Monday, January 5, 2015

ယ​နေ့ - ၂၃

စစ်​​တွေကို စစ်​ထုတ်​လိုက်​မယ်​ဆိုရင်​​တောင်
အ​ကောင်းတိုင်းကျန်​မ​နေ​တော့မယ့်​ ​မြေကမ္ဘာမှာ ​နေ​ပျော်​ပါရဲ့လား

မျက်​ရည်​ချူတဲ့ လက်​​တွေ ပိုများလာ
မျက်​ရည်​ချူတဲ့ အဖြစ်​အပျက်​​တွေ ပိုထူထပ်​လာ
မျက်​ရည်​ကို ခြူလို အဆွဲခံ​ထားရတဲ့ ဘဝ​တွေ ပိုမြည်​လာ

ပေါင်​မုန့်​တစ်​ဖဲ့အတွက်​ အသက်​ပါ​ပေးလိုက်​ရတဲ့ ကြွက်​ကို မြင်​ဖူးပြီ
ပေါင်​မုန့်​တစ်​ဖဲ့လို ကြွက်​လို လူ​သား​တွေ

'အိပ်​မက်​လား တကယ်​လား' ဆို​တော့
'တစ်​ဝက်​စီ' ဆိုတဲ့ ဟာမျိုးကြီး



လင်းလက်​တာရာ

No comments:

Post a Comment