Thursday, July 18, 2019

အလုပ်ကြမ်းသမား

အလုပ်ကြမ်းသမား
.......................

ဟော့ဒီ ... ဟီးထနေတဲ့ တိုက်ကြီးကို
သူ့ချွေးတွေ သူ့ခွန်အားတွေ နဲ့ ဆောက်ခဲ့တာ
တော်ရုံ ငလျင်ဒဏ်တောင် ခံနိုင်တဲ့ အဆင့်မြင့်တိုက်ကြီးပေါ့

ယိုင်နဲ့ နေတဲ့
သူ့မိသားစုအိမ်အိုလေးကိုတော့ မထူမတ်နိုင်သေး
ဘဝဟာ ခဏခဏ ပြိုကျနေတုန်းပဲ
သူလည်း ဟီးထနေတဲ့ တိုက်ကြီးတွေကို
တစ်တိုက်ပြီး တစ်တိုက် ဆောက်နေရတုန်းပဲ

လင်းလက်တာရာ

No comments:

Post a Comment