Wednesday, January 14, 2015

ယ​နေ့ - ၄၅

အ​ဆောက်​အဦးကြီးထဲမှာ ပိတ်​မိ​နေတဲ့ စိတ်​​တွေ

ဂိတ်​​တွေကို ဖြတ်​ပြီး စိတ်​တစ်​ခုက စိတ်​တစ်​ခုကို လာ​တွေ့ လိမ့်​မယ်​လို့ 
စိတ်​တစ်​ခုက ​မျှော်​လင့်​မထားဘူး
ပိန်​သွားတဲ့ ခန္ဓာကိုယ်​ ၊ ​ချောင်​ကျသွားတဲ့ မျက်​နှာ ၊ ​အားငယ်​ ​ဖျော့​တော့ နေတဲ့ မျက်​လုံး
အမြဲတမ်းဖူးပွင့်​​နေကျ အပြုံး​လေး​တောင်​ ကွယ်​​ပျောက်

တစ်​​ယောက်​နဲ့ တစ်​​ယောက်​မြင်​​နေရ​ပေမယ့်
တစ်​​ယောက်​ပခုံးကို တစ်​​ယောက်​ ​ပြေးဖက်​လို့မရ
တစ်​​ယောက်​ကို တစ်​​ယောက်​ မြင်​​နေရ​ပေမယ့်
တစ်​​ယောက်​အသံကို တစ်​​ယောက်​မကြားရ

တစ်​​ယောက်​နဲ့ တစ်​​ယောက်​ကြားမှာ မှန်​နံရံကြီး ခြား
မှန်​နံရံကြီးရဲ့ အတွင်းအပြင်​ တယ်​လီဖုန်းခွက်​ နှစ်​ခုက​နေ
တစ်​​ယောက်​အသံကို တစ်​​ယောက်​ နားစိုက်​​ထောင်​ရ
စက္ကန့်​ ၃၀၀ ဟာ ​ပြောစရာ​တွေနဲ့ မ​လောက်​ဘူး

ကျန်းမာ​ရေး သိပ်​မ​ကောင်းဘူး ​ပြောတယ်
စားတာ​သောက်​တာ အဆင်​မ​ပြေဘူး ပြောတယ်
အိမ်​ကိုလည်း အသိမ​ပေးချင်​ဘူး ​ပြောတယ်
အ​မေ့ကို စိုးရိမ်​တယ်​လည်း ပြောတယ်
ဖုန်းနံပါတ်​​တွေ အလွတ်​မရဘူး ​ပြောတယ်
ဒီထဲမှာ ဘဝတူ​တွေ အများကြီးလို့ ​ပြောတယ်
သူ​ဌေးက​ရော ဘာမှမလုပ်​​ပေးဘူးလား  ​ပြောတယ်
ပါမစ်​အတုကပ်​​ပေးတဲ့ ​အေးဂျင့်​ကို သတ်​​​ချင်​တယ်​လို့ ​ပြောတယ်
မထူး​တော့ပါဘူး ဆိုတာလည်း ​ပြောတယ်
သိပ်​ ပူမ​နေပါနဲ့ လို့​လည်း ပြောတယ်
ပြောလို့မကုန်​​သေးခင်​မှာပဲ အချိန်​​စေ့ပြီလို့ အ​စောင့်​ကလာ​ပြောတယ်

ခတ်​ထားတဲ့ လက်​ထိပ်​ကို မကြည့်​ရက်​ဘူး
ဝတ်​ထားတဲ့ ယူနီ​ဖောင်းကို မကြည့်​ရက်​ဘူး
နှုတ်​ဆက်​ ထွက်​ခွာလာရတဲ့ ​ကျောပြင်​မှာ ကပ်​ပါလာတဲ့ မျက်​ဝန်းတစ်​စုံ
ရင်းဂစ်​​တွေကို ဖြဲပစ်​ချင်​တယ်


လင်းလက်​တာရာ









No comments:

Post a Comment