Wednesday, February 11, 2015

နွေဦးပွဲ​တော်

ကဗျာ​ရေးသူဟာ ပျိုးနှုတ်​သူပဲ
ပျိုးပင်​​တွေကို တစ်​ပင်​ချင်းနှုတ်​ပြီး
တစ်​ပုဒ်​ချင်းစီ စည်း​ပေးလိုက်​တယ်

ကောက်​စိုက်​သူက​တော့ ကဗျာဖတ်​သူ​ပေါ့
ပျိုးစည်း​တွေကို ဖြည်​ပြီး တစ်​ပင်​ချင်းစီ စိုက်​တယ်

လယ်​ကွင်းပြင်​ကျယ်​ကြီးဟာ စိမ်းရာမှ တဖြည်းဖြည်းဝါလာ
ကောက်​ရိတ်​သိမ်းပွဲဟာ ​ပျော်စရာ



လင်းလက်​တာရာ
19.8.2014

No comments:

Post a Comment