Tuesday, April 21, 2015

မြင်​ချင်​​သောအရာ = မျက်​စိတဆုံးထက်​ ပိုကျယ်​​သော ရှု့ခင်းများ


ဘာ​တွေကပ်​ငြိပါလာမလဲ စိတ်​တဆုံးနှိုက်​ကြည့်​မိ အဖွင့်​လိုင်းထဲ
အစမှာတင်​ ​လေထဲက​နေ ​လေထီးနဲ့ ခုန်​ချလိုက်​သလို ကျလာတယ်
တချို့စာသား​တွေ​ လေထီးပွင့်​တယ်​ တချို့စာသား​တွေ ​လေထီးမပွင့်​ဘူး
တချို့စာသား​တွေက မိုးကျ​​ရွှေကိုယ်​ တချို့စာသား​တွေက ​လေယာဉ်​ပျက်​အပိုင်းအစလို
စာသား အချင်းချင်း နမ်းရှိုက်​ ထိုးကြိတ်​ တွန်းကန်​ ဆွဲငင်
သိမှုနယ်​​မြေကို ရှာ​ဖွေ ချဲ့ထွင်​ စာသားကိုလံဘ​တ်​များ
ဘာသာစကားဟာ ​ကျောက်​စိမ်းတွင်းကြီးဖြစ်​တယ်​ တူးကြ
တချို့စာသား​တွေကျ မီးများပြီး တူးသွားတယ်
တချို့စာသား​တွေကျ အမှည့်​လွန်​ပြီး ပုပ်​သွားတယ်
ပါးပြင်​​ပေါ်က ပါးကွက်​ကြား​လေးကမှတဆင့်​ မ​​ရောက်​ဖူးတဲ့ သနပ်​ခါးခြံကြီးကိုပါ ​မြင်​လိုက်​ရ
အနှစ်​၂၀ လုံးလုံး အချစ်​ဟာ နှလုံးသားထဲပုန်းခို​နေခဲ့ပါသတဲ့ မြင်​လား
ကြားလား နာရီ​တွေရဲ့ နာကျင်​စွာ ရီ(ရယ်​)​မောသံ
နေကြာပန်း​​လေးဟာ ​နေ​ရောင်​နဲ့ ဆက်​သွယ်​လာပါတယ်​ ​မွှေးမြ
အနှစ်​သာရဆီ​ရောက်​ဖို့ အခွံနံရံအထပ်​ထပ်​ ထွင်း​ဖောက်​ခဲ့ရ အနှစ်​နှစ်​အလလ
မင်းဦး​ခေါင်းထဲ သာ​နေတဲ့ လကို မြင်​ရသူအ​မှောင်​ဟာ ငါ
'​နေဝင်​​နေထွက်​'ဟာ မဟာ စွပ်​​ကြောင်းကြီးတစ်​ခု
နုငယ်​တဲ့အသိဥာဏ်​​တွေထဲ ရိုက်​ထည့်​ထားတဲ့ အ​ကြောက်​တရားသံမှိုကို ဆွဲနှုတ်​ပစ်​ရမယ်
'မုန်​တိုင်း​တွေဘယ်​​လောက်​ထန်​ထန် လူငယ်​ထုထဲ လွင့်​​နေတဲ့ အလံ
ပန်းတိုင်​မှာ ပန်းတိုင်းဖူးပွင့်​​နေတယ်​ ' မှာ ငါ​နေထိုင်​တယ်
မီးက ငါတို့ဆီ တိုးလာတဲ့လမ်းနဲ့
ငါတို့က မီးဆီ တိုးသွားတဲ့လမ်းကို ငါတို့ အသုံးပြုကြတယ်
အိမ်​ရဲ့ အပြင်​မှာ နှင်း​တွေတဖွဲဖွဲ အိမ်​ရဲ့အတွင်းမှာ မီးလျှံ​တွေ
ဘဝရဲ့အပြင်​မှာ မိုး​တွေတစိမ့်​စိမ့်​ ဘဝရဲ့အတွင်းမှာ တံလျှပ်​တွေ
အဆက်​အစပ်​မဲ့ စာသား​တွေလို အဖြစ်​အပျက်​​တွေ
အစက်​အ​ပျောက်​​တွေနဲ့ ​ဗြောက်​ထ​နေတဲ့ မြင်​ကွင်း​တွေ
တောင်​ရဲ့တစ်​ဖက်​ခြမ်းမှာ ချစ်​​မေတ္တာ မိသားစု နဲ့ ​ပျော်​ရွှင်​မှု
တောင်​တက်​လမ်းမှာ ဒုက္ခတရား အသားစားသတ္တဝါများ နဲ့ ​ထောင်​​ချောက်​များ
ဒီ​တောင်​ကို ​မောင်​မ​ကျော်​နိုင်​​တော့ဘူး ဆိုသူ​တွေကို ငါနဲ့အတူ ငါ​တွေ့တယ်
ဂန္ဒီလွှင့်​ပစ်​ခဲ့တဲ့ဖိနပ်​ကို စာအုပ်​တစ်​အုပ်​ထဲမှာ ငါ​တွေ့တယ်
လမ်း​တွေကို ထွင်​ရတာလည်း အရိုးများလွန်းတယ်
ငါ့ကိုထမ်းခဲ့တဲ့ပခုံး​တွေကို ငါပြန်​ထမ်းချင်​တယ်
လူ့သမိုင်းထဲ မြို့​တွေ မြစ်​​တွေ ​ပျောက်​သွားတာ
လူ့အဖွဲ့အစည်း​ထဲ ကန္တာရကြီးေ​တွပေါက်​လာတာ
အံ့ဖွယ်​ / အန်​ဖွယ်
တချို့နာမည်​​တွေက မစင်​လိုပဲ မြင်​တာနဲ့ ပျို့တက်
မိန့်​ခွန်း​တွေကို မုသား​တွေနဲ့ သီကုံးဖာ​ထေး​လို့ မဆုံးနိုင်​ကြ​သေး
ချောတိုင်​တက်​သလို ​လျှော​လျှောကျလာတဲ့ နိုင်​ငံ​ရေး​​တွေ
ငံလိုက်​တာ ထွီ!
တည်​​ဆောက်​​နေ့ ပြိုလဲည ဖွဲ့စည်းည ပြိုပျက်​နေ့
တဖြည်းဖြည်းပြုန်းပြုန်းလာတဲ့ အပြုံး​တွေ အ​ပျော်​​တွေ
ပျော့ပြဲရိရွဲ​နေတဲ့ မျက်​ရည်​​တွေ
ဘဏ်​ကထုတ်​လာတဲ့ အသစ်​ကျပ်​ချွတ်​​ငွေစက္ကူဟာ ပြဲသွားတယ်
အသက်​ဇီဝ​တွေလည်း အဖြဲခံ​နေရ
လူ့အခွင့်​အ​ရေး​တွေလည်း အဖြဲခံ​နေရ
အဖြူအမည်းဓာတ်​ပုံထဲက  ဝါးဓနိတဲ​လေး​တွေဟာ အခုပန်းဆိုးတန်းတဲ့
ပန်း​တွေကို အ​ရောင်​​တွေ​ဆိုးလာကြ အသားငါးသစ်​သီး​တွေထဲ ဓာတု​ဆေး​တွေထိုးလာကြ
လူထုထဲ အဆိပ်​​ငွေ့​တွေ ဖြန်းလာကြ
ငါတို့မှာ သမိုင်း​တွေနဲ့ ငါတို့မှာ မိုင်း​တွေနဲ့ ငါတို့မှာ မိုးလုံးမှိုင်း​နေတဲ့ စစ်​ရိပ်​စစ်​​ငွေ့​တွေနဲ့
စိုက်​ထားတဲ့သစ်​​စေ့​လေး အရွက်​တဖားဖားဖြစ်​လာတဲ့​နေ့ဟာ ကဗျာ​ရေးချင်​စရာ​ကောင်းမှာပါ
ကဗျာဆရာရဲ့ ခန္ဓာက​တော့ ပုပ်ပွ​ပျက်​စီးသွားပြီး
သူ့ခန္ဓာထဲက ကဗျာသစ်​ပင်​က​တော့ ​မြေကမ္ဘာမှာ စိမ်းလန်းကျန်​ရစ်​ခဲ့ပါတယ်
'Move Move' လို့ လှိုင်း​တွေက ငါတို့ကို​အော်​တယ်
စပယ်​ပင်​​လေး​ပေါ်မှာ ပွင့်​​နေတဲ့ပင်​လယ်
ငါတို့​ကျော​ပေါ်မှာ ကမ်း​ခြေဘယ်​နှခုစာပွင့်​​နေတဲ့ ဆား​တွေလဲ
လေထီးမပွင့်​တဲ့စာသား​တွေကို လက်​ခံရရှိပါတယ်
လေယာဉ်​အပိုင်းအစလိုစာသား​တွေလည်း လက်​ခံရရှိလိုက်​ပါတယ်
ကြေကွဲဝမ်းနည်းဖွယ်​ရာ​တွေဟာ ​ကိုလံဘတ်​အဖြစ်
လူသား​တွေကို ရှာ​ဖွေ​တွေ့ ရှိခဲ့ပါတယ်
တောင်​ရဲ့တစ်​ဖက်​အခြမ်းကို အမြန်​ ​ရောက်​ချင်​ပါပြီ
နာရီ​တွေရဲ့ နာကျင်​စွာ ရီ(ရယ်​)​မောသံကို နားနဲ့ဆက်​ဆက်​ ကြား​နေရပါပြီ
သံရည်​ပူ​တွေဆူပွက်​သံဟာ ခန္ဓာအိမ်​ထဲမှာ မြည်​​နေတယ်
ကုန်​ပြီလား ​မျှော်​လင့်​ချက်​ပင်​ကျရည်
မကုန်​နိုင်​မခမ်းနိုင်​ ​တစက်​စက်​ကျလာတဲ့ ဝဠ်​နာကံနာ​တွေ
မြူ​တွေ ဆိုင်းလာတယ်​ မြင်​ကွင်း​တွေ ​ဝေဝါးလာတယ်​ အနီးမှုန်​လား အ​ဝေးမှုန်​လား
အ​တွေးအ​ခေါ်ကန်းရင်​ လမ်း​တွေပါ​မှောက်​သွားမှာ
ခရီး​တွေ​ပါ ​မှောက်​သွားမှာ အသက်​အိုးအိမ်​​တွေပါ ​မှောက်​သွားမှာ
မျက်​စိတဆုံးထက်​ ပိုကျယ်​​သော ရှု့ခင်းများကိုသာ မြင်​ချင်​ပါသည်


လင်းလက်​တာရာ
21.4.2015

No comments:

Post a Comment