မဒမ်တူးဆော့ပြတိုက်ထဲက ဖယောင်းရုပ်တစ်ရုပ်ဟာ ငါဖြစ်နေတာ ထူးဆန်းအံ့ဩဖွယ်
ထူးဆန်းအံ့ဩဖွယ်ဟာ ရုတ်တရက် မြွေ တစ်ကောင်ဖြစ်သွားပြီး ငါ့ပေါင်ကြားမှာ လာခွေ
ငါ့ငယ်ပါကိုခဲထား ငါလန့်အော်မိ ငါ့အော်သံဟာ အက်ဒဝပ်မန့်စ်ရဲ့အော်သံနဲ့ဆိုင်မဆိုင်ငါမသိ
ငါ့ငယ်ပါကိုပဲ ငါအငမ်းမရ စမ်းကြည့်မိ တော်သေး ပုံမပျက်လို့ ငါ ရှူးပေါက်ချင်လာတယ်
ရှူးပေါက်ချင်စိတ်ဟာ အိုဘားမားစီးလာတဲ့ လေယာဉ်ကြီးဖြစ်သွား အများသုံးအိမ်သာဆီ
အရေးပေါ် ပျံသန်း လေယာဉ်မယ်လေးဟာ ငါ့ကောင်မလေးဖြစ်နေတာအံ့ဖွယ် ရုတ်တရက်
ငါ့ကောင်မလေးဟာ သစ်ရွက်တစ်ရွက်ဖြစ်သွား ငါ့ကို စိမ်းပြတယ် ဝါပြတယ် ရော်ပြတယ်
ခြောက်ပြတယ် ကြွေပြတယ် ငါတရားရလား မရလား ငါမသိ ငါ့ရှေ့ မှာတင် သူမဟာ
ပန်းသီးတစ်လုံး အဖြစ်ပြောင်းသွား  ငါ ဗိုက်ဆာဆာနဲ့ လှမ်းအယူ ပန်းသီးဟာ ငါ့လက်ကို
ကိုက်လိုက်တယ် ငါ့တစ်ကိုယ်လုံးကို လိုက်ကိုက်တယ် ငါလန့်ပြီး ခုန်ချလိုက်တာ အများသုံး
အိမ်သာထဲ တည့်တည့် ဒူးရွှန့်ရဲ့ အိမ်သာခွက်ကြီးလားလို့ ငါ ပွတ်သပ်ကြည့်မိတယ်
ငါ ပွတ်သပ်မိတဲ့ အိမ်သာခွက်ကြီးဟာ ငါ့မျက်ခွက်ကြီး ဖြစ်နေ ငါ့လန့်သွား ငါကြောက်သွား
ကြောက်လန့်လန့်ပြီး ငါ့သေးတွေဟာ ငါ့မျက်ခွက်ကြီးပေါ် ပန်းထွက်သွား မရပ်တော့ အံ့ဩစရာ
ငါ့သေးတွေဟာ ရေတံခွန်ကြီးတစ်ခုလို အဆက်မပြတ်စီးဆင်း သေးအားလျှပ်စစ်ကြီးတစ်ခုကို
ငါတည်ဆောက်ပစ်လိုက်တယ် တစ်မြို့လုံးလင်းထိန်သွား တစ်တိုင်းပြည်လုံးလင်းထိန်သွား
ကြည့်စမ်း အိပ်မက်ကလန့်နိုးလာတာတောင် မီးကမလာသေး မှောင်လိုက်တာ
လင်းလက်တာရာ
13.11.2014
 
No comments:
Post a Comment