ငါ့လေဖိအားနည်းရပ်ဝန်းတွေမှာ
သူမဟာ မုန်တိုင်းလို နေထိုင်တယ်
ငါ့ဆိပ်ကမ်းမြို့ လေးရဲ့ ဥယျာဉ်တော်မှာမှ
သူမရဲ့ နာမည်ကျော် ငလျင်တွေ ဆော့ကစားတယ်
ငါဟာ ညှို့အားပြင်းတဲ့ သွေးညှီနံ့ဖြစ်ပြီး
သူမဟာ ငါးမန်းတွေကို ရွေးပြီး မွေးမြူတယ်
ငါ့ဓာတ်ကြီးလေးပါးရဲ့ ပင်နယံတွေကို
တစ်စစီ ဖြုတ်လိုက်တပ်လိုက်လုပ်နိုင်သူ သူမ
ငါ့စိတ်သံထည်ကို ပျော့ပျောင်းစေသူ
ငါ့မိုးလေဝသကို ပြောင်းလဲစေသူ
သူမဟာ ငါ့ပက်စ်ဝက်
ငါ့ခန္ဓာအိမ်ရဲ့ တစ်ခုတည်းသော ပြတင်းပေါက်
သူမရဲ့ ဆေးစက်ကျရာ ကင်းဗက်စပေါ်မှာ
ငါဟာ ပင်လယ်ပြာဖြစ်လိုက်
ပင်လယ်နီဖြစ်လိုက်
ပင်လယ်သေဖြစ်လိုက်
သူမဟာ ငါ့ပင်လယ်ရဲ့ ရှားပါး ရေသူမလေး ဖြစ်နေပြန်တယ်
လင်းလက်တာရာ
17.12.2014
No comments:
Post a Comment