Sunday, January 11, 2015

ယ​နေ့ - ၄၃

' မ​ပျော်​ရွှင်​တဲ့ တိမ်​​တွေ '




မ​ပျော်​ရွှင်​တဲ့ တိမ်​​တွေဟာ ​သေ​ကြောင်းကြံစည်​လိုက်​​တယ်
မ​ပျော်​ရွှင်​တဲ့ မိုး​ရေစက်​​တွေ ဖြစ်​သွား
မ​ပျော်​ရွှင်​တဲ့ မိုး​ရေစက်​​တွေဟာ ပင်​လယ်​ထဲမှာလည်း မ​ပျော်​ဘူး
ထပ်​ပြီး ​သေ​ကြောင်းကြံစည်​တယ်​ မ​ပျော်​ရွှင်​တဲ့ ​ရေခိုး​ရေ​ငွေ့​တွေ ဖြစ်​သွား
မ​ပျော်​ရွှင်​တဲ့ ​ရေခိုး​ရေ​ငွေ့​တွေ ဟာ မ​ပျော်​ပြန်​ဘူး
ထပ်​ပြီး​သေ​ကြောင်းကြံစည်​ပြန်​တယ်
မ​ပျော်​ရွှင်​တဲ့ တိမ်​တွေ ပြန်​ဖြစ်​သွား
ငါ့တို့မှာ မ​ပျော်​ရွှင်​တဲ့ တိမ်​​တွေ အများအပြား



လင်းလက်​တာရာ

No comments:

Post a Comment