Wednesday, February 11, 2015

တလူလူလူနာ

ဗိုက်​မဆာဘူး၊ စိတ်​အဟာရ ဆာတယ်​။
လူနာဟာ ခုတင်​​ပေါ်က​နေ နံရံကို
ပြူတင်း​ပေါက်​တစ်​​ပေါက်​ လှမ်း​ဖောက်​​နေတယ်​၊ စိတ်​နဲ့ ။

ဆေးလုံး​တွေကို ကမ္ဘာကြီးပုံ စီထားတယ်​။
သွင်းလက်​စပိုက်​တန်းလန်းမှာ ​သွေးမြစ်​တစ်​မြစ်​စီး​နေတယ်​။
အာ​ခေါင်​​တွေ ကန္တာရ လို ​သွေ့ ​ခြောက်​ အက်​ကွဲ။
အော်​သံ​တွေ ဆာဟာရ လို အက်​ကွဲ ​သွေ့ ​ခြောက်​။
ညည ၊ ​ချောက်​ကမ်းပါးကြီးထဲ ပြုတ်​ပြုတ်​ကျ။

မျက်လုံး​တစ်​ဖက်​ဟာ ဘာသာ​ရေးစစ်​ပွဲထဲမှာ ကျန်​ခဲ့။
နှလုံးသားတစ်​ဖက်​ဟာ လူမှု့စစ်​ပွဲထဲမှာ ကျန်​ခဲ့။
ခြေ​​တောက်​တစ်​ဖက်​ဟာ နိုင်​ငံ​ရေးစစ်​ပွဲထဲမှာ ကျန်​ခဲ့။
ဦး​နှောက်​တစ်​ဖက်​ဟာ နည်းပညာစစ်​ပွဲထဲမှာ ကျန်​ခဲ့။

ဆေးရုံဟာ အနံ့ဆိုး​တွေ ထုတ်​လွှတ်​​နေတယ်​။
ဆေးရုံဟာ အသံဆိုး​တွေ ထုတ်​လွှင့်​​နေတယ်​။
ဆေးရုံဟာ အမြင်​ဆိုး​တွေ ထုတ်​လုပ်​​နေတယ်​။
ဘဝကြီးဟာ ​ဆေးရုံတစ်​ရုံပဲ။

ဆိုက်​​ရောက်​၊ ထွက်​ခွာ လမ်းမွှာ​တွေ တဖွဲဖွဲ။
လွယ်​ထမ်းရွက်​ထားရတဲ့ ဝန်​ထုပ်​ဝန်​ပိုး​တွေ တဖွဲဖွဲ။
တံဆိပ်​လှလှနဲ့ ဝဋ်​ဒုက္ခ​တွေ တဖွဲဖွဲ။
ထုတ်​ပိုးမှုမျိုးစုံနဲ့ အကုသိုလ်​​တွေ တဖွဲဖွဲ။

မျက်​ရည်​ပန်း​တွေ မနမ်းချင်​ဘူး။ ဆည်းလည်းသံ​လေး ပွင့်​​ပေးပါ။
လူနာဟာ စိတ်​နဲ့ ပြူတင်း​ပေါက်​​ ​ဖောက်​ထားတဲ့နံရံမှာ
ငှက်​တစ်​​ကောင်​ပုံ ထပ်​ဆွဲ​နေတယ်​၊ စိတ်​နဲ့ ။

ကမ္ဘာကြီးပုံ ​ဆေးလုံး​တွေ ပြန့်ကျဲသွား။
စီးလက်​စ ​သွေးမြစ်​တစ်​မြစ်​ ရပ်​တန့်သွား။
စိတ်​နဲ့ ​ဖောက်​ထားတဲ့ ပြူတင်း​ပေါက်​မှာ
စိတ်​နဲ့ ဆွဲထားတဲ့ ငှက်​တစ်​​ကောင်​ ပျံသန်းသွား။


လင်းလက်​တာရာ
11.9.2014



No comments:

Post a Comment