ပဋိပက္ခ မွေးမြူရေးလုပ်ငန်းများ
အာရုံလွှဲအပေါစားဇာတ်ကွက်များ
တမြေ့မြေ့လှိုက်စားနေသော ကင်ဆာများ
အနာစိမ်းလို ပြည်တည်နေသော ပြည်သူပြည်သားများ
ပဲ့နင်းဦးထောင် ဦးနင်းပဲ့ထောင်နိုင်ငံရေးများ
ရှော့ခ်ဖြစ်နေသော ဆင်းရဲသားလျော့ချရေးများ
ကျောသားရင်သားမခွဲခြား ဘာဘီကျု့ လုပ်စားခြင်းများ
ချစားနေသော နန်းတော်သစ်ကြီးများ
တရုတ်ဖြစ်ဆိုင်ကယ်လို သေချင်းဆိုးများ
လောက်တဖွားဖွားအာဏာများ
တွေးမိတိုင်းအရိုးနာသည်များ
လှေပေါက်ကြီးကို လှော်ရင်းခတ်ရင်း ဖာထေးနေရခြင်း၌
တဖြည်းဖြည်းကန်းလာသော ကမ်း
No comments:
Post a Comment