု​တွေလည်း ​လျှောကျ​နေပြီ
ငါ့​မေရီ ဟာ ငါ့လက်​​ချောင်းကြားထဲက​နေ ​ရေ​တွေလို ​လျှောကျသွားတာလား
အခု ငါ့​မေရီ ဘယ်​သူ့လက်​ခုပ်​ထဲက​ရေ ဖြစ်​​နေပြီလဲ

မင်းဆံပင်​​အ​ရောင်​အမျိုးမျိုးဟာ ဘယ်​လိုအဓိပ္ပါယ်​​တွေကို ဖွင့်​ဆို​နေမလဲ
မင်းရင်​သားဝါဝါ​တွေဟာ ​ပျော့ပြဲ​လျော့ရဲ​အ​ခြေခံလူတန်းစား​တွေကို ကိုယ်​စားပြု​နေလား
မင်းတော်​လှန်​လိုစိတ်​​တွေ ကို အိပ်​ရာခင်းအ​ကြေသားထဲ ​ရောထည့်​​ပေးလိုက်​ရပြီလား
မင်းရောင်​စုံပြတင်း​ပေါက်​​တွေကို ဘယ်​သူ​တွေက ​သော့ဂ​လောက်​ကြီး​တွေနဲ့ ခတ်​ထားထာလဲ ငါ့​မေရီ

နယုန်​​ကြေမူး ဝါဆိုဦး​တွေလည်း ဖက်​ရှင်​​တွေ ခဏခဏ​ပြောင်း​နေပြီ
မုတ်​သုံ​လေရူး​တွေလည်း ရုပ်​ဆိုးဆိုးရာသီဥတု​တွေနဲ့ ​သွေးသား​ဖြေ​ဖျောက်​​နေပြီ
ငါတို့အသက်​ကို ဖက်​နဲ့ထုပ်​ထားတဲ့ နိုင်​ငံ​တော်​လည်း အလံချိန်းသွားပြီ

အခု ငါ့​မေရီ ဘယ်​မှာလဲ ငါ့​မေရီ ဘယ်​မှာလဲ​နေလဲ
ငါ့​မေရီရဲ့ လူသားဆန်​မှု​တွေကို ဘယ်​သူ ​အောင်​​သေ​အောင်​သား စား​နေလဲ
ငါ့​မေရီရဲ့ မိခင်​​ကောင်းဖြစ်​ခွင့်​​တွေကို ဘယ်​သူလုံး​ချေစုတ်​ဖြဲ​နေလဲ
ငါ့​မေရီလို ငါ့​မေရီ​တွေ ဘယ်​​လောက်​​တောင်​များ​နေပြီလဲ

ငါ့​မေရီကို ငါရှာတယ်
လိုင်း​ပေါ်မှာ ငါ့​မေရီရဲ့ ညစ်​ညမ်းဓါတ်​ပုံ​တွေကို ငါရှာတယ်
လမ်း​ပေါ်မှာ ငါ့​မေရီရဲ့ ဘဝအစိပ်​အပိုင်းအကျိုးအပဲ့​တွေကို ငါရှာတယ်
ငါ့​မေရီရဲ့ ​နာ​ရေးသတင်းထိပါ ငါရှာတယ်

ငါ့​မေရီကို ငါမ​တွေ့  ငါ့ကိုယ်​ငါလည်း ​ငါမ​တွေ့ 
ငါ့ဖြစ်​တည်​မှုကလည်း ငါ့​မေရီရဲ့ ဖြစ်​တည်​မှုနဲ့ ဘာများကွာခြားလို့လဲ
ငါတို့ တက္ကသိုလ်​ ကို ​ရောက်​ခဲ့ကြပြီးတဲ့​နောက်


* ဆရာတက္ကသိုလ်​ဘုန်းနိုင်​ရဲ့'ညီမ​လေးရယ်​ စိုးရိမ်​မိတယ်​' ဝတ္ထုအဖွင့်​စာသား


လင်းလက်​တာရာ
6.8.2014





ကျင်​ယူထားတာ​တွေ သင်​ယူ

နေ​ရောင်​အပြင်းအထန်​လိုအပ်​​နေတဲ့ နှင်းဥတုက​လေးပါ
သိမှုအသီးအပွင့်​​တွေထဲမှာ ငါဝတ်​မှုံကူး​နေတယ်
လောကဒဏ်​ သို့မဟုတ်​ ​လောကဓံ
ကျောက်​တုံး​ကျောက်​​တောင်​​တွေလို တိတ်​ဆိတ်​ငြိမ်​သက်​ခုခံတတ်​ခြင်းအနုပညာ
ဓားအိမ်​ထဲမှာ ဓားနဲ့အတူ ယှဉ်​တွဲ​နေထိုင်​​နေ​သော တရား
အ​ရေးပြား​ပေါ် အယား​ပြေ ​လျှောက်​သွား​နေတဲ့ အထိအ​တွေ့​တွေ
မျက်​ကြည်​လွှာထဲမှာ သူမဟာ ၂၄နာရီစလုံး လင်း​နေတယ်
မီးပြတိုက်​ဟာ ကမ်း​ခြေမှာ ငုတ်​တုတ်​ကြီးထိုင်​​နေသလိုမျိုး
ချစ်​​မေတ္တာရဲ့ဗဟိုချက်​မှာ ငါငုတ်​တုတ်​ကြီးထိုင်​မိ
မျှော်​လင့်​ချက်​​ပေါ် တက်​​ပေါက်​​နေတဲ့ မှို
ကဗျာရယ်​ ငါ့မုတ်​ဆိတ်​ကို လာဆွဲပါ
ပျားရည်​​တွေမြင်​ပြီး ပျားအိမ်​​တွေဆီ မျက်​ရည်​ဝဲမိတယ်
လိပ်​ပြာက​လေး ​လေထဲမှာလမ်း​ပျောက်​​နေတာကို ပန်းပွင့်​က ကယ်​လိုက်​ပုံ
ပ​လွေသံဆီက ယဉ်​​ကျေးမှု၊ ​ကျေးလက်​ရနံ့နဲ့ ​တောရနံ့​တောင်​ရနံ့​တွေပါရတယ်
အရှိကိုအရှိတိုင်း ဖွဲ့ဖွဲ့နွဲ့နွဲ့​လေး ​ရော​မွှေ
ကော်​ဖီခွက်​ထဲ အဓိပ္ပါယ်​​တွေ ပူ​နွေး​နေဆဲ
သူမဟာ ယင်​​ကောင်​​ယောင်​​ဆောင်​ပြီး ငါ့​ကော်​ဖီခွက်​ထဲ လာပြုတ်​ကျ
ငါ့ကို အလစ်​နမ်းပြီး ထပျံ
လေယာဉ်​ပျံ​တွေမှာ အိမ်​လွမ်းနာ​တွေ ​ပေကျံ​နေတယ်
စက္ကူစွန်​က​လေးမှာ ရယ်​သံလွင်​လွင်​​လေး ကပ်​ငြိ​နေတယ်
ဘောင်​ခတ်​ထားတဲ့စိတ်​ကူးအ​သေထဲမှာ မရှင်​ချင်​ဘူး
မြစ်​​ဘေးမှာထိုင်​ပြီး မြစ်​ထဲမှာကူး​နေတဲ့ငါ့စိတ်​ကို ပင်​လယ်​ကလာပြီးကူးတယ်
မြက်​ပင်​​လေး​တွေဟာ မြက်​ရိတ်​သမားကိုပါ ထမ်းထားရ
မြက်​ရိတ်​သမားရဲ့စိတ်​ကူးစိမ်း​တွေကိုပါ ထမ်းထားရ
ထမင်းဝိုင်းထဲ မျက်​ရည်​တစ်​ပြင်​တည်း
နိုင်​ငံခြားဆိုတာကြီးထဲ နင်းလိုက်​တဲ့ငါ့သူငယ်​ချင်း ​ခြေတစ်​ဖက်​ပြတ်​သွားတယ်
ဘဝပျက်​ရင်​ ဘဝကို ပြင်​ရမှာပဲ
ခင်​ဗျားဟာ ခင်​ဗျားဘဝရဲ့ ဘဝပြင်​ဆရာ
ရေတံခွန်​​လေးကို သူမအိပ်​မက်​ထဲ အီး​မေးလ်​ ပို့​ပေးလိုက်​ပါတယ်
နေပူမိုးရွာ​ဆောင်းဖို့ ​ကောင်းကင်​အပြာ​လေးကို သူမအတွက်​ ထီးလုပ်​​နေပါတယ်
ရောင်​စုံသက်​တံ့​လေးကို စာသင်​​ကျောင်း​လေး​ပေါ် ​ရွှေ့ကြည့်​​နေတာ ကြည်​နူးစရာ
ဇွန်​ပန်းရုံအနီး က​လေး​တွေ ရယ်​​နေသည်
ကူ​ပျော်​​ပေးပါလား

်​လင်းလက်​တာရာ
7.8.2014

သင်​ယူထားတာ​တွေ ကျင်​ယူ

လက်နဲ့ ​ဆွဲစုတ်​လုံး​ချေလို့မရတဲ့ ​ကျောက်​တုံးကြီးဟာ စက္ကူဖြစ်​ချင်​ပါသတဲ့
လက်​နဲ့ ဆွဲစုတ်​လုံး​ချေလို့မရတဲ့ ​ကျောက်​တုံးကြီးကို ​ခွေးတစ်​အုပ်​ ​သေးနဲ့ ပန်းလိုက်​ကြတယ်
လက်​နဲ့ ဆွဲစုတ်​လုံး​ချေလို့မရတဲ့ ​ကျောက်​တုံးကြီး ​ပျော်​သွား၊ ' ​တော်​​သေး စက္ကူမဖြစ်​လို့ '

စပ်​ကူးမပ်​ကူးကြီးထဲ ကူး​​နေကြတယ်
စပ်​ကူးမပ်​ကူးကြီးထဲ လူး​နေကြတယ်​ ( ဒီ​နေရာမှာ )
'ဘဝ' လို့ ချ​ရေးပြီးမှ ပြန်​ဖျက်​ချင်​စိတ်​ ​ပေါက်​လာ​ပေမယ့်
ဒီအတိုင်းပဲ လိုင်းတစ်​လိုင်းအဖြစ်​ အသုံးပြုလိုက်​တယ်

ခုံး​ကျော်​တံတားတစ်​ခုဆီမှာ မမြင်​ရတဲ့ ခုံး​ကျော်​တံတားတစ်​ခု ရှိ​သေး
ခုံး​ကျော်​တံတားဟာ 'အတက်​' နဲ့ 'အဆင်း' ကြားက စိတ်​ပြတင်း​ပေါက်​တစ်​ချပ်
အောက်​ကို ငုံ့ကြည့်​​တော့ ဘဝသံသရာ​တွေ ဥဩစွဲသွား
အ​ပေါ်ကို ​မော့ကြည့်​​ပေမယ့်​ နိဗ္ဗာန်​ဘုံကို မ​တွေ့
ငှက်​တစ်​​ကောင်​ရဲ့ မစင်​ မျက်​လုံးထဲ ဝင်​သွားတယ်
မျက်​လုံးထဲက​နေ ဦး​နှောက်​ထဲ ဝင်​သွားတယ်
ဦး​နှောက်​ထဲက​နေ ရှိရှိသမျှ အ​ကြော​တွေထဲ

ဝါယာကြိုး​တွေနဲ့ ရက်​လုပ်​ထားတဲ့ မြို့ကြီး
ဝါယာကြိုး​တွေထဲမှာ မ​ကောင်းဆိုးဝါး​တွေ လျှပ်​စီး​နေတယ်
သိမှုအ​ဆောက်​အဦကြီးပြိုကျပြီး ပိ​နေတဲ့ သက်​ရှိ​တွေ
စွန့်​ပစ်​အမှိုက်​ပုံကြီးက​နေ လက်​​တွေ ထွက်​လာတယ်
ခြေ​ထောက်​​တွေ ထွက်​လာတယ်​၊ လမ်းထ​လျှောက်​လာတယ်

ခေါင်းပန်းလှန်​ကြ
နည်းပညာဟာ ​ခေါင်း ဖြစ်​ပြီး ​ဘေးထွက်​ဆိုးကျိုးဟာ ပန်း ဖြစ်​တယ်
ခေါင်းပန်းလှန်​ကြပြီး ​ခေါင်းပန်းလှန်​ကြ
ခေါင်းနဲ့ပန်းဟာ တွဲလျှက်​ ကျသွား

ပတ်​ပတ်​လည်​မှာ စက်​ယန္တရားတွေ လည်​ပတ်
ပတ်​ပတ်​လည်​မှာ sex ယန္တရား​တွေ လည်​ပတ်
ပတ်​ပတ်​လည်​မှာ  လည်​ပတ်

သတင်း​ခေါင်းစဉ်
နိုင်​ငံချင်း ပွတ်​တိုက်​မိရာမှ မီး​လောင်​မှု ဖြစ်​ပွား
နောက်​ထပ်​ သတင်း​ခေါင်းစဉ်
လူမျိုးချင်း ဘာသာအယူဝါဒချင်း ပွတ်​တိုက်​မိရာမှ ပြာကျသွား

အရိုးမှုန့်​​တွေကို ​မြေဩဇာလုပ်​ထားတဲ့ ​မြေအိုး​လေးထဲ
ပန်း​တွေ ​ဖွေး​ဖွေးလှုပ်​ ပွင့်​​နေပါပြီ


လင်းလက်​တာရာ
21.8.2014

ဆိုးရွားဆဲ/ဆဲလ်




လက်​ရှိအ​နေအထားက
လက်​ပြတ်​​နေတဲ့ အ​နေအထား။

အထားအသို​တွေလည်း သိုးကုန်​ပြီ
သိုး​ကျောင်းသား​လေးဟာ ​စာသင်​​ကျောင်းကို ​ငေး​နေပုံ မက်​တဖာခါးခါး​တွေ။

ယောင်​​နေတယ်​ ယင်း​နေတယ်​ ယင်​အုံ​နေတယ်
ထိုးသွင်းဒဏ်​ရာ အချက်​​ပေါင်းများစွာနဲ့ မြစ်​ကြီး။

ပေါ်ပင်​​တွေ ​ပေါ​လောကြီး ​မျော​နေခြင်း၌။

နေခြင်းဟာ ​နေနဲ့ ပိုနီးလာသလို
အရှင်​လတ်​လတ်​အ​သေများ။

သစ်​သီးအတုထဲ အရည်​ရွှန်းပြ​နေခြင်းတက္ကနစ်​​​တွေ။

တစ်​ချက်​ သမ်း​ဝေလိုက်​တိုင်း
သယံဇာတ အနံ့​တွေ ထွက်ထွက်လာ​​တဲ့ ပါးစပ်​ကြီး။

လူ့ အသက်​ချိုချို​လေး
လူ့ အ​သွေးအသား​မွှေး​မွှေး​လေး။

ပိတ်​မိ​နေတဲ့ form ကို ​ဖောင်​ဖျက်​တိုက်​​ဖို့။

ဇာတ်​ဟာ ​မျော​နေတယ်​ / ​မျော့​နေတယ်
ဇာတ်​လမ်းဟာ ဇာတ်​တူသား စားခန်း​တွေချည်းပဲ။

အနှစ်​မဲ့မဲ့နှစ်​​တွေ။

ကာလယန္တရားရဲ့ ​ပေါင်​ကြားမှာ ယမ်းနံ့​တွေ ထွက်​​နေတယ်
မြိုးမြိုးမြက်​မြက်​ မျက်​ရည်​​တွေ​ပေါ် အိပ်​လို့ ​ပျော်​ပါစ။

လူထုထဲ ထုနဲ့ထည်​နဲ့ အာဏာကူးစက်​ပိုးမွှား​တွေ
တ​မြေ့​မြေ့တမြိုက်​မြိုက်​ ကင်​ဆာအသိုက်​မြုံကြီး။



လင်းလက်​တာရာ
22.11.2014

ယူကလစ်​ / You Click



ယူကလစ်​ပင်​​တွေဟာ ​ရေတံခွန်​ စိမ့်​စမ်း​တွေကို ခန်း​ခြောက်​​စေနိုင်​ပြီး
ဂေဟစနစ်​ကို ပျက်​စီး​စေနိုင်​​ကြောင်း ဘကြီးမသိခဲ့ပါ
ယူကလစ်​ပင်​စည်​မှ စက္ကူ​ပျော့ဖတ်​ ထုတ်​လုပ်​နိုင်​​ကြောင်းကိုလည်း ဘကြီးမသိခဲ့ပါ
ယူကလစ်​ရွက်​ မ​တော်​တဆ စားမိပါက အစာ​ရေမျိုလမ်းတစ်​​လျှောက်​ အဆိပ်​သင့်​​စေပြီး
လိင်​အင်္ဂါအဖွဲ့အစည်းကိုပါ ထိခိုက်​​စေနိုင်​​ကြောင်း ဘကြီးမသိခဲ့ပါ
ယူကလစ်​ပင်​ရဲ့ အမြစ်​​တွေဟာ တခြားသစ်​ပင်​အမြစ်​​တွေရဲ့အစာ​ရေစာ​တွေကို
လုယူစားသုံးတတ်​​ကြောင်းကိုလည်း ဘကြီးမသိခဲ့ပါ
ယူကလစ်​အရွက်​မှ ထွက်​​တဲ့ ပျံ့လွင့်​အဆီဓာတ်​ဟာ ​မြေဩဇာဖြစ်​ဖို့ ဖန်​တီး​ပေးတဲ့
ဖန်းဂတ်​မှို​တွေကို ​သေ​ကြေပျက်​စီး​စေ​ကြောင်း ဘကြီးမသိခဲ့ပါ
အိန္ဒိယ နဲ့ ​တောင်​အာဖရိကမှာ ယူကလစ်​ပင်​ ဟက်​တာ​ပေါင်းများစွာ စိုက်​ပျိုးမှု​ကြောင့်
ရေအရင်းအမြစ်​များစွာ ပျက်​စီးကုန်​​ကြောင်း ဘကြီးမသိခဲ့ပါ
မသိခြင်းများစွာနဲ့ပဲ ​တောသူ​တောင်​သား ဘကြီးဟာ ယူကလစ်​ပင်​​တွေကို ရိုးရိုးသားသား စိုက်​မိ
ဘကြီးဟာ ယူကလစ်​ပင်​လို ​ဖြောင့်​မတ်​သူ
ဘကြီးရဲ့ ရိုးဂုဏ်​ဟာ ယူကလစ်​ရနံ့လို ဝန်းကျင်​မှာ ပျံ့နှံ့
ဘကြီးရဲ့ ဘဝအနာတရ​တွေဟာ ယူကလစ်​ပင်​ရဲ့ အ​ခေါက်​လိုပဲ
အ​ဟောင်းကွာကျသွားတယ်​ အသစ်​ဖြစ်​တည်​လာတယ်
ဘကြီးရဲ့ အနှစ်​သာရဟာ ယူကလစ်​အနှစ်​အသားလိုပဲ မာရဲ့
အရွက်​တဖားဖား​နေ့ရက်​​တွေ ကိုင်း​ခြောက်​လို မ​ပျော်​ရွှင်​မှု​တွေလည်း တူရဲ့
ဘကြီးဟာ ယူကလစ်​ပင်​​တွေကို ဘာ​ကြောင့်​စိုက်​ခဲ့လဲ
လေထုညစ်​ညမ်းမှု​ကြောင့်​လား သစ်​​တော​တွေ ​ခုတ်​လှဲခံရလို့လား
ဘကြီးစိုက်​ခဲ့တဲ့ ယူကလစ်​ပင်​​တွေဟာ ဘကြီးကို စိုက်​ကြည့်​​နေပြီ
ဘကြီးဟာ ယူကလစ်​​ပင်​​တွေကို ဘာအဓိပ္ပါယ်​​တွေနဲ့ စိုက်​ခဲ့လဲ
အိပ်မက်​​ရှု​ခင်း​တွေ မီးရှို့ ခံရလို့ လား အနက်​​ရောင်​သက္ကရာဇ်​​တွေကို စိမ်း​ရောင်​ခြယ်​ချင်​လို့လား
ဘကြီးငုံ့ကြည့်​ခဲ့ရတဲ့ ယူကလစ်​ပင်​​တွေကို ဘကြီး​ ပြန်​လည်​​မော့ကြည့်​​နေခဲ့ရ
ဘကြီးကို​မော့ကြည့်​ခဲ့ရတဲ့ ယူကလစ်​ပင်​​တွေဟာ ဘကြီးကို ပြန်​လည်​ ငုံ့ကြည့်​လို့
အဲဒီလို အချိန်​ကာလ အ​ပြောင်းအလဲကြမ်းကြီး တစ်​ခုမှာ ဘကြီးဆုံးတယ်
ဘကြီးရဲ့ရုပ်​အ​လောင်းကို ယူကလစ်​သားတချို့နဲ့ မီးသင်္ဂြိုဟ်​တယ်
ကျန်ရစ်​သူ သားသမီးများဟာ ယူကလစ်​ပင်​​တွေနဲ့ သစ်​လုံးအိမ်​​လေး​တွေ​ဆောက်​လို့
ယူကလစ်​သား​တွေနဲ့ စာ​ရေးစားပွဲလှလှ​လေး စပ်​လို့
ယူကလစ်​ပင်​​တွေရဲ့ စိမ်းလန်းမှုကို ရှူရှိုက်​လို့်
ယူကလစ်
You Click
ဘကြီး ချန်​ရစ်​ခဲ့တဲ့ လင့်​ခ်​ကို ငါ ကလစ်​ကြည့်​လိုက်​တယ်


လင်းလက်​တာရာ
29.11.2014

ခင်​ဗျားမှာ အိပ်​မက်​ရှိလား




လယ်​ကြွက်​တစ်​​ကောင်​မှာ​တောင်​ အိပ်​မက်​ရှိတယ်
လယ်​ကြွက်​တစ်​​ကောင်​ရဲ့အိပ်​မက်​ဟာ လုံးကြီး​ပေါက်​လှ စပါးခင်းကြီးဖြစ်​တယ်
လယ်​ကြွက်​တစ်​​ကောင်​ရဲ့ အိပ်​မက်​ဟာ လုံးကြီး​ပေါက်​လှ စပါးခင်းကြီးလို အစွမ်းကုန်​ စိမ်းလန်း

လုံးကြီး​ပေါက်​လှ စပါးခင်းကြီးဟာ လယ်​ကြွက်​တစ်​​ကောင်​ရဲ့ နိဗ္ဗာန်​ဘုံ
လယ်​ကြွက်​ဟာ နိဗ္ဗာန်​ဘုံ ကို ​မျှော်​မှန်းပြီး ရှင်​သန်​တယ်
နိဗ္ဗာန်​ဘုံ ကို ရည်​စူးပြီး သွား​တွေကို ​သွေးတယ်

အိပ်​မက်​တို့ ​ရွှေရည်​လူး​လေပြီ
ရွှေဝါ​ရောင်​ လုံးကြီး​ပေါက်​လှ စပါးခင်းကြီးထဲမှာ လယ်​ကြွက်​ဟာ ​ပျော်​ရွှင်​စွာ
လယ်​ကြွက်​ဟာ နိဗ္ဗာန်​ဘုံဆီ ​ရောက်​သွား
ထက်​မြက်​တဲ့ သွား​တွေနဲ့ နိဗ္ဗာန်​ဘုံကို ကိုက်​ဖြတ်​စား​သောက်
ရုတ်​တရက်​ လယ်​ကြွက်​ရဲ့ ​ခြေ​ထောက်​​တွေဟာ ​ထောင်​​ချောက်​ထဲ

နွား​ကျောင်းသား​လေးဟာ လယ်​ကြွက်​​တွေကို ​ရောင်းပြီး ​ကျောင်းစရိတ်​ စု​နေတယ်
နွား​ကျောင်းသား​လေးဆီမှာလည်း အိပ်​မက်​အကြီးကြီး


လင်းလက်​တာရာ
3.12.2014

ကင်​မရာ အ​ရွေ့ 

Click ။ ဝတ်​လစ်​စလစ်​​ကောင်းကင်
           အ​တောင်​ကျိုး​နေ​သော တိမ်​များ
           အရူးရင့်​ရင့်​​နေ

Click ။ စိတ်​ကူးစိမ်းစိမ်းမြက်​ခင်းလွင်​ပြင်
            တလျှပ်​တလူလူဘဝတ​ထောင်း​ထောင်းကန္တာရ

Click ။ စိတ်​ကူးစိမ်းစိမ်းမြက်​ခင်းလွင်​ပြင်​ နှင့်
            တလျှပ်​တလူလူဘဝတ​ထောင်း​ထောင်းကန္တာရ စပ်​ကြား

Click ။ ​ခြေရာများ၊ အမည်​မဲ့ခရီးများ
            သံသရာနှင့်​ ရုပ်​ချင်းခပ်​ဆင်​ဆင်​ မိုးကုတ်​စက်​ဝိုင်း

Click ။ လူတစ်​​ယောက်​၊ ရိက္ခာထုပ်​များ၊ စက်​ဘီးတစ်​စီး
            ကုလားအုတ်​တစ်​​ကောင်​​ပေါ်မှာ



လင်းလက်​တာရာ
27.8.2014

မီး ဗျို့  မီး




မီးဖွားသည်
မီးသင်္ဂြိုဟ်​သည်

လူနှင့်​ မီးမုန်​တိုင်းများ
လူနှင့်​ မီးငလျင်​များ
လူနှင့်​ မီး​တောင်​များ
လူနှင့်​ မီးနျူးကလီးယားများ
လူနှင့်​ မီးသက္ကရာဇ်​များ
လူနှင့်​ မီးသမိုင်းများ

ကမ္ဘာဟာ မီးကို စတင်​​တွေ့ ရှိသူနဲ့
မီးကို ဆက်​လက်​သယ်​​ဆောင်​သူနဲ့
ကမ္ဘာဟာ ​နေဝင်​မီးငြိမ်းအမိန့်​နဲ့
မိမိကိုယ်​ကိုယ်​မိမိ မီးရှို့ဆန္ဒပြခြင်းနဲ့
ကမ္ဘာဟာ မီး​လောင်​တိုက်​သွင်းခံရတဲ့ ဘာသာ​ရေးအ​ဆောက်​အဦ​တွေနဲ့
မီးကျွမ်းသွားတဲ့ မြို့​တွေ ရွာ​တွေ သစ်​​တော​တွေ ယာခင်း​တွေနဲ့

မီးထုတ်​လုပ်​ဖြန့်​ချိ​ရေးမှ ​အောက်​ပါမီးများကို မှာယူရရှိနိုင်​ပါတယ်
ဝမ်းမီးများ စစ်​မီးများ ​အမုန်းမီးများ ​အာဏာမီးများ 
ဒေါသမီးများ ​မောဟမီးများ ​လောဘမီးများ ​ပေါ့ဆမီးများ 
ကိ​လေသာမီးများ အာဃာတမီးများ ​လောကဓံမီးများ နည်းပညာမီးများ
ငွေမီးများ 'ငါ'မီးများ အချစ်​မီးများ သံသယမီးများ အထူးပြုလုပ်​ချက်​မီးများ 
နိုင်​ငံ​ရေးမီးများ စီးပွား​ရေးမီးများ လူမှု​ရေးမီးများ အယူဝါဒမီးများ
မီး​သွေးများ ခဲယမ်းမီး​ကျောက်​များ မီး​မွှေးသူများ မီး​ရောင်းသူများ
မီးဝယ်​သူများ မီးကူးသူများ မီး​ဆော့သူများ မီးဆာသူများ
မီးစားသူများ မီးကစားသူများ မီး​လောင်​ရာ​လေပင့်​များ သား​ကောင်​ချနင်းမီးများ

မျက်​စိနှင့်​မြင်​ရ​သော မီးများကို ​​ဖော်​ပြပါ
မျက်​စိနှင့်​မမြင်​ရ​သော မီးများကို ​ဖြေဆိုပါ

ပိုးဖလံလို လူများဟာ မီးကို ဖွဲ့နွှဲ့ လျှက်
စွန့်​ပစ်​အမှိုက်​များဟာ ပြာသာဒ်​ကို ကွန်​ဆက်​လျှက်
'မီးများမီးနိုင်​'ဟာ အမှတ်​​ပေးဇယားကို ဆက်​လက်​ဦး​ဆောင်​လျှက်

ကွက်​လပ်​ဖြည့်​ပါ
(က) မီးအိမ်​ရှင်
(ခ) မီးငြှိမ်းသူ
(ဂ) မီးပြတိုက်

မီးသည်​ တူး၍မကုန်​​သော ​ရေနံ​ကြောကြီးဖြစ်​ပြီး
သောက်​၍မကုန်​​သော ပင်​လယ်​ကြီးဖြစ်​သည်

မီးဘဝနဲ့မီးသာ ရှိပါ​စေ​တော့ဦးရယ်​ က အစ
အရူးမီးဝိုင်း အလယ်
မီး​ပေါ်ယမ်းကျ အဆုံး စာစီကုံးပါ

'သင့်​​ကြောင့်​ မီးမ​လောင်​ပါ​စေနှင့်​' ဟာ မီးစွဲ​လောင်​​နေတယ်
'မီး​ကြောင့်​ သင်​မ​လောင်​ပါ​စေနှင့်​' ပါ ပြာကျသွားတယ်


လင်းလက်​တာရာ
7.11.2014

ငါတို့ဟာ အချိန်​မ​ရွေးဖျက်​ချခံရနိုင်​တဲ့ သ​န္ဓေသား​လောင်း​တွေ





တိမ်​မည်း​တွေကို ဆွဲဖြဲပြီး ထွက်​လာတဲ့ ကြယ်​ဟာ တိမ်​မည်း​တွေထဲ ဝင်​သွားတယ်
နေမဝင်​အင်​ပါယာ ဟာ ကြယ်​လား တိမ်​မည်းလား
စကြာတံဆိပ်​ ဟာ ကြယ်​လား တိမ်​မည်းလား
ခင်​ဗျားမှာ ကြယ်​ ဘယ်​နှစင်းရှိပြီး တိမ်​မည်း ဘယ်​နှခင်း ရှိလဲ
စောက်​ကြီး​စောက်​ကျယ်​​ လပြည့်​ညကို မ​စောင့်​​တော့ဘူး
ချက်​ချင်း ထ​ဆောက်​လိုက်​တယ်​ ဖွဲ့စည်းလိုက်​တယ်​ ​ရေးသားလိုက်​တယ်
'ဒွိ' ဆန်​တဲ့ အ​ရေးအသားဟာ 'ဟ' ​နေတယ်
'ဟ' ​နေတဲ့ အ​ပေါက်​က​နေ လွတ်​​မြောက်​မှု အာကာသကို ​တွေ့ နိုင်​မယ်
ကဗျာ့တံခါးကို လာလာ​ခေါက်​​နေတဲ့ ​ခေတ်​ပြိုင်​တ​စ္ဆေ
လက်​သည်းအရှည်​ကြီးနဲ့ ကုတ်​ခြစ်​တယ်​ ဆံနွယ်​ရှည်​ကြီးနဲ့ လည်ပင်းပတ်​​​တယ်
ခြေ​ထောက်​အရှည်​ကြီးနဲ့ ​စောင့်​ကန်​တယ်​ လျှာအရှည်​ကြီးနဲ့ နမ်းတယ်
နှစ်​များဟာ အစိမ်း​သေလို ​ခြောက်​လန့်​တယ်
တစ်​​ယောက်​​သောသူ ကာလီမယ်​​တော်​အတွက်​ ယဇ်​ပူ​ဇော်​လို့
တစ်​​ယောက်​​သောသူ ငါးသက်​​စေ့လွှတ်​လို့
သိမှုမှာ မီးစိမ်း​နေပုံ​လေး ဆန်းကြယ်
ကမ္ဘာကြီးဆီ လှမ်း 'ချက်​တ်​'တယ်​ အာရှတိုက်​ကြီးဆီ လှမ်း 'တက်​ဂ်​' တယ်
'အမျိုးသမီး မဝင်​ရ' ဆိုင်းဘုတ်​ကို ​မေးခွန်း​တွေ ထုတ်​​နေမိတယ်
ရင်​ပြင်​​တော်​​ပေါ်​ရောက်​မှ စိတ်​အမှိုက်​​တွေ လှဲကျင်းဖို့ သတိရတယ်
'ငါ' ဟာ ငါ့မိသားစု ရဲ့ အမှိုက်​ပဲ
'ငါ' ဟာ ငါ့ချစ်​သူရဲ့ အမှိုက်​ပဲ
'ငါ' ဟာ ငါ့ကိုယ်​ငါရဲ့ အမှိုက်​ပဲ
လေ​ကောင်း​လေသန့်ဟာ ငါဖြစ်​ချင်​လိုက်​စမ်းပါဘိ
ပရိ​ဘောဂစက်​ရုံကြီးဟာ ​လေထုညစ်​ညမ်းမှု ကို ထုတ်​လုပ်​တယ်
ပရိ​ဘောဂစက်​ရုံလုပ်​သား'ငါ' ဟာ ​နေ့စဉ်​ သစ်​​တော​တွေကို သစ္စာ​ဖောက်​တယ်
ငါဟာ ဗီလိန်​ လို့ ကိုယ့်​ကိုယ်​ကိုယ်​ လိမ်​ကြည့်​တယ်
လိမ်​လို့မရတဲ့အခါ ကိုယ့်​ကိုယ်​ကိုယ်​ ​ရေစိုအဝတ်​လို လိမ်​ညှစ်​ချလိုက်​တယ်
ရေ​တွေ ကျမလာဘဲ ​သွေး​တွေကျလာတယ်
'ငါ' ဟာ ငါ့လက်​ထဲမှာ သံဆူးကြိုးဖြစ်​​နေတယ်
နေ့ချင်းအတူတူ​တောင်​ ​နေ့​ကောင်း​နေ့မြတ်​​တွေက ကိုလိုနီ ပိုဆန်​တယ်
နေ့ခင်း​ခြောက်​ကြီးရဲ့ သစ်​ရွက်​​ခြောက်​မှာ ငါဟာ ပိုးစာ​ပေါက်​ဖြစ်​​နေတယ်
ငါတို့ကို အကြိမ်​ကြိမ်​ မုဒိမ်းကျင့်​​နေတာ​တောင်
နိုင်​ငံ​တော်​ရဲ့ အထွတ်​အထိပ်​အချိန်​က ​ရောက်​မလာ​သေး
နယ်​ခြားစည်း​တွေကို ဖြတ်​​ကျော်​စီးဝင်​​နေတဲ့ လိင်​ကျွန်​စွပ်​​ကြောင်းကြီးဟာ
ထင်​ရှားတဲ့ အမှတ်​အသား ဖြစ်​တယ်
ဆင်းရဲခြင်းကို ​လျှော့ချရမယ့်​အစား ဖုံးကွယ်​ဖို့ ကြိုးစားတဲ့ လိုင်းဟာ
မစင်​​ကြောကြီးလို ​ငေါထွက်​သွားတယ်
အမှားသက်​သက်​ကြီး သက်​ဆိုးရှည်​​နေပုံ မြင်​ကွင်းစုံလင်
စောက်​​ရေးမပါတာ​တွေကို ​ဆောက်​သွားနဲ့ ဖဲ့ထုတ်​လိုက်​မှ
တိုင်းပြည်​ကြီးက ရုပ်​လုံးကြွလာမှာ
ငါဟာ ယဉ်​​ကျေးတဲ့ အရိုင်းတုံး
ငါဟာ ဖိနှိပ်​ခံပုံ​ဆောင်ခဲထဲမှာ ခဲ​နေတဲ့ ကျစ်​လစ်​သိပ်​သည်းမှု
ငါဟာ ငါ့ ​တော်​လှန်​​ရေးကာလရဲ့ လက်​နက်​ခဲယမ်း
ငါ့ကိုယ်​ငါ ​သေ​ကြောင်းကြံစည်​ပြီး ငါ့ကိုယ်​ငါ ရှင်​သန်​ထ​မြောက်​တယ်
ငါ့ဟီယိုရှီးမား နဲ့ ငါ့ပုလဲဆိပ်​ကမ်းကို သွယ်​တန်းကိုင်းညွှတ်​​ပေးလိုက်​တဲ့ 
ဆေး​ရောင်​စုံ သက်​တံ့​လေးဟာ ငါ​ပေါ့
ငါ့တိုက်​တန်းနစ်​သ​ဘောင်္​ပေါ်က နာကျင်​အချိန်​ပိုအနုပညာဟာ ငါ့တ​ယောထိုးသံ​တွေ​ပေါ့
ငါ့မာနခံတပ်​မြို့ကြီးကို ငါ တစ်​ရက်​တည်းနဲ့ တည်​​ဆောက်​ လိုက်​တယ်​​ပေါ့
ပေါ့ပ်​ ယဉ်​​ကျေးမှုထဲ ​မ​ပေါ့မပါး
ငါ့တို့မှာ သမိုင်း​ပေးလို့ လွယ်​ထားရတဲ့ ကိုယ်​ဝန်​ ကိုယ်​စီနဲ့



လင်းလက်​တာရာ
7.12.2014



ခက်​ခက်​ခဲခဲခူး​နေရတာကိုက






ကိုယ်​ထင်​ခုတင်​​ရွှေနန်းကြီးဟာ ကျိုးကျသွားတယ်
ကျိုးကျဖို့ တည်​​ဆောက်​ခဲ့ရတာ အရင်းကြီးကြီး
နောက်​ဆုံး​ပေါ် ​မျှော်​လင့်​ချက်​ကြီးဟာ ပြာပုံထဲက ကုန်းထလာတယ်
ပြာပုံထဲက ကုန်းထလာဖို့ ​လောင်​ကျွမ်းလိုက်​ရတာ အရိုး​ငေါ​ငေါ
သံဆူးကြိုး​တွေ​ပေါ်က အညွှန့်တလူလူ ​နေ့စွဲ​တွေ
ဘာမှမ​ရေးဖြစ်​ခြင်းထဲ သီးပွင့်​​နေတဲ့ စာသား​တွေ
အဓိပ္ပါယ်​နက်​နက်​​ရေတံခွန်​ကို ဆန်​တက်​​နေတဲ့ ငါးဟာ ငါ ဖြစ်​တယ်
ငါ့ကို ထားခဲ့တဲ့အရာ​တွေ​ရော ငါက ထားခဲ့တဲ့အရာ​တွေ​ရော
ခရီးက ဆုံးကို မဆုံးဘူး အစ​တွေချည်းပဲ
အစ​တွေက ချည်​သွားတာ မရုန်းနိုင်​ မရယ်​နိုင်
ပျော်စရာ တစ်​ဆယ်​သား​လောက်​ ​ရောင်းပါ
လူငယ်​ဘဝရဲ့ အနှစ်​အသား​တွေကို ရတဲ့​ဈေးနဲ့ ​ရောင်း​နေရတယ်
လူငယ်​ဘဝရဲ့ အနှစ်​သာရ​တွေဟာ ​​ခြောက်​သ​ယောင်း​နေတယ်
လူငယ်​ဘဝရဲ့ ရိုးရိုးသားသား​တွေဟာ ယောင်​ကိုင်းမို့အစ်​​နေတယ်
မနှစ်​က​ဆောင်းဟာ ငါ့ရင်ဘတ်​​ထဲမှာ ပူပူ​နွေးနွးပဲ ရှိ​သေးတယ်
ကိုယ့်​​ကိုယ်​ကိုယ်​ ရှာတာ​တောင်​ မ​တွေ့တဲ့သူက အခြားတစ်​​ယောက်​ကို ရှာလို့
နေ့စဉ်​ ရှင်​သန်​ကျင်းထဲက​နေ ​မြွေမ​ကြောက်​ကင်းမ​ကြောက်​ နိုက်​ယူမိခြင်း​တွေ
မ​တောင်း​ပေမယ့်​ မလိုချင်​တာ​တွေလည်း ရ​နေတယ်
ကိုယ်​စီဝတ်​ဆင်​ထားရတဲ့ ဝဋ်​ဒုက္ခဖက်​ရှင်​ဒီဇိုင်းအလန်းများ
အန္တရာယ်​အနံ့​တွေ နံ့နံ့တက်​ ဆတ်​ဆတ်​လူး ပလူပျံ ရွစိထိုး​နေတယ်
ကိုယ့်​နိုင်​ငံမှာတုန်းက ကြက်​ဖ သူများနိုင်​ငံ​ရောက်​မှ ကြက်​ဥအဆံ​ချောင်
ဘောင်​​တွေကို လွတ်​​အောင်​ ​ရှောင်​ရင်း​ရှောင်​ရင်း
လှောင်​အိမ်​ထဲက​နေ အိမ်​ကို ​ငေးပြီး သွားရည်​ယို​နေရသူ​တွေ
မျက်​ရည်​ယို​ပေါက်​ကြီးကလည်း ကျယ်​လိုက်​တာ
သောက်​​နေတဲ့ ​ကော်​ဖီခွက်​​ပေါ် အင်္ဂါမစုံတဲ့ အ​ကြောင်းချင်းရာ​တွေ လာနားတယ်
နားနဲ့မဆံ့တဲ့ အသံ​တွေ နားထဲ သံ​တွေ ရိုက်​သွင်း​နေသလို
မြင်​ကွင်း​တွေကို မြူ​တွေက ကိုလိုနီထားတုန်း
'သဲ​သောင်​​ပေါ် ဆွဲခဲ့တဲ့ မိသားစု ပုံတူကို လှိုင်းလုံး​တွေ လှန်​ပြီးပြန်​ရှာ​နေတာပါ ' တဲ့
တနင်္ဂ​နွေ ဟာ မြစ်​​ရေထဲ ​မျောသွားတဲ့ ​ရေသန့်​ဗူးခွံဖြစ်​ပြီး
ရေသန့်​ဗူးခွံထဲမှာ ငါ့ SOS ပါတယ်
စိတ်​မိုင်​တိုင်​​တွေ ရှည်​လျားပုံ
စိတ်​မိုင်​တိုင်​​တွေ ပြတ်​ထွက်​သွားပုံ
အမှိုက်​ပုံထဲက​နေ ကိုယ့်​ကိုယ်​ကိုယ်​ ပြန်​​ကောက်​ခဲ့ရပုံ
ဝက်​ရဲ့ အ​ရေပြား​ပေါ်မှာ အသားတံဆိပ်​နံပါတ်​​တွေ
လူ​တွေမှာလည်း ​မွေးကတည်းက ပါလာတဲ့ မမြင်​ရတဲ့ တက်​တူး​တွေ
ဟောဒီမှာ တလူလူအူ​နေတာ
ကိုယ့်​ကိုယ်​ကိုယ်​ ကုန်​ကြမ်းလုပ်​ပြီး
ကိုယ့်​ကိုယ်​ကိုယ်​ ကုန်​​ချောထုတ်​​နေရတဲ့ စက်​ရုံတစ်​ရုံရဲ့ မီးခိုး​တွေ​လေ
ယ​နေ့ လူ့ဖြစ်​တည်​မှု ရရှိနိုင်​ပါပြီ
ယ​နေ့ လူ့ဖြစ်​တည်​မှု ကုန်​ပြီ


လင်းလက်​တာရာ
21.12.2014

အရွက်​​ပေါ် အ​ရောင်​ရဲ့အ​ရွေ့ 

အချပ်​ပို​တွေ​ပေါ် အချို​တွေ ပက်​ထားပုံ ၊ ခါးလိုက်​တာ
နေကြာပန်းခင်းကြီးထဲ ​မှောက်​ကျသွားသူ ​နေ​ရောင်​ခြည်​​မွှေး​မွှေး​လေး
နှင်းကွဲချိန်​တိတိမှာ ဘာသာစကားဟာ ဆိုက်​ဆိုက်​မြိုက်​မြိုက်​​ရောက်​လာတယ်
'ကျွန်​​တော့်​ကိုဖြည်​ပါ' ၊ မမြင်​ရတဲ့ ချည်​မျှင်​တန်း​တွေ
လူကို လာပတ်​ထားပုံ ဆန်းကြယ်​။ သန်း​ခေါင်​ထဲ ​ကြောင်​ရဲ့မျက်​လုံးဟာ ကြယ်​လို
အာရုံခံနက်​ဗ်​​ကြော​တွေ ကျုံ့ သွားလိုက်​ ကျယ်​သွားလိုက်
လူမှု့ ဘဝရဲ့ ​ရောင်​စုံ vibration များ။ မြက်​ဖျား​ပေါ် မျက်​ရည်​စက်​​လေး
တွဲလွဲခို​နေပုံ အ​နှေးပြကွက်​။ မထူးဇာတ်​​တွေ​ပေါ် အထူးပြုလုပ်​ချက်​​တွေ
အ​ကြောင်းအရာဟာ အိပ်​မက်​ထဲမှာအပင်​​ပေါက်​ပြီး အိမ်​ထဲမှာ အမြစ်​စွဲ​နေတယ်
တူး​နေတဲ့ ​ပေါင်​မုန့်​တစ်​ချပ်​ရဲ့မျက်​နှာပြင်​နှစ်​ဖက်​လို ​နေ့နဲ့ည။
တစ်​​နေ့ပြီးတစ်​​နေ့ တငွေ့ ​​ငွေ့ တလူလူ​။ ဧည့်​ခန်းထဲမှာ ပလက်​စတစ်​သစ်​ပင်​​လေး
အပြင်​မှာ အသိုက်​ပျက်​​နေတဲ့ ငှက်​၊ အဲဒီလို ခုနှစ်​ သက္ကရာဇ်​​တွေ။
'ကျွန်​​တော့်​နှလုံးသားထဲက ​မြေနီလမ်းက​လေးကို​တော့ ကွန်​ကရစ်​လာမခင်းပါနဲ့' ဟာ
မာဆလာအိုးထဲမှာ ​ကျောက်​​တွေသဲ​တွေနဲ့ ချာချာလည်​​နေတယ်​။ ​ငွေဟာ
စပါးကြီး​မြွေလို မြို့ကြီးကို မြိုထားပုံ။ တစ်​ခုခုဆို ထထ​တောက်​တဲ့ စိတ်​ဟာ
မီးခိုးကြွက်​​လျှောက်​။ တိမ်​​တွေ ပင်​လယ်​ထဲ ငုံ့ဆင်းသွားပြီး ​ကောင်းကင်​ထဲ
ပျံတက်​သွားပုံကြားထဲက သက်​တံ့​လေးလို အ​ရေးအသား။
'ကျွန်​​တော့်​ကို ​ရေစိုအဝတ်​လို ညှစ်​ချပါ' ၊ ဘာသာစကားရဲ့ ကိုယ်​​ပေါ်မှာ
ဆူး​တောင်​​တွေ အပြည့်​။ သစ္စာဟာ မင်းရဲ့အိမ်​လား သစ္စာမင်းအိမ်
လူ​တွေကိုက ခါးလွန်းပါတယ်​ ကိုလူခါး။ ကဗျာထဲ မိခင်​စိတ်​အပြည့်​နဲ့ ကြက်​မကြီးလို
ယက်​ယက်​ပြီး ရှာလို့။ ​တော်​လှန်​​လေ​ကြောင့်​ ကျကွဲသွားတဲ့ သရုပ်​မှန်​ဖန်​မီးအိမ်​​လေးရဲ့
ရက်​လည်​။ ဇက်​ကျိုးပြီး စမှုတ်​တိုင်​​တွေ ပြုတ်​ထွက်​​နေတဲ့ စက်​ဘီး​လေးရဲ့ နာမည်​က
သဘာဝပတ်​ဝန်းကျင်​။ 'ကျွန်​​တော့်​ကို နူး​အောင်​ပြုတ်​ပါ' လို့ ဘာသာစကားဟာ
ကြက်​ဖကြီးလို ထတွန်​တယ်​။ မိသားစု ဂလက်​စီတန်းကြီးထဲက​နေ ပဲ့ထွက်​လွင့်​စင်​သွားတဲ့
ဥက္ကာခဲ အပိုင်းအစ တစ်​ခုလို 'ငါ' ။ အဲဒီလို 'ငါ​' ​တွေ စု​ဝေးဖွဲ့တည်​ထားတဲ့
သီးခြားကဗျာဂလက်​စီတန်း။ ' ကျွန်​​တော်​ဟာ ကဗျာ့စကြာဝဠာကြီးထဲက
အမှုန်​အမွှားတစ်​ခုမျှသာ' ဟာ ကမ္ဘာဆီ ​ရွေ့ ​နေတယ်​။ တ​ရွေ့ ​ရွေ့ ။


လင်းလက်​တာရာ
6.10.2014

ငါ့ကိုယ်​ငါ ရိုက်​နှက် ​ထုတ်​​ဝေလိုက်​တဲ့ issue




ငါ့နားရက်​ အင်္ဂါဟာ အင်္ဂါ​တွေ တစ်​စစီပြုတ်​ထွက်​ ​နေတဲ့ အင်္ဂါဖြစ်​တယ်
ငါနဲ့တူတဲ့ ခရမ်းချဉ်​သီးဖတ်​​လေးဟာ ဟင်းအိုးထဲမှာ ဆူပွက်​​နေတယ်
ငါ့ ဗီစီဒီပန်းခြံထဲမှာ မင်းသားနဲ့မင်းသမီးဟာ ​စောက်​မြင်​ကပ်​​လောက်​​အောင်​ ပတ်​​ပြေး​နေတယ်
ကဗျာထဲမှာ ဗိုက်​ကြီးသွားတဲ့ စာသားမ​လေးကို ကဗျာ​ရေးသူဟာ တာဝန်​ယူလိုက်​တယ်
ငါဆာ​နေတဲ့အရာကို နာဆာက မမြင်​နိုင်​ဘူးလို့ ငါ​ထင်​တယ်
စစ်​မှန်​တဲ့ပညာ​ရေးစနစ်​ကိုငတ်​ရင်း စစ်​လာမှန်​ထားတဲ့ ပညာ​ရေးစနစ်​မှာ ငါနစ်​ခဲ့တယ်
သစ်​သား​ကောက်​​ကြောင်း​လေးထဲမှာ သစ်​​တောကြီးရဲ့ အသံရှိမလားလို့ နားစိုက်​​ထောင်​မိတယ်
အ​ရေး​ပေါ် ဥဩဆွဲသွားတဲ့ ကားထဲမှာ ငါပါသွားသလားလို့ ဝရန်​တာဆီ ​ပြေးထွက်​ကြည့်​မိတယ်
ဟိုး​ဝေး​ဝေးက ​တောင်​တန်းဆီ မြူခိုး​တွေလို ငါလှမ်းဆ​က်​သွယ်​​နေတယ်
လေယာဉ်​သံဟာ ငါ့အိမ်​လွမ်းနာဆီ ဗုံး​တွေ ပိုက်​စိပ်​တိုက်​ ကျဲချသွားတယ်
ငါ့​သေတ္တာထဲမှာ သစ်​တာ​တွေ တစ်​ခုမျှမရှိဘူးလို့ ငါ​ဟောင်းပစ်​လိုက်​တယ်
မြက်​ရိတ်​စက်​ကြီးက တဂီးဂီးနဲ့ ငါ့စိတ်​​တွေကို လာရိတ်​​နေတယ်
္ဂိဂိုးပြတ်​ရှုံး​နေတဲ့ အ​ဝေးကွင်းမှာ ငါဟာ လက်​ခလယ်​ ​ထောင်​ပြခံရသူ ဖြစ်​တယ်
လူကုန်​ကူးခံရတဲ့ မိရိုးဖလာဟာ မမှတ်​မိ​လောက်​​အောင်​ ငယ်​ရုပ်​​ပျောက်​​သွားတယ်
သိမှု​​ရနံ့​တွေ ​မွှေးလာမလားလို့ တချို့အ​တွေးအ​ခေါ်​တွေကို ငါတံစို့ထိုး မီးကင်ကြည့်​မိတယ်
ငါဟာ စားသုံးသူဖြစ်​ပြီး ငါဟာ စား​သောက်​ကုန်​ပစ္စည်းဖြစ်​တယ်
ယန္တရား​စော်​နံတဲ့ ငါ့ခန္ဓာ​ကို ခါချလိုက်​တိုင်း သံ​ချေး​တွေအလွှားလိုက်​ကွာကျတယ်
တရားမဝင်​အရှို့ ခံလိုက်​ရတဲ့ ​မေတ္တာတရားကို ငါဖက်ထား​မိတယ်
ဆာ​လောင်​သူများကို မျက်​ရည်​ယိုဗုံး​တွေ ​ကျွေးနေပုံကိုကြည့်​ပြီး ငါနင်​​နေတယ်
'ငါ့ကိုယ်​ငါ အချိန်​မ​ရွေးလုပ်​ကြံဖို့ကြိုးစား​နေတယ်​'ဟာ ငါ့နာမည်​ဝှက်​ဖြစ်​တယ်
စည်​ပင်​က အရိပ်​ကြီးကြီး​တွေကို ပင်​စည်​က​နေ တိုက်​လှဲ​နေတယ်
စွန့်​ပစ်​ခံထားရတဲ့ စကားလုံး​တွေကို အမှိုက်​ပုံထဲက​နေ ငါကယ်​ထုတ်​လိုက်​တယ်
ငါ​​ထောင်​ထားတဲ့ ကြွက်​​ထောင်​​ချောက်​ ထဲမှာ မိ​နေတဲ့ ကြွက်​ဟာ ငါဖြစ်​​နေတယ်
'The Reader' ထဲက ကိတ်​ဝင်းစလတ်​ ဟာ ငါ့လိင်​ပိုင်းဆိုင်​ရာခလုတ်​ကို လာဖွင့်​​နေတယ်
အာဏာရှင်​ဖို့အတွက်​ အာဏာရှင်​ဟာ အာဏာ​တွေကို ​သွေး​လောင်း​ပေါင်းသင်​​နေတယ်
အောင်​ချိမ့်​ ရဲ့ 'အဝင်း ဆိုတဲ့ ဖာသည်​မ​လေး ' ​နေရာမှာ စနစ်​ဆိုးကြီးတစ်​ခုဟာ တစ်​ခင်းလုံးဝင်းမှည့်​​နေတယ်
နျူးကလီးယားမကြိုက်​တဲ့ ငါဟာ ကိ​လေသာကို​တော့ မှီဝဲ​နေ​သေးတယ်
စီးပွား​ရေး​မြောင်းပုပ်​ကြီးထဲ ကျွံကျွံကျ​လာတဲ့ လူ​တွေကို ငါ​မော့ကြည့်​​နေမိတယ်
ဆယ်​လ်​မွန်​ငါး​တွေ ​ရေခဲရိုက်​ထည့်​ခံခဲ့ရတဲ့ ​ဘောက်​ကို ​ဆေး​ကြောသန့်​စင်​ပြီး
ငါ့အိမ်​ပြန်​ချိန်​​တွေကို ထည့်​ထားလိုက်​တယ်



လင်းလက်​တာရာ
18.11.2014