Live လွှင့်ခြင်း
____________
လူ့ အဖွဲ့အစည်းထဲ
လူမျိုးမရွေး၊ ဘာသာမရွေး
မြင်မြင်သမျှလိုက်add နေပုံပဲ
ထူးဆန်းတာက ငါလည်း မ add ငါလည်း accept မလုပ်မိဘဲ
ငါ့ friends list ထဲ ဘယ်လိုဘယ်ပုံ ရောက်နေမှန်းမသိ
ဒီထက်ပိုထူးဆန်းတာက
ငါ့ friends အားလုံးဟာလည်း သူ့  friends ဖြစ်နေ
နေ့စဉ်ရက်ဆက် ကြောက်မက်ဖွယ်ရာ Posts တွေ
အဆက်မပြတ်တင်တယ်
တချက်တချက် သည်းထိတ်ရင်ဖိုတွေ
လှမ်းလှမ်း tag တယ်
အခုလည်း နိုတီတက်လာ
ခင်ဗျားတို့ဆီမှာလည်း နိုတီတက်လာမှာပဲ
ဖွင့်ကြည့်မိသေးလား
လူလုပ်ငရဲက သွေးအေးအေးနဲ့ Live လွှင့်နေတာ
လူ့အဖွဲ့အစည်း ထဲ
လူလုပ်ငရဲက သွေးသံရဲရဲ Live လွှင့်နေတာ
ခင်ဗျား Like မိသေးလား
သူ့ကို လူ့အဖွဲ့အစည်းထဲကနေ Block ဖို့ ကြိုးစားကြတယ်
ခက်တာက သူ့ကို Block လို့မရ
လင်းလက်တာရာ
16-5-2017
(မင်းဘုန်းနိုင် ပေးတဲ့ခေါင်းစဉ်ကိုရေးပါတယ်)
No comments:
Post a Comment