ဆောင်မနက်ခင်းတစ်ခင်း မှာ လို့ ဆိုပါစို့
အရွယ်အစားတူအမျိုးအစားတူ သစ်တုံးနှစ်တုံးရှိတယ်လို့ ဆိုပါစို့
တစ်ယောက်သောသူက သစ်တုံးတစ်တုံးကို ထင်းစိုက်ပြီး မီးလှုံတယ် လို့ ဆိုပါစို့
တစ်ယောက်သောသူကတော့ အအေးဒဏ်ကို အံတု
သစ်တုံးတစ်တုံးကို ပန်းပုထုနေတယ်လို့ ဆိုပါစို့
ဆိုပါစို့
အရွယ်အစားတူ အမျိုးအစားတူ သစ်တုံးနှစ်တုံးဟာ ပြည်သူပြည်သားတွေလို့ ဆိုပါစို့
သမ္မတကြီးကရော အအေးဒဏ်ခံနိုင်ပါ့မလား
နှင်းကွဲချိန်ကရော ပျော်စရာကောင်းပါ့မလား
လင်းလက်တာရာ

No comments:
Post a Comment