Monday, January 7, 2019

နေနဲ့နေကြာ

နေနဲ့ နေကြာ
................

ထူးထူးဆန်းဆန်း
နေရှိရာ အရပ်ကိုပဲ မျက်နှာမူတယ်
နေရှိရာဘက်ကိုပဲ ရှင်သန်ခြင်းတွေ လိုက်ရွေ့ တယ်

နေရောင်နဲ့ အစာချက်လုပ်ပြီး
နေရောင်နဲ့ အောက်ဆီဂျင်တွေ ထုတ်လုပ်တယ်

နေရောင်နဲ့ ထိရင် လန်းဆန်းနေပြီး
နေရောင်မရှိတော့ရင် ညှိုးနွမ်းသွားတတ်တဲ့ နေကြာပန်းကလေးဟာ ကိုယ်ပေါ့

ညီမ​လေးကတော့ နွေးထွေးအေးမြသော " နေ "

လင်းလက်တာရာ

No comments:

Post a Comment