ခေတ်မီ ဖွံ့ ဖြိုးတိုးတက်သော ကဗျာနိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး
ကြွက်နားရွက်ဝက်တပ်ကဗျာ၊ ကြောင်အိုကြွက်မလေးကဗျာ၊
ကြက်ကန်းဆန်အိုးတိုးကဗျာ၊ ကလိန်စေ့ငြမ်းဆင်ကဗျာ၊ ကချင်လျက်
လက်ကျိုးကဗျာ၊ ကြက်ဥပြုတ် သံတုတ်နဲ့ ချကဗျာ၊ ကိုယ်ကောင်း
ခေါင်းမရွေ့ ကဗျာ၊ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကဗျာ၊ ကျွဲပါးစောင်းတီးကဗျာ၊
ကိုယ်ထင် ခုတင်ရွှေနန်းကဗျာ၊ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာကဗျာ၊
ကြိုက်မရှက်ငိုက်မရှက်ငတ်မရှက်ကဗျာ၊ ကံကောင်းတဲ့ကျား သွားရင်း
သမင်တွေ့ ကဗျာ၊ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ကဗျာ၊ ကျားကြီးခြေရာကြီးကဗျာ၊
ကြက်တူရွေးကတော်တော် မယ်တော်ကကဲကဲကဗျာ၊ ကြွက်မနိုင် ကျီမီးရှို့ ကဗျာ၊
ကျောကသားလည်းသား ရင်ကသားလည်းသားကဗျာ၊ ကျီးဘုတ်ရိုသေ
ဘုတ်ကျီးရိုသေကဗျာ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီကဗျာ၊ ကောက်ညှင်းကမစေး
ဆန်ကြမ်းကစေးကဗျာ၊ ကိုယ်စီးတဲ့မြင်း အထီးမှန်းအမမှန်းမသိကဗျာ၊ ခြင်းကြားနဲ့ 
ရေသယ်ကဗျာ၊ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးကဗျာ၊
ခရု ခါးတောင်းကျိုက်ဖမ်းကဗျာ၊ ခတ်ကွင်းပြင်တာနဲ့ ရွာသစ်ကြီးရောက်ကဗျာ၊
ခဲမှန်ဖူးတဲ့ စာသူငယ်ကဗျာ၊ ချုံ အတွက် ယုန်က ကြောင့်ကြကဗျာ၊ ခွေးမြီးကောက်
ကျဉ်တောက်စွပ်ကဗျာ၊ခွေးရူးကောင်းစားတစ်မွန်းတည့်ကဗျာ၊ ချောင်းကိုပစ်၍
မြစ်ကိုရှာ ရေသာများ၍ငါးမတွေ့ ကဗျာ၊ ငါးသိုင်းများဟင်းဟုံကဗျာ၊ ငါ့သမီး
တော်လှဆို ယောင်းမမြင်းစီးထွက်ကဗျာ၊ ငါမွေးတဲ့မျောက် ငါ့ပြန်ခြောက်ကဗျာ၊
ငါးစိမ်းမြင် ငါးကင်ပစ်ကဗျာ၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ကဗျာ၊
စိန်နားကပ်ရောင်ကြောင့်ပါးပြောင်ကဗျာ၊ စိုင်ကော်လို့ ချုံပေါ်ရောက်ကဗျာ၊
ဆိတ်သေ ဆင်သားရေနဲ့ ဖုံးကဗျာ၊ ဆပ်ပြာကောင်းလို့ ခေါင်းပေါင်းဖြူကဗျာ၊
ဆန်ရင်းနာနာဖွပ်ကဗျာ၊ဆင်သတ်အရပ်ဝေကဗျာ၊ ဆင်ပြောင်ကြီး
အမြီးကျမှတစ်ကဗျာ၊ ဆင်ဖြူတော်မှီကြံစုပ်ကဗျာ၊ ဆရာများသားသေကဗျာ၊
ညောင်မြစ်တူးတော့ ပုတ်သင်ဥပေါ်ကဗျာ၊ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ကဗျာ၊
တစ်ရွာမပြောင်းသူကောင်းမဖြစ်ကဗျာ၊ တစ်စိပ် တစ်အိတ်လုပ်ကဗျာ၊ ဒီပုတ်ထဲက
ဒီပဲကဗျာ၊ ဒီအကွေ့ ဒီတက်နဲ့ လှော် ဟိုအကွေ့ ဟိုတက်နဲ့ လှော်ကဗျာ၊
ဒီယုန်မြင်လို့ ဒီချုံထွင်ကဗျာ၊ ပုံလုံတလှည့် ငါးဖျံတစ်လှည့်ကဗျာ၊ ပုရွက်ဆိတ်
လောင်ချာနဲ့ ထု နှံပြည်စုတ်အမြောက်နဲ့ ချိန်ကဗျာ၊ ပျားလည်းစွဲသာ ရှဥ့်လည်း
လျှောက်သာကဗျာ၊ ပြင်လွန်းတော့ ဖင်ချွန်းကဗျာ၊ ဘူးသီးမှ အရီးတော်ကဗျာ၊
ဘုရားလည်းဖူး လိပ်ဥလည်းတူးကဗျာ၊ မရွယ်ဘဲ စော်ကဲမင်းဖြစ်ကဗျာ၊
မပြည့်တဲ့အိုး ဘောင်ဘင်ခတ်ကဗျာ၊ မမြင်ဖူး မူးမြစ်ထင်ကဗျာ၊ မင်းသားကြီး
မလုပ်ရလို့ ပက်မကြီးထိုးဖောက်ကဗျာ၊ မြင်းကမလှုပ် ခုံကလှုပ်ကဗျာ၊
မျက်နှာကြီးရာဟင်းဖတ်ပါကဗျာ၊ မီးလောင်ရာလေပင့်ကဗျာ၊ မစားရတဲ့အမဲ
သဲနဲ့ ပတ်ကဗျာ၊ မြွေမသေတုတ်မကျိုးကဗျာ၊ ရေလိုက်ငါးလိုက်ကဗျာ၊
လှေနံ နှစ်ဖက်နင်းကဗျာ၊ သေချင်တဲ့ကျားတောပြောင်းကဗျာ၊
အိုးကမပူ စလောင်းကပူကဗျာ၊ အမြင်မတော် ဆင်တော်နဲ့ ခလောက်ကဗျာ၊
အပ်ဦးပဲ့ထမ်းကဗျာ၊ အဆီတဝင်းဝင်း သဲတရှပ်ရှပ်ကဗျာ၊
အမေကျော် ဒွေးတော်လွမ်းကဗျာ၊အိမ်ကြက်ချင်းအိုးမဲသုတ်ကဗျာ ……
လင်းလက်တာရာ
20.4.2014
No comments:
Post a Comment