စာကြည့်စားပွဲပေါ်က မီးသီးကို သမ္မတ လို့ နာမည်ပေးလိုက်တယ်
မကြာဘူး သမ္မတ လို့ နာမည် ပေးထားတဲ့ မီးသီးဟာ ကျွမ်းသွား
အရည်အသွေးမမီတဲ့ သမ္မတ ဆိုတော့ မြန်မြန် ကျွမ်းတာပေါ့
အညံ့စား သမ္မတ ဆိုတော့ မြန်မြန် ကျွမ်းတာပေါ့
စာကြည့်စားပွဲဟာ အမှောင်ကျသွား
အမှောင်ထဲမှာ ကမ္ဘာကြီးကို မမြင်ရ
ရှု့မျှော်ခင်းတွေကို မမြင်ရ
မြင်နိုင်သမျှအရာတွေကို မမြင်ရ
ကျွမ်းနေတဲ့ သမ္မတကို ဖြုတ်ပြီး အသစ်လဲလှယ်တပ်ဆင်ရမယ်
အရည်အသွေးမြင့် သမ္မတ ကို ရွေးချယ်တပ်ဆင်ရမယ်
ဒါမှ စာကြည့်စားပွဲဟာ ညတိုင်း လင်းနေမှာ
လင်းလက်တာရာ
6.5.2015
 
No comments:
Post a Comment