Monday, January 5, 2015

ယ​နေ့ - ၁၇


ခွေးတစ်​​ကောင်​ ကားလမ်းကို အ​ကြာက်အလန့် မရှိ ဖြတ်​ကူးသွားတဲ့ ​နေ့ခင်း
နေ့​ခြောက်​ကြီးမှာ ပလက်​​ဖောင်း​ပေါ် ကွန်​ကရစ်​ ဓာတ်​တိုင်​လို ငါ ငြိမ်​သက်
ရပ်​​နေတုန်း ဓာတ်​ကြိုး​ပေါ်က ငှက်​တစ်​​ကောင်​ ​ခေါင်း​ပေါ် မစင်​စွန့်ချလိုက်​မှ
ငါ့ပစ္စက္ခကို ငါပြန်​လည်​သတိဝင်​ ငါ့​ကိုယ်​ပေါ်က အစွန်းအထင်းကို သုတ်​သင်
ငါ့စိတ်​ထဲက အညစ်​အ​ကြေး ကို ရှင်းလင်း ဝါစိမ်းနီ မြို့ပြအရှုပ်​အ​ထွေးကြီးထဲ
ငါ့ ယဉ်​​ကျေးမှု နဲ့ငါ ငါ့ချစ်​ခြင်း​မေတ္တာနဲ့ငါ ရဲဝံ့စွာ ဖြတ်​ကူးလိုက်​ပုံ ဂယ်​လာရီ




လင်းလက်​တာရာ

No comments:

Post a Comment