Tuesday, January 6, 2015

ယ​နေ့ - ၃၂

ပွဲက ပြီးသွားပြီ
ပွဲက မပြီး​သေး
မ​သေ​သေးတဲ့မီး​တွေ

ဘယ်​သူက ဗီ​လိန်
ဘယ်​သူက မင်းသား
ဇာတ်​တူသားစားကြသူများ
ဇာတ်​ရည်​​လည်းလည်​ခဲ့ပြီ
မျက်​ရည်​လည်းလည်​ခဲ့ပြီ

ဇာတ်​​ခေါင်းဟာ အချိန်​မ​ရွေးကွဲနိုင်
ဇာတ်​​ခေါင်းဟာ အက်​ရာကြီးနဲ့

ကားလိပ်​ကြီး ပွင့်​လာပုံနိုင်​ငံ​တော်
ကားလိပ်​ကြီး ကျသွားပုံနိုင်​ငံ​တော်

ပွဲ​တော်​ပြီး​တော့
ပွဲ​တော်​ကို ​ထပ်​​မျှော်​ကြ



လင်းလက်​တာရာ




No comments:

Post a Comment