မိုးဥတုလေးတစ်ခု ငါ့ သွေ့ခြောက်မှုထဲ ရောက်လာတယ်
သူက မဖျားဘဲ ငါက ဖျားသွားတာ ထူးဆန်းဖွယ်
ဧည့်ခံစရာဆိုလို့ ကော်ဖီနဲ့ ကဗျာပဲ ရှိတဲ့ငါ့မှာ
ကော်ဖီထဲ ကဗျာတွေပဲ ထည့်ဖျော်မိပေါ့
ရှင့်ရဲ့ နွေရာသီကလေးက တကယ် ချစ်စရာပဲ
ကျွန်မကို ဥဩငှက်ကလေး လက်ဆောင်ပေးပါလား
ဒီလိုနဲ့ ငါ့ အတွက် စိမ်းလန်းမှုတွေ ထားပြီး ထွက်သွားလိုက်တာ ...
လင်းလက်တာရာ
No comments:
Post a Comment