ခွေးတစ်ကောင် ကားလမ်းကို အကြာက်အလန့် မရှိ ဖြတ်ကူးသွားတဲ့ နေ့ခင်း
နေ့ခြောက်ကြီးမှာ ပလက်ဖောင်းပေါ် ကွန်ကရစ် ဓာတ်တိုင်လို ငါ ငြိမ်သက်
ရပ်နေတုန်း ဓာတ်ကြိုးပေါ်က ငှက်တစ်ကောင် ခေါင်းပေါ် မစင်စွန့် ချလိုက်မှ
ငါ့ပစ္စက္ခကို ငါပြန်လည်သတိဝင် ငါ့ကိုယ်ပေါ်က အစွန်းအထင်းကို သုတ်သင်
ငါ့စိတ်ထဲက အညစ်အကြေး ကို ရှင်းလင်း ဝါစိမ်းနီ မြို့ပြအရှုပ်အထွေးကြီးထဲ
ငါ့ ယဉ်ကျေးမှု နဲ့ငါ ငါ့ချစ်ခြင်းမေတ္တာနဲ့ငါ ရဲဝံ့စွာ ဖြတ်ကူးလိုက်ပုံ ဂယ်လာရီ
လင်းလက်တာရာ
No comments:
Post a Comment