Thursday, September 21, 2017

ရှိတ်​စပီးယား မကြည့်​လိုက်​ရတဲ့ ပြဇာတ်​ ရှယ်​လီ မဖတ်​လိုက်​ရတဲ့ အချစ်​ကဗျာ

ရှိတ်​စပီးယား မကြည့်​လိုက်​ရတဲ့ ပြဇာတ်
ရှယ်​လီ မဖတ်​လိုက်​ရတဲ့ အချစ်​ကဗျာ
-----------------------------------------------


မင်းနှလုံးသားမှာ
အမုန်းတရားနဲ့ ချည်​ထားတဲ့ ခိုဖြူ​လေးကို
အ​တောင်​ မကျိုးခင်​ ခိုး လွှတ်​​ပေးလိုက်​မိ

အဲဒီအစား
ငါ့မျက်​ဝန်းမှာ ပျိုးထားတဲ့
နှင်းဆီပင်​​လေး​တွေကို နှုတ်​ပြီး
မင်း အဆုတ်​ထဲ ခိုး စိုက်​ထားလိုက်​ပါရဲ့

အချစ်​​ရေ...
သံလွင်​ခက်​ကို ကိုက်​ချီပျံသန်းလာတဲ့
ခိုဖြူ​လေးကို ​တွေ့ရဲ့မဟုတ်​လား
မင်း ဝင်​သက်​ထွက်​သက်​တိုင်းမှာလည်း
နှင်းဆီရနံ့​လေး​တွေ ​မွှေးပျံ့ လာရဲ့မဟုတ်​လား


#လင်းလက်​တာရာ
19.9.2017

No comments:

Post a Comment