Saturday, January 10, 2015

ယ​နေ့ - ၃၈



ငါ့​နေ့စဉ်​ထုတ်​သတင်းစာမှာ
ငါ့​မ​ကောင်း​ကြောင်း​တွေ ငါဘယ်​​တော့မှမထည့်
ငါ့​​ကောင်း​ကြောင်း​တွေကို ပိုပိုသာသာ ထည့်
ငါ့အာ​ဘော်​ကို ထင်​သာမြင်​သာထည့်
ငါ့ရုပ်​ပုံလွှာကို အထူးပြုလုပ်​ချက်​နဲ့ ထည့်
ငါ့ကို ​မြှောက်​စားကပ်​ဖားတာ​တွေ ထည့်
ငါ့လုပ်​ရပ်​​ကို ​ထောက်​ခံတာ​တွေ ထည့်
ငါ့ကို ကြည်​ညို​လေးစားသူ​တွေ ထည့်
ငါ့ကိုအ​ရောင်​လက်​​စေမယ့်​ ဟိုက်​လိုက်​​တွေ ထည့်
ငါ့ကိုထိခိုက်​​စေ​တာ​တွေ ဖြတ်
ငါ့ဂုဏ်​သိက္ခာကို ညစ်​ညမ်း​စေတာ​တွေ ဖြတ်
ငါ့ကို ဆန့်​ကျင်​တဲ့ အ​ကြောင်းအရာ​တွေ ဖြတ်
ငါ့ကို ​စော်​ကားသူ​တွေ ဖြတ်
ငါ့ကို တိုက်​ခိုက်​သူ​တွေ ဖြတ်
ငါနဲ့မတူ ငါ့ရန်​သူ​တွေ ဖြတ်
ငါ့ကို ခတ်​တဲ့ ကြက်​​ခြေတွေ ဖြတ်
သတင်းစာဆိုတာ အလင်းဖြစ်​ရမယ်
သတင်းစာဆိုတာ ပြတင်း​ဖြစ်​ရမယ်
အဲဒီအတင်းအဖျင်းတွေပါ ဖြတ်
ငါက အ​မှောင်​​ခေတ်​ရဲ့ ​နေ့စဉ်​ထုတ်​ သတင်းစာ
ငါ့စကား ငါ့​သတင်းစာမှာတည်​​စေ




လင်းလက်​တာရာ




No comments:

Post a Comment