Wednesday, February 11, 2015

ခင်​ဗျားမှာ အိပ်​မက်​ရှိလား




လယ်​ကြွက်​တစ်​​ကောင်​မှာ​တောင်​ အိပ်​မက်​ရှိတယ်
လယ်​ကြွက်​တစ်​​ကောင်​ရဲ့အိပ်​မက်​ဟာ လုံးကြီး​ပေါက်​လှ စပါးခင်းကြီးဖြစ်​တယ်
လယ်​ကြွက်​တစ်​​ကောင်​ရဲ့ အိပ်​မက်​ဟာ လုံးကြီး​ပေါက်​လှ စပါးခင်းကြီးလို အစွမ်းကုန်​ စိမ်းလန်း

လုံးကြီး​ပေါက်​လှ စပါးခင်းကြီးဟာ လယ်​ကြွက်​တစ်​​ကောင်​ရဲ့ နိဗ္ဗာန်​ဘုံ
လယ်​ကြွက်​ဟာ နိဗ္ဗာန်​ဘုံ ကို ​မျှော်​မှန်းပြီး ရှင်​သန်​တယ်
နိဗ္ဗာန်​ဘုံ ကို ရည်​စူးပြီး သွား​တွေကို ​သွေးတယ်

အိပ်​မက်​တို့ ​ရွှေရည်​လူး​လေပြီ
ရွှေဝါ​ရောင်​ လုံးကြီး​ပေါက်​လှ စပါးခင်းကြီးထဲမှာ လယ်​ကြွက်​ဟာ ​ပျော်​ရွှင်​စွာ
လယ်​ကြွက်​ဟာ နိဗ္ဗာန်​ဘုံဆီ ​ရောက်​သွား
ထက်​မြက်​တဲ့ သွား​တွေနဲ့ နိဗ္ဗာန်​ဘုံကို ကိုက်​ဖြတ်​စား​သောက်
ရုတ်​တရက်​ လယ်​ကြွက်​ရဲ့ ​ခြေ​ထောက်​​တွေဟာ ​ထောင်​​ချောက်​ထဲ

နွား​ကျောင်းသား​လေးဟာ လယ်​ကြွက်​​တွေကို ​ရောင်းပြီး ​ကျောင်းစရိတ်​ စု​နေတယ်
နွား​ကျောင်းသား​လေးဆီမှာလည်း အိပ်​မက်​အကြီးကြီး


လင်းလက်​တာရာ
3.12.2014

No comments:

Post a Comment