နွေဦးဟာ ရူးလောက်စရာ
..........................................
ငယ်ငယ်က
လေဟုန်စီးနေတဲ့
သစ်ရွက်ခြောက်လေးကိုကြည့်ပြီး
ပျော်ခဲ့ဖူးတယ်
မြေပြင်ပေါ် ရှပ်တိုက်ပြေးနေတဲ့
သစ်ရွက်ခြောက်လေးကို ကြည့်ပြီး
ကြည်နူးခဲ့ဖူးတယ်
နွေဦးဟာ ရူးလောက်စရာပေါ့
နွေဦးဟာ တကယ်ရူးလောက်စရာပါပဲ
လေဟုန်စီးနေတဲ့ သစ်ရွက်ခြောက်လေးဟာ
ငါ ကိုယ်တိုင် ဖြစ်နေခဲ့ပြီ
မြေပြင်ပေါ် ရှပ်တိုက်ပြေးနေတဲ့
သစ်ရွက်ခြောက်လေးဟာ
ငါ ကိုယ်တိုင် ဖြစ်နေခဲ့ပြီ
မိသားစုအခက်အလက်ကနေ
ပြုတ်ထွက်လွင့်စင်ခဲ့ရတဲ့ နှလုံးသားသစ်ရွက်လေးမှာ
ရူးလောက်စရာ ဆွေးမြေ့နေရခြင်းတွေနဲ့
လင်းလက်တာရာ
Feb.2020
No comments:
Post a Comment