ငါ့ တစ်ဖက်တစ်ချက်စီမှာ
ကျောက်ခဲတွေ သဲတွေ ဘယ်သူလာပုံထားတာလဲ
ယူသွားကြ ပြန်သယ်သွားကြ
ငါ အော်တယ်
ငါ တားတယ်
ငါ ရုန်းတယ်
ငါ့အပေါ်ကို ကတ္တရာမည်းမည်းတွေ အတင်းဓမ္မ လောင်းလိုက်ကြတယ်
ငါ အရမ်းဝမ်းနည်း
ငါ မျက်ရည်ဝဲတယ်
တချိန်က ရိုးသားဖြူစင်တဲ့ မြေနီလမ်းကလေးဟာ ငါပေါ့
လင်းလက်တာရာ
No comments:
Post a Comment