Monday, January 22, 2018

ဘာအရေးလဲ




ဟေ့အချစ်
မင်းက ငါ့ကို အရေးမလုပ်ဘူး
မင်း အရေးမလုပ်တော့ရော ဘာအရေးလဲ
ငါ့ ရင် နဲ့ ငါ့ တိတ်တိတ်လေး ကြေကွဲမယ်
ငါ့ နှလုံးသားနဲ့ ငါ တိတ်တိတ်လေး မျက်ရည်ဝဲမယ်
လွမ်းလို့ ကြွေကျသွားတဲ့ သစ်ရွက်လေးလို
မြေဆွေးဖြစ်သွားတဲ့အထိ
တိတ်တိတ်လေး ဆွေးမယ်
ဘာအရေးလဲ


လင်းလက်တာရာ
22.1.2018

No comments:

Post a Comment