နံရံများသည်ကား ထုထည်ကြီးမားမြင့်မားလေ၏
ချွန်မြထက်ရှသောဆူးများဖြင့် ပြည့်နှက်လျှက်ရှိ၏
လူ့အဖွဲ့အစည်းတစ်ခုလုံး ပိတ်မိနေသော နံရံများ
လူ့အခွင့်အရေးကို ပိတ်လောင်ထားသော နံရံများ
နံရံရဲ့ အတွင်းပိုင်းမှ ငရဲခန်းများ
အမှောင်များ ထောင်ချောက်များ မာယာပရိယာယ်များ
ရက်စက်ကြမ်းကြုပ်မှုများ သွေးစက်လက်များ
နံရံရဲ့ အခြားတစ်ဖက်မှာ ဘာရှိသလဲ
၂၀၁၄ နံရံကို ဖောက်ပြီးပြီ
၂၀၁၅ နံရံကို ရောက်ပြီ
ကောင်းကောင်းဖောက်နိုင်ကြပါစေ
လင်းလက်တာရာ
No comments:
Post a Comment