Wednesday, February 11, 2015
ပြည်ထောင်စုနေ့ အရေးအသား
ပြည်
တည်နေတဲ့ အနာကြီးရဲ့ မြေပုံညွှန်းအတိုင်း။ ။ ဆဲလ်အသစ်တွေ ရောက်လာ။
ဆဲလ်အသေတွေ ဘယ်နားထားရမှန်းမသိ။
ငါတို့ လူ့ အဖြစ်ကနေ
၅ ဂိုး ဂိုးမရှိလောက် ရှုံးနေတယ်
ဒီအကြောင်းတရားကြီးကို ဘယ်လို မ ရွှေ့ မလဲ။
မျက်ရည် ယမ်းများပေါက်ကွဲစေနိုင်သူကြီးငဲ့။
ခြ စားခံနေရတဲ့ သစ်သားကိုမှ ပန်းပု ထုချင်နေမိတဲ့ စိတ်ဟာ...
ကောင်းကင်တစ်ချပ်စာ ကွက်လပ်
ကောင်းကင်တစ်ချပ်စာ ကွက်လပ်
[ ထောင်
ထဲကိုလည်း နေရောင်က ဖြာကျတာပါပဲ။ နံရံမှာ
ဟိုလူကြီးပုံဆွဲပြီး သေးနဲ့ ပန်းနေတာကလည်း အနုပညာ။
ဗုံးတွေ တစ်လုံးပြီးတစ်လုံး
အထောင်ခံနေရတဲ့ နှလုံးသားတွေ
ယနေ့ ရရှိနိုင်သော လူ့ အခွင့်အရေးများ ကုန်ပြီ
ယနေ့ ရရှိနိုင်သော လူ့ အခွင့်အရေးများ ကုန်ပြီ ]
စု
ထားတဲ့ အမာရွတ်တွေက သံမဏိတွေဖြစ်လာ။ ။ ပြီးနောက်
စုထားတဲ့ အမာရွတ်တွေက သံမဏိတွေ ထပ်ဖြစ်လာ။
'သံမဏိနှင်းဆီ' * ဟာ တစ်ပွင့်တည်း
'သံမဏိနှင်းဆီ' ဟာ တစ်ပွင့်တည်း
(* ဆရာခရမ်းပြာထက်လူရဲ့စာသား)
လင်းလက်တာရာ
12.2.2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment