Wednesday, February 11, 2015

တက်​တူးထိုးသူ

တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ
သူ့ ဆီ ရုပ်​ရှင်​မင်းသမီး​ရောက်​လာတယ်
ရင်​သားအစပ်​မှာ နှင်းဆီပုံလှလှ​လေး ထိုး​ပေးလိုက်​ရ
တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ
သူ့ဆီ အဆို​တော်​မ​လေး​ရောက်​လာတယ်
ချက်​​အောက်​မှာ ကြယ်​ပွင့်​ပုံလှလှ​လေး ထိုး​ပေးလိုက်​ရ
တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ
သူ့ ဆီ ​မော်​ဒယ်​​ကောင်​မ​လေး​ရောက်​လာတယ်
တင်​ပါးမှာ လိပ်​ပြာပုံလှလှ​လေး ထိုး​ပေးလိုက်​ရ
တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ
သူ့ ဆီ ခင်​ငြိမ်းအိဖြူ ​ရောက်​လာတယ်
ရင်​သားအစပ်​မှာ နှင်းဆီပုံလှလှ​လေး ထိုး​ပေးပါ ပြောတယ်​ ၊ သူငြင်းတယ်
ချက်​​အောက်​မှာ ကြယ်​ပွင့်​ပုံလှလှ​လေး ထိုး​ပေးပါ ပြောတယ်​ ၊ သူငြင်းတယ်
တင်​ပါးမှာ လိပ်​ပြာပုံလှလှ​လေး ထိုး​ပေးပါ ပြောတယ်​ ၊ သူငြင်းတယ်
ခင်​ငြိမ်းအိဖြူ ​ဒေါသတကြီးလှည့်​ထွက်​သွား
သူ့ ဘဝထဲက အပြီးအပိုင်​ထွက်​သွားတာလည်း ဖြစ်​နိုင်​တယ်
ဘယ်​​တော့မှ ပြန်​မလာ​တော့တာလည်း ဖြစ်​နိုင်​တယ်
တက်​တူးထိုးသမားရဲ့ ခန္ဓာကိုယ်​​ပေါ်မှာ ဘာတက်​တူးမှ မရှိ ဆို​ပေမယ့်
သူ့ နှလုံးသားမှာ​တော့ မျက်​လုံးနဲ့ မမြင်​နိုင်​တဲ့ တက်​တူးတစ်​ခု​တော့ ရှိတယ်
ခင်​ငြိမ်းအိဖြူ



လင်းလက်​တာရာ
19.10.2014

No comments:

Post a Comment