'ပဒုမ္မာကြာ '
ဝတ်ဆံက မွှေးပျံ့တယ် ပျားပိတုန်းတွေကို ပျော်ရွှင်စေတယ်
အပွင့်က အဆင်းလှတယ် ဘုရားပန်းကပ်လှူလို့ရတယ်
အရွက်က ရေခပ်သောက်လို့ရတယ် ထမင်းထုပ်လို့ရတယ် ထီးကလေး လုပ်လို့ရတယ်
အစေ့နဲ့အမြစ်က စားလို့ရတယ် အာဟာရဖြစ်စေတယ်
အရိုးက မသိုးသင်္ကန်းရက်လုပ်လို့ရတယ်
ပဒုမ္မာကြာ
သူရှိတဲ့ ရေကန်ဟာ သာယာတယ်
တင့်တယ်တယ် ကျက်သရေ ရှိတယ်
လူ့ဘဝကြီးမှာ ငါဟာ ပဒုမ္မာကြာလို ဖြစ်ချင်ခဲ့
လူ့ဘဝကြီးမှာ ငါဟာ ပဒုမ္မာကြာလို မဖြစ်နိုင်သေး
လင်းလက်တာရာ
19.1.2014
No comments:
Post a Comment