လတ်လတ်ဆတ်ဆတ် ဖဲကြိုးဖြတ်ခံလိုက်ရသော လတ်လတ်ဆတ်ဆတ်များ
လက်ခုပ်သံတွေဟာ လက်ခုပ်ထဲမှာ ရှိမနေဘူး
အစလာဖော်နေတဲ့ တချိန်က ရစ်ဘီးလေးရဲ့ မျက်ရည်စတွေ
ကျောင်းတော်ကြီးရဲ့ ကျိုးကြေနေတဲ့ အကြောင်းတွေ အကြောင်းရေဘယ်လောက်မှာ
မှန်တစ်ချပ်လို ပြန်ဆက်လို့မရသော မိသားစု အပိုင်းအစများ
စိုက်ဝင်နစ်မြှုပ် မနှုတ်ရက်ခြင်းများ ၊ အစွမ်းကုန်စိမ်းလန်း ၁၀၉/၁၁၀ များ
တက်ခဲ့ဖူးတဲ့ ဒုက္ခတောင်တန်းများ၊ ပြုတ်ကျဖူးသော ဝမ်းနည်းပက်လက်ချိုင့်ဝှမ်းများ
ခိုတွေလိုခိုကပ် မြို့ပြ ရဲ့ ထပ်ခိုးလေးထဲက ချို့တဲ့စွာသုံးစွဲခဲ့ရ အိပ်မက်များ
မှိုတက်နေတဲ့ မျက်နှာတွေကြား ၊ 'မှိုတက်နေသော နေ့စွဲရောက် အမှတ်တရ' တီရှပ်
ငါ့ဖိနပ်ကအစ ငါ့ဆီမှာ မနေချင်တော့ဘူး ဆိုတဲ့ လမ်းတွေ
အတိတ်ထဲ ပြန်ဝင်လိုက်တိုင်း လော့ဂ်ကျကျသွားတဲ့ ငါ့တံခါး
ယနေ့ထဲ ငါနားနေတဲ့ ကိုင်းဖျားမှာ ဘယ်သူလာရောက်တပ်ဆင်ထားမှန်းမသိသော
လေရိုင်းဇုန်
လင်းလက်တာရာ
No comments:
Post a Comment