Wednesday, February 11, 2015

ဝတ္ထု / ဝဠ်​ထု (၅)




အခန်း(၁)
မိုး​​ပေါ်ကို ​ရေသန့်​ဗူး​ကောက်​တဲ့ ​ကောင်​လေးတစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
ေ​မြပြင်ေ​ပါ် ပြန်​ကျလာတယ်

အခန်း(၂)
မိုး​ပေါ်ကို ​​ကောက်​စိုက်​သမ​လေး တစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
မြေပြင်​​ ​ပေါ် ပြန်​ကျလာတယ်

အခန်း(၃)
မိုး​ပေါ်ကို က​လေးစစ်​သား​လေး တစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
မြေပြင်​​ပေါ် ပြန်​ကျလာတယ်

အခန်း(၄)
မိုး​ပေါ်ကို ​ပျံကျဈေးသည်​မ​လေးတစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
မြေပြင်​​ပေါ် ပြန်​ကျလာတယ်

အခန်း(၅)
မိုး​ပေါ်ကို ​နေ့စားအလုပ်​သမား​လေးတစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
မြေပြင်​​ပေါ် ပြန်​ကျလာတယ်

အခန်း(၆)
မိုး​ပေါ်ကို သမ္မတကြီးတစ်​​ယောက်​ ​ဘောလုံးကို ​ထောင်​ကန်​လိုက်​တယ်
ပြန်​ကျမလာဘူး ၊ ​မြေပြင်​​ပေါ် ပြန်​ကျမလာဘူး

နောက်​ဆက်​တွဲ (၁)
လ​ပေါ်ကို ကျသွား​တာ များလား
နိုင်ငံပိုင်​​ငွေ​ကြေး​​တွေ သုံးပြီး လ​ပေါ်ကို တက်​ပြီးရှာ ၊ မ​တွေ့ 
စကြ၀ဠာ ဂိုးပိုက်​ကြီးထဲ ဝင်​သွားတာများလား
နိုင်​ငံပိုင်​ ဘဏ္ဍာ​တွေနဲ့  စကြ၀ဠာကြီးထဲ ဖြဲရဲရှာ ၊ မ​တွေ့ 
တစ်​လ ၊ နှစ်​လ ၊ သုံးလ ၊ ​လေးလ ၊ ငါးလ ၊
လများစွာကြာသွားတယ်​ ၊ မ​တွေ့ 

နောက်​ဆက်​တွဲ (၂)
မုန်​တိုင်းကြီး ကျလာမှပဲ
သစ်​ပင်​​ပေါ်မှာ တင်​​နေတဲ့ ​ဘောလုံးဟာ ပြုတ်​ကျလာ​တော့တယ်



လင်းလက်​တာရာ
10.10.2014

No comments:

Post a Comment