Wednesday, February 11, 2015

ဖားကဖား အသံကအသံ

အသံ​ကြောင့်​ဖား​သေ။ အသံ​ကြောင့်​​တော့ ဖားတိုင်းမ​သေ။
အသံက အ​ရေးကြီးတာလား။ ဘာသာစကားက အ​ရေးကြီးတာလား။
ဖားက မိုးကို​အ​သေခံပြီးဖွဲ့ဆိုတယ်​။ ဖားက မိုးရာသီရဲ့အ​ကောင်းဆုံးကစားသမား။
ကိုယ်​​သေမတတ်​​ပြော​နေလည်း သူနားမလည်​ရင်​ သဲထဲ​ရေသွန်​ပဲ။
သူ​သေမတတ်​​ပြော​နေလည်း ကိုယ်​နားမလည်​ရင်​ အလကားပဲ။
ဖားဟာ ​မြေ​အောက်​​တော်​လှန်​​ရေး​ခေါင်း​ဆောင်​။ အ​နေအထိုင်​ကျစ်​လစ်​တယ်​။
အသံမရှိသူမှာ ဘာသာစကားလိုမလို။ အမူအရာ​တွေက အနက်​အဓိပ္ပါယ်​​တွေပဲ။
ဖားမှာအသံရှိတယ်​။ လူမှာအသံရှိတယ်​။ လူနဲ့တိရစ္ဆာန်​ကို ဘာသာစကား​တွေက
ခြားထားတယ်​။ လူလူချင်း​တောင်​ ဘာသာစကား​တွေက ခြားထားတယ်​။
ဖားမတစ်​​ကောင်​ဟာ ဥဥတဲ့အခါ ဥ​ပေါင်း နှစ်​​သောင်းဝန်းကျင်​​လောက်​ဥတယ်​။
မျက်​လုံးမှ​ပြော​သော အသံများ။ နှလုံးသားမှ ​ပြော​သော အသံများ။
အသံမှာ အ​ရောင်​အမျိုးမျိုးရှိတယ်​။ အသံမှာ ကီးအမျိုးမျိုးရှိတယ်​။
ဖားဥက​နေ ဖား​လောင်း၊ ဖား​လောင်းက​နေ ဖားတစ်​​ကောင်​ဖြစ်​ဖို့
ရက်​​ပေါင်း (၉၀) နီးပါးကြာတယ်​။ ​ခေတ်​​ပေါ်လား ​ခေတ်​ပြိုင်​လား မကွဲပြားတဲ့
ဖားတစ်​ပိုင်းငါးတစ်​ပိုင်းဘဝကိုလည်း ရုန်းကန်​ရင်​ဆိုင်​ခဲ့ရတယ်​။
တချို့အသံ​တွေက စပ်​ဆက်​​နေတယ်​။ တချို့အသံ​တွေက သီးခြားကွဲ/ခွဲထွက်​​နေတယ်​။
တချို့အသံ​တွေက ပြုလုပ်​ဖန်​တီးထားတာ။ တချို့အသံ​တွေက သဘာဝစစ်​စစ်​။
ဖားတစ်​​ကောင်​အဖြစ်​ရှင်​သန်​ဖို့ဆိုတာ လူတစ်​​ယောက်​ရှင်​သန်​ဖို့ထက်​ ခက်​ခဲ​နေမလား။
တချို့အသံ​တွေမှာ ဩဇာအာဏာရှိ။ တချို့အသံ​တွေမှာ ဩဇာအာဏာမရှိ။
ခေါင်း​လောင်းသံက ​ခေါင်း​လောင်းသံပဲ။ ​သေနတ်​သံက ​သေနတ်​သံပဲ။
ရယ်​သံက ရယ်​သံပဲ။ ငိုသံက ငိုသံပဲ။ အသံချင်းတူ​ပေမယ့်​ အသံချင်းမတူ။
တချို့အသံ​တွေက ​ရွှေ့ယူလို့မရ​လောက်​​အောင်​ အသားကျ​နေတယ်​။
ဖားဟာ ငါးရဲ့အစာလည်းဖြစ်​။ ​မြွေရဲ့အစာလည်းဖြစ်​။ ​ကြောင်​ရဲ့အစာလည်းဖြစ်​။
လူရဲ့အစာလည်းဖြစ်​။ ဖားဟာ အစာသက်​သက်​လား။ အစားခံသက်​သက်​လား။
အသံ​တွေက သိမှုကို တိုက်​ရိုက်​ဆက်​ဆံတယ်​။ အသံ​တွေက ကြိမ်​နှုန်းမြင့်​တုန်​ခါတယ်​။
ဆင်​တူယိုးမှားအသံ​တွေက အာရုံကို ​မှောက်​မှား​စေတယ်​။
ဘေးအမျိုးမျိုး ရန်​အသွယ်​သွယ်​နဲ့ ဖားကိုမှ တုံး​ပိ​လေခြင်း။
အသားကျ​နေတဲ့အသံ​တွေကို ​ပြောင်းပြန်​လှန်​ကြည့်​တဲ့အခါ။ ဥပမာ။
သင်​ဟာ အမျိုးသမီးဆိုပါစို့။ သင့်​အသံဟာ ​ယောက်ျားသံကြီးအဖြစ်​​ပြောင်းသွားမယ်​။
သင်​ဟာ အမျိုးသားဆိုပါစို့။ သင့်​အသံဟာ မိန်းမသံကြီးအဖြစ်​​ပြောင်းသွားမယ်​။
ရှော့ခ်​ရသွားပြီလား။ အသားကျ​နေတဲ့ ကဗျာကို ​ပြောင်းပြန်​လှန်​တဲ့အခါ။
အသံ​ကြောင့်​​တော့ ဖားတိုင်းမ​သေ။ ဖားရဲ့ ဆင့်​ကဲဖြစ်​စဉ်​တိုင်းမှာ ဖားဟာ အချိန်​မ​ရွေး
သေနိုင်​တယ်​။ ​အောင်​မြင်​တဲ့ ဖားတစ်​​ကောင်​အဖြစ်​ သင်​ ရပ်​တည်​နိုင်​ပါ့မလား။
အသံအချင်းချင်း သတ်​ဖြတ်​ခြင်း ကင်းရှင်းကြပါ​စေ။


လင်းလက်​တာရာ
14.8.2014


No comments:

Post a Comment