ထရိုဂျန်မြင်းရုပ်တွေ
......................
ခင်ဗျားရော ခင်ဗျားဘဝထဲကို
ထရိုဂျန်မြင်းရုပ်တွေ ဘယ်နှကြိမ်တောင် ဆွဲသွင်းခဲ့ပြီးပြီလဲ
ခင်ဗျားရော တပါးသူဘဝတွေထဲကို
ထရိုဂျန်မြင်းရုပ်အဖြစ် ဘယ်နှကြိမ်တောင် ဝင်ရောက်ခဲ့ပြီးပြီလဲ
ကျွန်တော်တို့ ခေတ်မှာ
အပေါကြွယ်ဆုံးက ထရိုဂျန်မြင်းရုပ်တွေပဲ
လင်းလက်တာရာ
ဧပြီ၊ ၂၀၁၉
No comments:
Post a Comment