Monday, January 5, 2015

ယ​နေ့ - ၎

ဂတ်စ်အိုး လဲတဲ့သူ ရောက်လာတယ်
ရေပိုက်ပြင်တဲ့သူ ရောက်လာတယ်
နေပူရက်​တန်းလန်းကြီးနဲ့ မိုးရွာတယ်
ကိုယ့်​ဘဝကိုယ်​ စမ်းကြည့်​​တော့ တစ်​ခြမ်းပူပြီး တစ်​ခြမ်း​အေး​နေတယ်
တစ်နေရာမှာ မီးလောင်ပြီး
တစ်နေရာမှာ ရေကြီးနေတဲ့ ကမ္ဘာ
တရားမျှတပါ​စေ




လင်းလက်တာရာ

No comments:

Post a Comment