Wednesday, February 11, 2015

ကင်​မရာ အ​ရွေ့ 

Click ။ ဝတ်​လစ်​စလစ်​​ကောင်းကင်
           အ​တောင်​ကျိုး​နေ​သော တိမ်​များ
           အရူးရင့်​ရင့်​​နေ

Click ။ စိတ်​ကူးစိမ်းစိမ်းမြက်​ခင်းလွင်​ပြင်
            တလျှပ်​တလူလူဘဝတ​ထောင်း​ထောင်းကန္တာရ

Click ။ စိတ်​ကူးစိမ်းစိမ်းမြက်​ခင်းလွင်​ပြင်​ နှင့်
            တလျှပ်​တလူလူဘဝတ​ထောင်း​ထောင်းကန္တာရ စပ်​ကြား

Click ။ ​ခြေရာများ၊ အမည်​မဲ့ခရီးများ
            သံသရာနှင့်​ ရုပ်​ချင်းခပ်​ဆင်​ဆင်​ မိုးကုတ်​စက်​ဝိုင်း

Click ။ လူတစ်​​ယောက်​၊ ရိက္ခာထုပ်​များ၊ စက်​ဘီးတစ်​စီး
            ကုလားအုတ်​တစ်​​ကောင်​​ပေါ်မှာ



လင်းလက်​တာရာ
27.8.2014

No comments:

Post a Comment