'ရေမွှေးနံ့ကို မကြိုက်'
ရေမွှေးဆွတ်ရတဲ့ အဓိပ္ပါယ်ကို ပိုလို့မကြိုက်
ရေမွှေးဆွတ်တိုင်းမမွှေးတဲ့ အရာတွေကို သိမြင်ပြီးကတည်းက ရေမွှေးမဆွတ်ချင်တော့
ရေမွှေးမဆွတ်လည်း မွှေးမြဲမွှေးနေတဲ့ အရာတွေကို သိမြင်ပြီးကတည်းက ရေမွှေးမဆွတ်ချင်တော့
သမ္မအာဇီဝရနံ့ကို ကြိုက်တယ်
ရေမွှေးနံ့ကို မကြိုက်
ရေမွှေးနံ့တွေဟာ ကျွန်တော့်ကို ခေါင်းကိုက်စေပါတယ်
စိတ်ကို ပျော်ရွှင်ကြည်နူးလွတ်လပ်စေတဲ့ ကိုယ်သင်းနံ့လေးရေ
လွမ်းတယ်
လင်းလက်တာရာ
No comments:
Post a Comment