ပင်လယ်ကြမ်းပြင်မှာ အနည်ထိုင်သွားတဲ့
သင်္ဘောတစ်စင်းရဲ့ ဥဩဆွဲသံကိုမှ
နားနဲ့ ဆက်ဆက်ကြားချင်နေသေးတဲ့ ဆိပ်ကမ်းမြို့လေးရဲ့
တိတ်ဆိတ်မီးပြတိုက်တစ်ခုလို
ငေးမောကျန်ရစ်ခဲ့တဲ့ တစ်နေရာစာလွတ် ထမင်းဝိုင်းလေးထဲက
အရသာမဲ့မဲ့မျက်ရည်ဟင်းလျာ
လင်းလက်တာရာ
No comments:
Post a Comment