ဘဝရထားကြီး ပျော်ပျော် စီး
..............................................
စီးကိုမစီးရဘူး
ငါကချည်း တွန်းလိုက် ထမ်းလိုက် ရုန်းလိုက် ရွေ့လိုက်
လက်ပံပွင့်လေးတွေရဲ့စျာပနကို
နွေက စလိုးမိုးရှင်းနဲ့ ပြတယ်
ကမ္ဘာက ပြချင်ရာနဲ့ ပြတယ်
ကဗျာက ဘာနဲ့မှ မပြဘူး
Mask တပ်ထား တဲ့ နိုင်ငံတော်က ပြောတယ်
Stay at Home တဲ့
ငါ့မှာမှ အိမ် မရှိဘဲ
ထွက်လာတဲ့ အတ္တနေက ပြန်မဝင်တော့ဘူး
သူ့ကိုယ်သူ ဓားမြှောင်တစ်ချောင်း အဖြစ်နဲ့
သူ့ကျောသူ အရသာရှိရှိ ပြန်ထိုးနေတဲ့ လူ့အဖွဲ့အစည်း
မိသားစုဟာ စုမနေဘူး
တစ်ယောက်တစ်မြေစီ ပြန့်ကျဲ
မျက်ရည်ဟာ ပုလဲဆိုရင် ငါက ကမာကောင်
မျက်လုံးတစ်ဖက်က ခဲရောင်ကိုမြင်ပြီး
တခြားတစ်ဖက်က ပန်းရောင်ကို မြင်တယ်
ငါ့စိတ်ဟာ ငါ့ဘူတာ ငါ့ခန္ဓာဟာ ငါ့ရထား
ငါ့သံလမ်းကတော့ ငါ့နှလုံးသား ပါပဲ
စီးမလား ဘေဘီ
လင်းလက်တာရာ
4.4.2020
No comments:
Post a Comment