Wednesday, February 11, 2015

စကားဟာ စ, မြည်

ခင်​ဗျားစိတ်​ကို သူ​ကောက်​တပ်​​နေတာ။ သူနဲ့မ​တော်​ပါဘူး။ မိရိုးဖလာကို
မကြိုက်​​ပေမယ့်​ ဝတ်​ထားရှာတယ်​။ အ​တွေးအ​ခေါ်တည့်​တည့်​မှာ မိုးယို​ပေါက်​ကြီး
တစ်​​ပေါက်​။ ​ယဉ်​​ကျေးမှုဗဟိုချက်​မှာ အမှိုက်​ပုံကြီးတစ်​ပုံ ​၊ ပိတ်​ဆို့​နေတဲ့ ​ရေဆိုး
မြောင်းကြီးတစ်​​မြောင်း။ ဟုတ်​ကဲ့။ ​မေးခွန်း​ကောက်​ရိုးပုံကြီး မီးစ​လောင်​​နေပါပြီ။
ကျင်​ယူနိုင်​လိမ့်​မယ်​လို့​တော့ ရာနှုန်းပြည့်​ အာမမခံနိုင်​ပါဘူး။ မ​မျှော်​လင့်​ထား
တာ​တွေကိုလည်း ​မျှော်​လင့်​ထားသင့်​တယ်​။ သူ့ကစားနည်းမှာ မီးခိုး​ရောင်​​​တွေ
ကဲ​နေတာမြင်​လား။ သက်​တံ့ဟာ ရုတ်​တရက်​ အပိုင်းပိုင်းပြတ်​ထွက်​သွားပုံ။
ခင်​ဗျားရဲ့ အားလပ်​ချိန်​​တွေကို သူ​လေနဲ့မှုတ်​ထုတ်​​နေတယ်​။ ရယ်​စရာ​တွေ​​ပေါ်
လောက်​​တွေ တဖွားဖွား။ ဝမ်းနည်းမှုပြတ်​​ရွေ့​ကြော​​ပေါ်က အိမ်​။ အင်း။ သူပဲ။
မနီးဘူး။ တော်​​တော်​​ဝေးတယ်​။ တစ်​ခါတ​လေ ​ကျောက်​​ဆောင်​။ တစ်​ခါတ​လေ
ရေလှိုင်း။ တစ်ခါ​တ​လေ ​နေလုံးနီနီ။ တစ်​ခါတ​လေ ​ရေသူမ​ယောင်​လည်း
ဆောင်​လိုက်​​သေး။ ​အေးလိုက်​ပူလိုက်​ပါပဲ။ တစ်​ဝက်​က ​မြေကြီးထဲမှာ တစ်​ဝက်​က
 မြေ​ပေါ်မှာ။ အရမ်းကြီး​တော့ မနှစ်​သက်​။ နည်းနည်း​တော့ ကြိုက်​တယ်​။
အဲဒီ​အကြောင်းက အဲဒီအ​ကြောင်းအရာထဲမှာ ကန့်​လန့်​ကြီး။ သူ့ကိုယ်​သူ ​တွေ​ဝေသူ
အဖြစ်​ ပန်းပုထု​နေတယ်​။ ခင်​ဗျား​ပြောသလိုမျိုး​တော့မဟုတ်​ဘူး။ ချဲ့ယူ စပ်​ဆက်
ကြည့်​မယ်​ဆိုရင်​​တော့ နည်းနည်းနီးစပ်​မယ်​။ ပင်​လယ်​​လေကို ဆား​တွေနဲ့ တို့စား
နေတာ​လေ။ သဲတရှပ်​ရှပ်​ အဆီတဝင်းဝင်း ကမ်း​ခြေပဲ။ ချစ်​ခြင်းတရား ဆီက
'​ခေါင်းသုံး' ဆိုတဲ့ အီး​မေးလ်​ဝင်​လာတယ်​။ အ​လေးချိန်​​တော့ အတိအကျမသိဘူး။
လေးတယ်​။ ​တော်​​တော်​​လေးတယ်​။ အ​ဝေးကြီးသယ်​သွားရမှာ။ ​ တောင်​တန်း
တွေ​ရော ချိုင့်​ဝှမ်း​တွေ​ရော။ မီး​တောင်​လည်း ပါ​သေး။ ဆင်းရမယ့်​​ နေရာက
ချောက်​ထဲတည့်​တည့်​။ သူက ​တော်​လှန်​သူ ဖြစ်​ပြီး ​တော်​လှန်​ခံလည်း ဖြစ်​​နေ
ပြန်​တယ်​။ မျိုးဆက်​ပြဿနာကို သူ့သား​ကြောဖြတ်​ပြီး ​ဖြေရှင်းမယ်​ပြော​နေတယ်​။
နောက်​ထပ်​ ​နေကြာပန်း​တွေ ထပ်​စိုက်​ချင်​​သေး။ ခင်​ဗျားရဲ့ ချက်​မြှုပ်​မှာ သူ
စစ်​ဆင်​​ရေး​တွေလုပ်​​နေတယ်​။ ကျွန်​​တော်​လား။ ဆိုက်​ကို ဝင်​​နေတဲ့တစ်​​ယောက်
ရဲ့​ဘေးက။ ဓါတ်​ပုံထဲမှာ သမိုင်းဟာ ​သွေးစွန်း​နေတဲ့ညာအစွန်​လူ။ ဆွယ်​​တာ​တွေ
အစား အသက်​ကယ်​အင်္ကျီ​တွေ ယူသွားတာ ပို​ကောင်းမယ်​။ တိမ်​​တွေ ငါတို့
မျက်​စိ​အောက်​မှာ အဆုပ်​လိုက်​အဆုပ်​လိုက်​ ပွင့်​​နေရဲ့။ သံလိုက်​အိမ်​​မြှောင်​က
အလုပ်​မလုပ်​​တော့ဘူး။ ခဲတံ​တွေကို ပိုကြိုက်​ပါတယ်​။ ငယ်​ဘဝဟာ ငါတို့ ဆီမှာ
ဆီခမ်း​နေပြီ။ ဘယ်​ဗိုင်းရပ်​စ်​နဲ့ အတူဆုံးလဲဆို​တော့ အီဘိုလာ။ အနီထက်​ ပိုမို
နီရဲတဲ့ အနီ။ ဒါ ခင်​ဗျား ဦး​နှောက်​​လေ။ ဒါ သူ့ နှလုံးသား​လေ။ အပြင်​ထွက်​ချင်
လိုက်​တာမှ အသက်​ထွက်​မတတ်​ပဲ။ ညစာအတွက်​ တစ်​ညလုံး  ည​စောင့်​ခဲ့ရ
တာ​တွေ ပြန်​​ပြောင်း​ ပြော​နေတယ်​။ သူ့အဆင့်​သူ ​ကောင်းကင်​မှာ တက်​ချိတ်
ထားတာ။ လည်​​ချောင်းနာတယ်​။ ​ချောင်းလည်းနာတယ်​။ မြစ်​လည်းနာတယ်​။
တစ်​ခုခု ​ညှော်​​နေတဲ့အနံ့ အမြဲရတယ်​။ ခါးပတ်​​တွေကို မြဲမြံစွာ ပတ်​ထားကြပါ။
ငါတို့ဘယ်​ကိုသွား​နေတာလဲ။ မသိဘူး။ လမ်းခုလတ်​မှာလို့်​တော့ ထင်​ရတာပဲ။


လင်းလက်​တာရာ
18.8.2014

No comments:

Post a Comment