Monday, January 5, 2015

ယ​နေ့ - ၁၅

မျက်​ရည်​ထုတ်​လုပ်​​ရေးစီမံကိန်းများ
ပဋိပက္ခ ​မွေးမြူ​ရေးလုပ်​ငန်းများ
အာရုံလွှဲအ​ပေါစားဇာတ်​ကွက်​များ
တ​မြေ့​မြေ့လှိုက်​စား​နေ​သော ကင်​ဆာများ
အနာစိမ်းလို ပြည်တည်​​​နေ​သော ပြည်​သူပြည်​သားများ
ပဲ့နင်းဦး​ထောင်​ ဦးနင်းပဲ့​ထောင်​နိုင်​ငံ​ရေးများ
ရှော့ခ်​ဖြစ်​​နေ​သော ဆင်းရဲသား​လျော့ချ​ရေးများ
ကျောသားရင်​သားမခွဲခြား​ ဘာဘီကျု့ လုပ်​စားခြင်းများ
ချစား​နေ​သော နန်း​တော်​သစ်​ကြီးများ
တရုတ်​ဖြစ်​​ဆိုင်​ကယ်​လို ​သေချင်းဆိုးများ
လောက်​တဖွားဖွားအာဏာများ
တွေးမိတိုင်းအရိုးနာသည်​များ

လှေ​ပေါက်​ကြီးကို ​လှော်​ရင်းခတ်​ရင်း ဖာ​​ထေး​နေရခြင်း၌
တဖြည်းဖြည်းကန်းလာ​သော ကမ်း

No comments:

Post a Comment