Wednesday, February 11, 2015

ငါတို့ဟာ အချိန်​မ​ရွေးဖျက်​ချခံရနိုင်​တဲ့ သ​န္ဓေသား​လောင်း​တွေ





တိမ်​မည်း​တွေကို ဆွဲဖြဲပြီး ထွက်​လာတဲ့ ကြယ်​ဟာ တိမ်​မည်း​တွေထဲ ဝင်​သွားတယ်
နေမဝင်​အင်​ပါယာ ဟာ ကြယ်​လား တိမ်​မည်းလား
စကြာတံဆိပ်​ ဟာ ကြယ်​လား တိမ်​မည်းလား
ခင်​ဗျားမှာ ကြယ်​ ဘယ်​နှစင်းရှိပြီး တိမ်​မည်း ဘယ်​နှခင်း ရှိလဲ
စောက်​ကြီး​စောက်​ကျယ်​​ လပြည့်​ညကို မ​စောင့်​​တော့ဘူး
ချက်​ချင်း ထ​ဆောက်​လိုက်​တယ်​ ဖွဲ့စည်းလိုက်​တယ်​ ​ရေးသားလိုက်​တယ်
'ဒွိ' ဆန်​တဲ့ အ​ရေးအသားဟာ 'ဟ' ​နေတယ်
'ဟ' ​နေတဲ့ အ​ပေါက်​က​နေ လွတ်​​မြောက်​မှု အာကာသကို ​တွေ့ နိုင်​မယ်
ကဗျာ့တံခါးကို လာလာ​ခေါက်​​နေတဲ့ ​ခေတ်​ပြိုင်​တ​စ္ဆေ
လက်​သည်းအရှည်​ကြီးနဲ့ ကုတ်​ခြစ်​တယ်​ ဆံနွယ်​ရှည်​ကြီးနဲ့ လည်ပင်းပတ်​​​တယ်
ခြေ​ထောက်​အရှည်​ကြီးနဲ့ ​စောင့်​ကန်​တယ်​ လျှာအရှည်​ကြီးနဲ့ နမ်းတယ်
နှစ်​များဟာ အစိမ်း​သေလို ​ခြောက်​လန့်​တယ်
တစ်​​ယောက်​​သောသူ ကာလီမယ်​​တော်​အတွက်​ ယဇ်​ပူ​ဇော်​လို့
တစ်​​ယောက်​​သောသူ ငါးသက်​​စေ့လွှတ်​လို့
သိမှုမှာ မီးစိမ်း​နေပုံ​လေး ဆန်းကြယ်
ကမ္ဘာကြီးဆီ လှမ်း 'ချက်​တ်​'တယ်​ အာရှတိုက်​ကြီးဆီ လှမ်း 'တက်​ဂ်​' တယ်
'အမျိုးသမီး မဝင်​ရ' ဆိုင်းဘုတ်​ကို ​မေးခွန်း​တွေ ထုတ်​​နေမိတယ်
ရင်​ပြင်​​တော်​​ပေါ်​ရောက်​မှ စိတ်​အမှိုက်​​တွေ လှဲကျင်းဖို့ သတိရတယ်
'ငါ' ဟာ ငါ့မိသားစု ရဲ့ အမှိုက်​ပဲ
'ငါ' ဟာ ငါ့ချစ်​သူရဲ့ အမှိုက်​ပဲ
'ငါ' ဟာ ငါ့ကိုယ်​ငါရဲ့ အမှိုက်​ပဲ
လေ​ကောင်း​လေသန့်ဟာ ငါဖြစ်​ချင်​လိုက်​စမ်းပါဘိ
ပရိ​ဘောဂစက်​ရုံကြီးဟာ ​လေထုညစ်​ညမ်းမှု ကို ထုတ်​လုပ်​တယ်
ပရိ​ဘောဂစက်​ရုံလုပ်​သား'ငါ' ဟာ ​နေ့စဉ်​ သစ်​​တော​တွေကို သစ္စာ​ဖောက်​တယ်
ငါဟာ ဗီလိန်​ လို့ ကိုယ့်​ကိုယ်​ကိုယ်​ လိမ်​ကြည့်​တယ်
လိမ်​လို့မရတဲ့အခါ ကိုယ့်​ကိုယ်​ကိုယ်​ ​ရေစိုအဝတ်​လို လိမ်​ညှစ်​ချလိုက်​တယ်
ရေ​တွေ ကျမလာဘဲ ​သွေး​တွေကျလာတယ်
'ငါ' ဟာ ငါ့လက်​ထဲမှာ သံဆူးကြိုးဖြစ်​​နေတယ်
နေ့ချင်းအတူတူ​တောင်​ ​နေ့​ကောင်း​နေ့မြတ်​​တွေက ကိုလိုနီ ပိုဆန်​တယ်
နေ့ခင်း​ခြောက်​ကြီးရဲ့ သစ်​ရွက်​​ခြောက်​မှာ ငါဟာ ပိုးစာ​ပေါက်​ဖြစ်​​နေတယ်
ငါတို့ကို အကြိမ်​ကြိမ်​ မုဒိမ်းကျင့်​​နေတာ​တောင်
နိုင်​ငံ​တော်​ရဲ့ အထွတ်​အထိပ်​အချိန်​က ​ရောက်​မလာ​သေး
နယ်​ခြားစည်း​တွေကို ဖြတ်​​ကျော်​စီးဝင်​​နေတဲ့ လိင်​ကျွန်​စွပ်​​ကြောင်းကြီးဟာ
ထင်​ရှားတဲ့ အမှတ်​အသား ဖြစ်​တယ်
ဆင်းရဲခြင်းကို ​လျှော့ချရမယ့်​အစား ဖုံးကွယ်​ဖို့ ကြိုးစားတဲ့ လိုင်းဟာ
မစင်​​ကြောကြီးလို ​ငေါထွက်​သွားတယ်
အမှားသက်​သက်​ကြီး သက်​ဆိုးရှည်​​နေပုံ မြင်​ကွင်းစုံလင်
စောက်​​ရေးမပါတာ​တွေကို ​ဆောက်​သွားနဲ့ ဖဲ့ထုတ်​လိုက်​မှ
တိုင်းပြည်​ကြီးက ရုပ်​လုံးကြွလာမှာ
ငါဟာ ယဉ်​​ကျေးတဲ့ အရိုင်းတုံး
ငါဟာ ဖိနှိပ်​ခံပုံ​ဆောင်ခဲထဲမှာ ခဲ​နေတဲ့ ကျစ်​လစ်​သိပ်​သည်းမှု
ငါဟာ ငါ့ ​တော်​လှန်​​ရေးကာလရဲ့ လက်​နက်​ခဲယမ်း
ငါ့ကိုယ်​ငါ ​သေ​ကြောင်းကြံစည်​ပြီး ငါ့ကိုယ်​ငါ ရှင်​သန်​ထ​မြောက်​တယ်
ငါ့ဟီယိုရှီးမား နဲ့ ငါ့ပုလဲဆိပ်​ကမ်းကို သွယ်​တန်းကိုင်းညွှတ်​​ပေးလိုက်​တဲ့ 
ဆေး​ရောင်​စုံ သက်​တံ့​လေးဟာ ငါ​ပေါ့
ငါ့တိုက်​တန်းနစ်​သ​ဘောင်္​ပေါ်က နာကျင်​အချိန်​ပိုအနုပညာဟာ ငါ့တ​ယောထိုးသံ​တွေ​ပေါ့
ငါ့မာနခံတပ်​မြို့ကြီးကို ငါ တစ်​ရက်​တည်းနဲ့ တည်​​ဆောက်​ လိုက်​တယ်​​ပေါ့
ပေါ့ပ်​ ယဉ်​​ကျေးမှုထဲ ​မ​ပေါ့မပါး
ငါ့တို့မှာ သမိုင်း​ပေးလို့ လွယ်​ထားရတဲ့ ကိုယ်​ဝန်​ ကိုယ်​စီနဲ့



လင်းလက်​တာရာ
7.12.2014



No comments:

Post a Comment